ခိုးမှုဖြင့် မသင်္ကာ၍ ဖမ်းဆီးရမိထားသည့် အမျိုးသားအား လူသတ်မှုဖြင့်ပါ ထပ်မံ သံသယရှိ၍ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေ

ခိုးမှုဖြင့် မသင်္ကာ၍ ဖမ်းဆီးရမိထားသည့် အမျိုးသားအား လူသတ်မှုဖြင့်ပါ ထပ်မံ သံသယရှိ၍ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေ
ဇနျနဝါရီ 31, 2018
By Tachileik News Agency


ခိုးမှုဖြင့် မသင်္ကာ၍ ဖမ်းဆီးရမိထားသူ အမျိုးသားတစ်ဦးအား ဇန်န၀ါရီလ(၂၀)ရက်နေ့က ဖမ်းဆီးရမိထားခြင်း ဖြစ်ပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံထားရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အမျိုးသားအား သံသရှိသည့်အတွက် ဆက်လက်၍ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။



လူသတ်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်အစောပိုင်းက ကျောက်မဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ နယ်မြေ(၄)၌၊ အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ၎င်းနေထိုင်ရာ နေအိမ် ခြံဝန်းအတွင်းရှိ အိမ်သာအတွင်း၌ ပက်လက်လန်နေသည့် အနေအထားဖြင့် သေဆုံး နေခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာ နေအိမ်အခန်း အတွင်း၌ ပွင့်နေသည့် သေတ္တာတစ်လုံးအတွင်းမှ ငွေသား ကျပ် သိန်း(၄၀)ခန့်နှင့် ရွှေလက်စွပ် (၃)ကွင်းတို့ကို အခင်းဖြစ်ပွားသည့်နေ့တွင် တွေ့ရှိခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်၍ အမှုကျူးလွန်သူဟု ယူဆရသူကို ရက်(၅၀) အကြာတွင် စစ်ဆေးဖေါ်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း -  နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲမြို့တွင် ခိုးမှုဖြင့် မသင်္ကာ၍ ဖမ်းဆီးရမိထားသည့် အမျိုးသားတစ်ဦးအား စစ်ဆေးမှုများ ပြုလုပ်ရာ လူသတ်မှုကျူးလွန်ကြောင်း ထပ်မံ သံသယရှိရသည့်အတွက် ကျောက်မဲမြို့မရဲတပ်ဖွဲ့က ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ခိုးမှုဖြင့် မသင်္ကာ၍ ဖမ်းဆီးရမိထားသူ အမျိုးသားတစ်ဦးအား ဇန်နဝါရီလ(၂၀)ရက်နေ့က ဖမ်းဆီးရမိထားခြင်း ဖြစ်ပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံထားရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အမျိုးသားအား သံသရှိသည့်အတွက် ဆက်လက်၍ စစ်ဆေးနခြေင်း ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီအမျိုးသားကို ဇန်နဝါရီ (၂၀) ရက်နေ့က အခြား ခိုးမှုတစ်ခုနဲ့ ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးတာ၊ စစ်ဆေးရင်းနဲ့မှ ဒီဇင်ဘာလတုန်းက ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးသေဆုံးမှုနဲ့ ပတ်သက်နေတယ်ဆိုတာကို တွေ့ရှိရတာ ဖြစ်ပါတယ်၊ အခုတော့ အဲ့ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သေချာ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ခိုးမှုဖြင့် မသင်္ကာ၍ ဖမ်းဆီးရမိထားသည့် အဆိုပါ အမျိုးသားသည် လူသတ်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့မှု ဟုတ် မဟုတ်အား ဆက်လက်၍ အသေးစိတ် စစ်ချက်ရယူနေဆဲ ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲမြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရှိသည်။

လူသတ်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်အစောပိုင်းက ကျောက်မဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ နယ်မြေ(၄)၌၊ အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်၎င်းနေထိုင်ရာ နေအိမ် ခြံဝန်းအတွင်းရှိ အိမ်သာအတွင်း၌ ပက်လက်လန်နေသည့် အနေအထားဖြင့် သေဆုံး နခြေင်းဖြစ်ပြီး အခင်းဖြစ်ပွားရာ နေအိမ်အခန်း အတွင်း၌ ပွင့်နေသည့် သေတ္တာတစ်လုံးအတွင်းမှ ငွေသား ကျပ် သိန်း(၄၀)ခန့်နှင့် ရွှေလက်စွပ် (၃)ကွင်းတို့ကို အခင်းဖြစ်ပွားသည့်နေ့တွင် တွေ့ရှိခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်၍ အမှုကျူးလွန်သူဟု ယူဆရသူကို ရက်(၅၀) အကြာတွင် စစ်ဆေးဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~