တာချီလိတ်ရှိ မူးယစ်ဆေးဖြတ်စခန်းအတွက် ရန်ပုံငွေရှာဖွေရေး ခရီးရှည်စက်ဘီးစီးအဖွဲ့အား အခမ်းအနားဖြင့် မန္တလေးမှ လုပ်ငန်းရှင်များက ကျပ်သိန်း(၈၀)လှူဒါန်း၊ တာချီလိတ်မှ မန္တလေးအထိ ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း(၁၆၀)ကျော် ရရှိနေ

တာချီလိတ်ရှိ မူးယစ်ဆေးဖြတ်စခန်းအတွက် ရန်ပုံငွေရှာဖွေရေး ခရီးရှည်စက်ဘီးစီးအဖွဲ့အား အခမ်းအနားဖြင့် မန္တလေးမှ လုပ်ငန်းရှင်များက ကျပ်သိန်း(၈၀)လှူဒါန်း၊ တာချီလိတ်မှ မန္တလေးအထိ ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း(၁၆၀)ကျော် ရရှိနေ
ဇနျနဝါရီ 31, 2018
By Tachileik News Agency

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနေဖြင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ ခရီးရှည် စက်ဘီးစီးနင်းနေကြသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စက်ဘီးသမား(၇)ဦးသည် ဇန်န၀ါရီလ(၃၀)ရက်နှင့်(၃၁)ရက်နေ့များတွင် မန္တလေး၌ ရောက်ရှိနေရာ မန္တလေးမြို့မှ လုပ်ငန်းရှင်များက အခမ်းအနားဖြင့် ဂုဏ်ပြုကာ စုပေါင်း၍ ကျပ်သိန်း(၈၀)အား လှူဒါန်းလိုက်သည့်အတွက် ဇန်န၀ါရီလ(၃၁)ရက်နေ့အထိ ကျပ်သိန်း(၁၆၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။



လက်ရှိတွင် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး စက်ဘီးစီးသမား(၇)ဦးသည် မန္တလေးတွင် (၁)ရက်တာနားနေပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မန္တလေးမှ ကချင်ပြည်နယ်အထိ သတ်မှတ်ထားသည့် ခရီးစဉ်များအတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးရှည်အား တာချီလိတ်မှ ကိုနေဇာ( Only Biker ) နှင့် ကိုစိုင်းခမ်းရှဲန် အပါအ၀င် ကျိုင်းတုံမြို့ Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးလောလူ နှင့် ဦးချူးစိန်တို့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကချင်ပြည်နယ် ပူတာအိုမြို့အထိ မိုင်ပေါင်း(၁၁၀၀)ကျော်အား ရက်ပေါင်း (၂၀)ကျော် စက်ဘီးဖြင့် စီးနင်းနေကြခြင်း ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကုန်ကျမှုများအပြင် ကချင်ပြည်နယ်တွင် တည်ခိုးရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် လေယာဉ်ဖြင့် ပြန်နိုင်ရန် နှင့် အခြား လိုအပ်မှုများအတွက် Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုမှ ပံ့ပိုး ပေးထားသည် ဖြစ်သည့်အတွက် ခရီးလမ်းတစ်လျှောက် ထည့်ဝင်လှူဒါန်းသွားမည့် အလှူငွေများအား ခရီးစဉ် အတွက် သုံးစွဲသွားမည် မဟုတ်ဘဲ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) အတွက် ပါဝင်လှူဒါန်းချင်သူတွေ အနေနဲ့ လှူဒါန်းနိုင်ရန် စီစဉ်ထားရှိပြီး လက်ခံပေးသွားပါတယ်၊ အခြားမြို့တွေ ကနေလည်း ဘဏ်တွေကနေ အလွယ်တကူ လွှဲပြီး လှူနိုင်ရန် အတွက်လည်း ဘဏ် အကောင့်တွေ ဖွင့်ထားပြီး နေ့စဉ် ရရှိလာမဲ့ အလှူငွေတွေ ကို ပွင့်လင်းမြင်သာစွာနဲ့ အွန်လိုင်းမှာ ဖော်ပြပေးနေလျက်ရှိပါတယ်၊ နည်းနည်းများများ ဘယ်လောက်ဖြစ်ဖြစ် ရရှိလာမဲ့ အလှူငွေတွေ အားလုံးကို အဲ့ဒီအတွက်ပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ခရီးစဉ်အတွက် အသုံးမပြုပါဘူး"ဟု ကိုနေဇာ( Only Biker ) က ပြောသည်။

ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေများကို အောက်ဖော်ပြပါ ဘဏ်များမှ တဆင့် လွှဲ၍ လှူဒါန်းနိုင်မည်ဖြစ်ပြီး "ရွှေတြိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - ရန်ပုံငွေခရီးစဉ်"အမည်ရှိ Facebook Page တွင်လည်း ၀င်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


