မိုင်းဆတ်မြို့ ကောင်းမှုလျှံကျောင်းတိုက်တွင် အသစ် တည်ဆောက်မည့် ဓမ္မာရုံအတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်

မိုင်းဆတ်မြို့ ကောင်းမှုလျှံကျောင်းတိုက်တွင် အသစ် တည်ဆောက်မည့် ဓမ္မာရုံအတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်
ဇနျနဝါရီ 14, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ကောင်းမှုလျှံကျောင်းတိုက်တွင် အသစ် တည်ဆောက်မည့် ဓမ္မာရုံအတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ပြီးကြောင်း နှင့် အဆိုပါ ဓမ္မာရုံအတွက် အလှူရှင်များ အနေဖြင့် ဆက်သွယ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။


အသစ်ဆောက်လုပ်မည့် ဓမ္မာရုံသည် အလျား (၁၁၀)ပေနှင့် အနံ (၄၅)ပေရှိမည်ဖြစ်ပြီး အမြင့်မှာ (၂၁)ပေ သတ်မှတ်ထားရာ ဓမ္မာရုံအမြန်ဆုံး ပြီးမြောက်ရန်အတွက် အလှူရှင်များ လိုအပ်နေရာတွင် စေတနာရှင် အလှူရှင်များ အနေဖြင့် ပါဝင်လှူဒါန်းလိုပါက မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက် ကောင်းမှုလျှံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇနိန္ဒ၊ ဖုန်း- ၀၉၄၂၈၂၃၄၁၂၆ နှင့် ဦးစိုင်းလျှံ ဖုန်း-၀၉၂၅၃၄၅၄၈၆၃
   


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ကောင်းမှုလျှံကျောင်းတိုက်တွင် အသစ် တည်ဆောက်မည့် ဓမ္မာရုံအတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ပြီးကြောင်း နှင့် အဆိုပါ ဓမ္မာရုံအတွက် အလှူရှင်များ အနဖြေင့် ဆက်သွယ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

ကောင်းမှုလျှံကျောင်းတိုက်အတွင်း အသစ်တည်ဆောက်မည့် ဓမ္မာရုံအတွက် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားအား ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ မိုင်းဆတ်မြို့နယ် သံဃာ့နာယက ဥက္ကဌ ဘဒ္ဒန္တတေဇောဘာသ နှင့် ပင့်ဖိတ်ထားသည့် ဆရာတော် သံဃာတော်များ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးလှိုင်လင်းကျော်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် ဌာနဆိုင်ရာများမှ တက်ရောက်ကြောင်း သိရသည်။

အသစ်ဆောက်လုပ်မည့် ဓမ္မာရုံသည် အလျား (၁၁၀)ပေနှင့် အနံ (၄၅)ပေရှိမည်ဖြစ်ပြီး အမြင့်မှာ (၂၁)ပေ သတ်မှတ်ထားရာ ဓမ္မာရုံအမြန်ဆုံး ပြီးမြောက်ရန်အတွက် အလှူရှင်များ လိုအပ်နေရာတွင် စေတနာရှင် အလှူရှင်များ အနဖြေင့် ပါဝင်လှူဒါန်းလိုပါက မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက် ကောင်းမှုလျှံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇနိန္ဒ၊ ဖုန်း- ဝ၉၄၂၈၂၃၄၁၂၆ နှင့် ဦးစိုင်းလျှံ ဖုန်း-ဝ၉၂၅၃၄၅၄၈၆၃
ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~