RCSS/SSA ထိပ္သီးေခါင္းေဆာင္ မ်ားအတြက္ JMC ဆိုင္ရာ သိေကာင္းစရာမ်ားႏွင့္ အလုုပ္ရံုုေဆြးေႏြးပြဲ လြိဳင္တိုင္းလ်န္တြင္ က်င္းပ

RCSS/SSA ထိပ္သီးေခါင္းေဆာင္ မ်ားအတြက္ JMC ဆိုင္ရာ သိေကာင္းစရာမ်ားႏွင့္ အလုုပ္ရံုုေဆြးေႏြးပြဲ လြိဳင္တိုင္းလ်န္တြင္ က်င္းပ
ဇန်နဝါရီ 28, 2018
By Tachileik News Agency

RCSS/SSA ထိပ္သီးေခါင္းေဆာင္မ်ားအတြက္ ပစ္ခတ္တိုုက္ခတ္မႈ ရပ္စဲေရးဆိုုင္ရာ ပူးတြဲေစာင့္ၾကည္႕ေရး ေကာ္မတီႏွင့္ ပါတ္သက္သည့္ သိေကာင္းစရာမ်ားနွင့္ အလုုပ္ရံုု ေဆြးေႏြးပြဲ ကိုု ၂၀၁၈ ခုုနွစ္ ဇန္န၀ါရီလ ၂၇ ရက္မွ ၂၉  ရက္ေန႕အထိ လြိဳင္တိုုင္းလ်န္တြင္ (၃) ရက္တာ က်င္းပေနေၾကာင္း သိရသည္။

"လိုုခ်င္တဲ့ ၿငိမ္းခ်မ္းေရးပံုုစံ ရရွိေအာင္ တျဖည္းျဖည္းျခင္း ညိႇႏိႈင္းၿပီး လုုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ RCSS အေနနဲ႔ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေပၚကိုု ေလ်ွာက္လွမ္းလိုုတဲ့ အတြက္ NCA စာခ်ဳပ္ခ်ဳပ္ဆိုုခဲ့တာ ျဖစ္လိုု႕  အခက္အခဲေတြ ရွိရင္လည္း မျဖစ္ျဖစ္ေအာင္ လုုပ္ေဆာင္မယ္ ဆိုုတဲ့ သေဘာထားနဲ႕ ညိႈႏိႈင္း လုုပ္ေဆာင္သြားဖိုု႕ တိုုက္တြန္းလိုုပါတယ္"ဟု ေဆြးေႏြးပြဲ ပထမေန႕တြင္ RCSS/SSA ဒုုဥကၠဌ (၁) က အဖြင့္အမွာစကားတြင္ ထည့္သြင္း ေျပာၾကားသည္။

ေဆြးေႏြးပြဲ ဒုုတိယေန႔တြင္ RCSS/SSA မွ ဗိုုလ္ခ်ဳပ္ေဘာင္ေခး က အဖြင့္အမွာစကား ေျပာၾကားခဲ့ရာတြင္  ယခင္က NCA လက္မွတ္ မထိုးမီ တိုက္ပြဲေပါင္းမ်ားစြာ ျဖစ္ခဲ႔ၾကရာတြင္ ျဖစ္စဥ္တိုုင္း ျပည္သူလူထုုက အဓိက အထိနာခဲ့ၾကရေၾကာင္း ထည့္သြင္းေျပာၾကားသြားသည္။

 "ဒီေန႕မွာေတာ့ NCA စာခ်ဳပ္ခ်ဳပ္ဆိုုျပီးတဲ့အခါမွာ ေအာင္ျမင္မႈကိုု အဓိပၺါယ္ဖြင့္ဆိုု တာက ေျမျပင္ေပၚမွာ မဟုုတ္ေတာ့ဘဲ စားပြဲေပၚမွာ ဘယ္လိုု ေအာင္ျမင္စြာ ညိႈႏိႈင္းႏိုုင္သလဲ ဆိုုတဲ့အေပၚမွာ မူတည္ျပီး တိုုင္းတာသြားမွာ ျဖစ္တယ္။ တစ္ခ်ိဳ႕က NCAစာခ်ဳပ္ ခ်ဳပ္ဆိုုတာကိုု အေလ်ာ့ေပးလိုုက္တယ္လိုု႕ ထင္ေကာင္းထင္မယ္။ တကယ္ေတာ့ ပုုခံုုးျခင္းယွဥ္ၿပီး ေဆြးေႏြးညိႈႏိႈင္းတဲ့ အေနအထားတစ္ခုုကိုု ယူလိုုက္တာဘဲ ျဖစ္ပါတယ္။ ျငိမ္းခ်မ္းေရး လမ္းေၾကာင္းမွာ JMC က အေရးၾကီးတဲ့ လမ္းေၾကာင္းတစ္ခုု ျဖစ္တာေၾကာင့္ တက္ေရာက္ လာသူ အားလံုုး နားေထာင္ျပီး မတက္ေရာက္ႏိုုင္တဲ့ ကိုုယ့္ရဲ႕ လက္ေအာက္ ငယ္သားေတြကိုု ထပ္မံရွင္းလင္းသြားႏိုုင္ဖိုု႕တိုုက္တြန္းပါတယ္" ဟု RCSS/SSA မွ ဗိုုလ္ခ်ဳပ္ေဘာင္ေခး က တိုက္တြန္းသြားသည္။