Bank Name: CB Bank



~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနဖြေင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ ခရီးရှည် စက်ဘီးစီးနင်းနကြေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စက်ဘီးသမား(၇)ဦးသည် ဇန်နဝါရီလ(၃၀)ရက်နှင့်(၃၁)ရက်နေ့များတွင် မန္တလေး၌ ရောက်ရှိနေရာ မန္တလေးမြို့မှ လုပ်ငန်းရှင်များက အခမ်းအနားဖြင့် ဂုဏ်ပြုကာ စုပေါင်း၍ ကျပ်သိန်း(၈၀)အား လှူဒါန်းလိုက်သည့်အတွက် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ကျပ်သိန်း(၁၆၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲအား မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်းတွင် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းကရွှေမန်းတောင် ဂေါက်ကလပ်မှ ဦးစိုင်းဖီးလစ်ရီ၏ စီစဉ်ပေးမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များ ဖြစ်သည့် Hotel Yangon မှ ကျပ်(၁၀)သိန်း၊ သူရိန်အဖွဲ့မှ ကျပ်(၁၀)သိန်း၊ Hotel Gerizin (ချောင်းသာ) မှ ကျပ်(၁၀)သိန်း၊ ရွှေမန်းတောင် ဂေါက်ကလပ်မှ ကျပ်(၁၀)သိန်း၊ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးမှ ကျပ်(၁၀)သိန်း၊ ဦးတင်ကိုကို ( Shining Star Gems & Jewellery )မှ ကျပ်(၅)သိန်း၊ ဦးအောင်ကျော်ဝင်း ( Mother Land Co;Ltd )မှ ကျပ်(၅)သိန်း၊ ဦးကျော်ကျော်ဝင်း နှင့် အဖွဲ့ ( New Star Light ဆောက်လုပ်ရေး ) မှ ကျပ်(၅)သိန်း၊ BMW Co;Ltd မှ ကျပ်(၅)သိန်း၊ ဦးမျိုးမင်းဦး ( Bangan Myanmar Hotel )မှ ကျပ်(၅)သိန်း နှင့် ဦးဖြိုးရှိုင်းထွဋ်( Glorlecom Co;Ltd )မှ ကျပ်(၅)သိန်း စုစုပေါင်း ကျပ်သိန်း(၈၀)လှူဒါန်းကြောင်း သိရသည်။

"ကျွန်တော်တို့ တာချီလိတ်ကနေ မန္တလေးအထိ ခရီးတစ်လျှောက်အပါအဝင် ဘဏ်တွေကနေလည်း လှူဒါန်းထားကြတာဟာ မနေ့ကအထိ ကျပ်(၇၇)သိန်းကျော် ရရှိပြီး ဒီနေ့ အခမ်းအနားမှာ ရရှိတဲ့ သိန်း(၈၀)နဲ့ဆိုရင် လောလောဆယ် ကျပ်သိန်း(၁၆၀)ကျော် ရရှိနေပါပြီ။ အခုလို လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ"ဟု အဆိုပါ မိုင်ရှည် စက်ဘီးခရီးနင်းအဖွဲ့မှ ကိုနေဇာ( Only Biker )က ပြောသည်။

လက်ရှိတွင် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး စက်ဘီးစီးသမား(၇)ဦးသည် မန္တလေးတွင် (၁)ရက်တာနားနပြေီး ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မန္တလေးမှ ကချင်ပြည်နယ်အထိ သတ်မှတ်ထားသည့် ခရီးစဉ်များအတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးရှည်အား တာချီလိတ်မှ ကိုနေဇာ( Only Biker ) နှင့် ကိုစိုင်းခမ်းရှဲန် အပါအဝင် ကျိုင်းတုံမြို့ Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးလောလူ နှင့် ဦးချူးစိန်တို့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကချင်ပြည်နယ် ပူတာအိုမြို့အထိ မိုင်ပေါင်း(၁၁၀၀)ကျော်အား ရက်ပေါင်း (၂၀)ကျော် စက်ဘီးဖြင့် စီးနင်းနကြခြေင်း ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကုန်ကျမှုများအပြင် ကချင်ပြည်နယ်တွင် တည်ခိုးရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် လေယာဉ်ဖြင့် ပြန်နိုင်ရန် နှင့် အခြား လိုအပ်မှုများအတွက် Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုမှ ပံ့ပိုး ပေးထားသည် ဖြစ်သည့်အတွက် ခရီးလမ်းတစ်လျှောက် ထည့်ဝင်လှူဒါန်းသွားမည့် အလှူငွေများအား ခရီးစဉ် အတွက် သုံးစွဲသွားမည် မဟုတ်ဘဲ ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) အတွက် ပါဝင်လှူဒါန်းချင်သူတွေ အနေနဲ့ လှူဒါန်းနိုင်ရန် စီစဉ်ထားရှိပြီး လက်ခံပေးသွားပါတယ်၊ အခြားမြို့တွေ ကနေလည်း ဘဏ်တွေကနေ အလွယ်တကူ လွှဲပြီး လှူနိုင်ရန် အတွက်လည်း ဘဏ် အကောင့်တွေ ဖွင့်ထားပြီး နေ့စဉ် ရရှိလာမဲ့ အလှူငွေတွေ ကို ပွင့်လင်းမြင်သာစွာနဲ့ အွန်လိုင်းမှာ ဖော်ပြပေးနေလျက်ရှိပါတယ်၊ နည်းနည်းများများ ဘယ်လောက်ဖြစ်ဖြစ် ရရှိလာမဲ့ အလှူငွေတွေ အားလုံးကို အဲ့ဒီအတွက်ပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ခရီးစဉ်အတွက် အသုံးမပြုပါဘူး"ဟု ကိုနေဇာ( Only Biker ) က ပြောသည်။

ရွှတြေိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေများကို အောက်ဖော်ပြပါ ဘဏ်များမှ တဆင့် လွှဲ၍ လှူဒါန်းနိုင်မည်ဖြစ်ပြီး "ရွှတြေိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး - ရန်ပုံငွေခရီးစဉ်"အမည်ရှိ Facebook Page တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Bank Name: KBZ Bank ( KBZ TCL 1 )
Account No: 00630299906101102

Bank Name: CB Bank
Account No: 2023600500020966

Bank Name: AYA Bank ( ဧရာဝတီဘဏ် - တာချီလိတ် )
Account No: 0017202010038743

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~