တာချီလိတ်ခရိုင်ကညနရုံးတွင် ၆၆၀ စီစီ Hi jet ယာဉ်များ နှစ်နှစ်သက်တမ်းဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးနေ

တာချီလိတ်ခရိုင်ကညနရုံးတွင် ၆၆၀ စီစီ Hi jet ယာဉ်များ နှစ်နှစ်သက်တမ်းဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးနေ
ဇနျနဝါရီ 9, 2018
By Tachileik News Agency

အင်ဂျင်ပါဝါ ၆၆၀ စီစီအထိရှိသည့် Pick Up ယာဉ်ငယ်များအား မှတ်ပုံတင်သက်တမ်း (၁)နှစ် ခွင့်ပြုပေးနေရာမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ သက်တမ်း (၂)နှစ်သို့ တိုးမြှင့် ဆောင်ရွက်ပေးထားရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၈ ခုနှစ်အတွင်း မော်တော်ယာဉ်နှင့်ပတ်သက်သည့် အပြောင်းအလဲအဖြစ် အင်ဂျင်ပါဝါ ၆၆၀ စီစီအထိရှိသည့် ကိုယ်ပိုင် Pick Up (တင်အား ၁၀၀၀ ကီလိုဂရမ်နှင့်အောက်) ယာဉ်ငယ်များကို ကနဦးမှတ်ပုံတင်နှင့် နှစ်လဲသက်တမ်းတိုးအား မူလထက် တစ်နှစ်ထပ်တိုးခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - အင်မိုင်ခ


~~~~~~~~⊰❂ unicode ~~~~~~~~

အင်ဂျင်ပါဝါ ၆၆၀ စီစီအထိရှိသည့် Pick Up ယာဉ်ငယ်များအား မှတ်ပုံတင်သက်တမ်း (၁)နှစ် ခွင့်ပြုပေးနေရာမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ သက်တမ်း (၂)နှစ်သို့ တိုးမြှင့် ဆောင်ရွက်ပေးထားရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် လုပ်ဆောင်ပေးနပြေီဖြစ်ကြောင်း သိရသည်။

“၆၆၀ စီစီ Hi jet လေးတွေကို မှတ်ပုံတင်သက်တမ်းနဲ့ နှစ်လဲသက်တမ်းတိုးကို (၂)နှစ်နဲ့ လုပ်ပေးနေပါပြီ။ အရင်တော့ သက်တမ်းက တစ်နှစ်ပဲပေးတာပါ။ ကျန်တဲ့ မော်တော်ယာဉ်တွေအတွက်တော့ အပြောင်းအလဲ မရှိသေးပါဘူး”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၈ ခုနှစ်အတွင်း မော်တော်ယာဉ်နှင့်ပတ်သက်သည့် အပြောင်းအလဲအဖြစ် အင်ဂျင်ပါဝါ ၆၆၀ စီစီအထိရှိသည့် ကိုယ်ပိုင် Pick Up (တင်အား ၁၀၀၀ ကီလိုဂရမ်နှင့်အောက်) ယာဉ်ငယ်များကို ကနဦးမှတ်ပုံတင်နှင့် နှစ်လဲသက်တမ်းတိုးအား မူလထက် တစ်နှစ်ထပ်တိုးခွင့်ပြုပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်ကလည်း သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ လိုင်စင်အခက်အခဲ မဖြစ်စေရန် ဖြေလျှော့ပေးသည့် အစီအစဉ်အဖြစ် (သ)လိုင်စင် (သို့မဟုတ်) (က)လိုင်စင် သက်တမ်း(၃)လရှိပြီးသူများအား (၅)နှစ်သက်တမ်းရှိသည့် (ဟ)လိုင်စင်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် ထုတ်ပေးနေခဲ့ခြင်းဖြစ်သည်။

သတင်း - အင်မိုင်ခ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~