************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ-တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒုတိယပြည်နယ်ဦးစီးမှူးရုံးခန်းမ ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ (၂၃)ရက်နေ့က ကျင်းပသည်။
ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်ချက်များအား ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ထပ်ဆင့်ရှင်းလင်းပြီး ခရိုင်/မြို့နယ် ရှေ့တန်းရုံး တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ ရုံးဝန်ထမ်းများ စုစုပေါင်း (၄၅)ဦး တက်ရောက်နေကြောင်း သိရသည်။