အလုုပ္ရံုုေဆြးေႏြးပြဲကိုု JMC-U၊ JMC-S ႏွင့္ JMC-L မွ RCSS/SSA ကိုုယ္စားလွယ္မ်ားမွ ဦးေဆာင္ တင္ျပခဲ့ရာ RCSS/SSA ၏ ဌာနအသီးသီးႏွင့္ တပ္အသီးသီးမွ တက္ေရာက္ သူမ်ားႏွင့္ JMC ၏ နည္းပညာအေထာက္အကူျပဳ ရံုုးအဖြဲ႕မွ စုုစုုေပါင္း (၁၀၅) ဦးခန္႕ ပါ၀င္ တက္ေရာက္ေနေၾကာင္း သိရသည္

သတင္း - အင္မိုင္ခ
ဓါတ္ပံု #JCMC


~~~~~~~~⊰❂ unicode ~~~~~~~~

RCSS/SSA ထိပ်သီးခေါင်းဆောင်များအတွက် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် ပါတ်သက်သည့် သိကောင်းစရာများနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ လွိုင်တိုင်းလျန်တွင် (၃) ရက်တာ ကျင်းပနေကြောင်း သိရသည်။

"လိုချင်တဲ့ ငြိမ်းချမ်းရေးပုံစံ ရရှိအောင် တဖြည်းဖြည်းခြင်း ညှိနှိုင်းပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ RCSS အနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလိုတဲ့ အတွက် NCA စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်လို့ အခက်အခဲတွေ ရှိရင်လည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်မယ် ဆိုတဲ့ သဘောထားနဲ့ ညှိုနှိုင်း လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်"ဟု ဆွေးနွေးပွဲ ပထမနေ့တွင် RCSS/SSA ဒုဥက္ကဌ (၁) က အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် RCSS/SSA မှ ဗိုလ်ချုပ်ဘောင်ခေး က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ယခင်က NCA လက်မှတ် မထိုးမီ တိုက်ပွဲပေါင်းများစွာ ဖြစ်ခဲ့ကြရာတွင် ဖြစ်စဉ်တိုင်း ပြည်သူလူထုက အဓိက အထိနာခဲ့ကြရကြောင်း ထည့်သွင်းပြောကြားသွားသည်။

 "ဒီနေ့မှာတော့ NCA စာချုပ်ချုပ်ဆိုပြီးတဲ့အခါမှာ အောင်မြင်မှုကို အဓိပ္ဗာယ်ဖွင့်ဆို တာက မြပြေင်ပေါ်မှာ မဟုတ်တော့ဘဲ စားပွဲပေါ်မှာ ဘယ်လို အောင်မြင်စွာ ညှိုနှိုင်းနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး တိုင်းတာသွားမှာ ဖြစ်တယ်။ တစ်ချို့က NCAစာချုပ် ချုပ်ဆိုတာကို အလျော့ပေးလိုက်တယ်လို့ ထင်ကောင်းထင်မယ်။ တကယ်တော့ ပုခုံးခြင်းယှဉ်ပြီး ဆွေးနွေးညှိုနှိုင်းတဲ့ အနေအထားတစ်ခုကို ယူလိုက်တာဘဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းမှာ JMC က အရေးကြီးတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် တက်ရောက် လာသူ အားလုံး နားထောင်ပြီး မတက်ရောက်နိုင်တဲ့ ကိုယ့်ရဲ့ လက်အောက် ငယ်သားတွေကို ထပ်မံရှင်းလင်းသွားနိုင်ဖို့တိုက်တွန်းပါတယ်" ဟု RCSS/SSA မှ ဗိုလ်ချုပ်ဘောင်ခေး က တိုက်တွန်းသွားသည်။

အလုပ်ရုံဆွေးနွေးပွဲကို JMC-U၊ JMC-S နှင့် JMC-L မှ RCSS/SSA ကိုယ်စားလှယ်များမှ ဦးဆောင် တင်ပြခဲ့ရာ RCSS/SSA၏ ဌာနအသီးသီးနှင့် တပ်အသီးသီးမှ တက်ရောက် သူများနှင့် JMC၏ နည်းပညာအထောက်အကူပြု ရုံးအဖွဲ့မှ စုစုပေါင်း (၁၀၅) ဦးခန့် ပါဝင် တက်ရောက်နေကြောင်း သိရသည်

သတင်း - အင်မိုင်ခ
ဓာတ်ပုံ #JCMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~