တရားရုံးများရှိ အနေကြာ ၀န်ထမ်းများအား ပြောင်းရွှေ့ရန် အစီအစဉ်မရှိ

တရားရုံးများရှိ အနေကြာ ၀န်ထမ်းများအား ပြောင်းရွှေ့ရန် အစီအစဉ်မရှိ
ဇနျနဝါရီ 25, 2018
By Tachileik News Agency

တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီး မဟုတ်သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများ အတွက် ဝန်ထမ်းအိမ်ယာ မရှိသဖြင့် အနေကြာ ဝန်ထမ်းများဖြစ်နေသော်လည်း ရွှေ့ပြောင်းပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။

တရားရုံး အဆင့်ဆင့်ရှိ တရားသူကြီး မဟုတ်သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနေကြာသူ ဝန်ထမ်းများဖြစ်၍ သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်က မေးခွန်း မေးမြန်းခဲ့ခြင်းအား ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆင့်ဆင့်သော တရားရုံးများတွင် ဝန်ထမ်းအိမ်ရာများ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝန်ထမ်းများကို ပြောင်းရွှေ့ ရာတွင် အခက်အခဲရှိမည် မဟုတ်သော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေပါက ၎င်းတို့နေထိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည် ဖြစ်သည့်အတွက် တရားရုံး အဆင့်ဆင့်ရှိ အနေကြာဝန်ထမ်းများအား သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေရန် အစီအစဉ် မရှိပါကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီး မဟုတ်သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများ အတွက် ဝန်ထမ်းအိမ်ယာ မရှိသဖြင့် အနကြော ဝန်ထမ်းများဖြစ်နေသော်လည်း ရွှေ့ပြောင်းပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။

တရားရုံး အဆင့်ဆင့်ရှိ တရားသူကြီး မဟုတ်သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနကြောသူ ဝန်ထမ်းများဖြစ်၍ သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်က မေးခွန်း မေးမြန်းခဲ့ခြင်းအား ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။

အဆင့်ဆင့်သော တရားရုံးများတွင် ဝန်ထမ်းအိမ်ရာများ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝန်ထမ်းများကို ပြောင်းရွှေ့ ရာတွင် အခက်အခဲရှိမည် မဟုတ်သော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေပါက၎င်းတို့နေထိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည် ဖြစ်သည့်အတွက် တရားရုံး အဆင့်ဆင့်ရှိ် အနကြောဝန်ထမ်းများအား သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေရန် အစီအစဉ် မရှိပါကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြကြေားခဲ့ခြင်းဖြစ်သည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~