တာခ်ီလိတ္တြင္ ဂ်ာမနီႏွင့္ျမန္မာ ဆရာဝန္မ်ားပါဝင္သည့္အဖြဲ႔က ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင္႔ လည္ပင္းႀကီး လူနာမ်ားကို အခမဲ့ ခြဲစိတ္ကုသေပးမည္

တာခ်ီလိတ္တြင္ ဂ်ာမနီႏွင့္ျမန္မာ ဆရာဝန္မ်ားပါဝင္သည့္အဖြဲ႔က ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင္႔ လည္ပင္းႀကီး လူနာမ်ားကို အခမဲ့ ခြဲစိတ္ကုသေပးမည္
ဇန်နဝါရီ 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရုံႀကီး၌ ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၅)ရက္ေန႔တြင္ ဂ်ာမနီႏိုင္ငံမွ ဆရာဝန္ႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံမွ ဆရာဝန္မ်ား ပါဝင္သည့္ အဖြဲ႕က ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင့္ လည္ပင္းႀကီး လူနာမ်ားကို အခမဲ့ ခြဲစိတ္ကုသ ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ခြဲစိတ္ကုသေပးဖို႔ အတြက္ ရန္ကုန္က ဆရာဝန္ႀကီးေတြက စာတင္ထားတယ္။ သူတို႔ဆီက စာက်ၿပီ ဆိုတာနဲ႔ ဒီဘက္ကလည္း ခြင့္ျပဳမိန္႔ရေအာင္ စာထပ္တင္ၿပီးေတာ႔ ဒီဘက္က ေဆးရုံအုပ္ႀကီးနဲ႔ ညႇိႏိႈင္းတာေတြ ဆက္လုပ္သြားပါမယ္။ ေနာက္ၿပီးေတာ့ ေၾကျငာတာေတြ၊ ဗီႏိုင္းကပ္တာေတြ ဆက္လုပ္ပါမယ္။ ဆရာဝန္ေတြကေတာ႔ ေနာက္လ (၂၅)ေန႔ ေရာက္ပါမယ္။ (၂၆)ရက္ေန႔ စခြဲမွာပါ"ဟု အဆိုပါ ခြဲစိတ္ကုသမႈ အစီအစဥ္ ျဖစ္ေျမာက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနသည့္ မဇၨ်ိမလူမႈကူညီေရး အသင္း ဥကၠဌ ဦးတင္႔ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခြဲစိတ္ကုသမႈအား တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔မွ မတ္လ (၈)ရက္ေန႔အထိ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ခြဲစိတ္တာေတြ အကုန္လံုးကို အခမဲ့ပဲ လုပ္ေပးမယ့္အျပင္ လူနာေတြအတြက္ စားေရးေသာက္ေရးနဲ႔ ေနထိုင္ဖို႔ အတြက္ေတြကိုလည္း စီစဥ္ေပးသြားမွာ ျဖစ္ပါတယ္။ အကုန္လံုး အၿပီးအစီး အခမဲ့ပါ။ ေလာေလာဆယ္ အထိေတာ႔ စာရင္းေကာက္တာေတြ မလုပ္ေသးသလို လူဦးေရ ကန္႔သတ္ မထားေသးပါဘူး"ဟု ခြဲစိတ္ကုသမႈ အစီအစဥ္ ျဖစ္ေျမာက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနသူမ်ားတြင္ ပါ၀င္သည့္ မေမဇာျခည္လင္းက ေျပာသည္။

အဆိုပါ အခမဲ့ ခြဲစိတ္ကုသမႈ အစီအစဥ္ လုပ္ေဆာင္ႏိုင္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မွ ပူးေပါင္းပါဝင္ၾကမည့္ ေစတနာရွင္မ်ားက ဇန္နဝါရီလ (၂၄)ရက္ေန႔တြင္ ခရိုင္ျပန္ၾကားေရးႏွင္႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနရိွ အစည္းအေဝးခန္းမတြင္ ညိႇႏိႈင္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

 အခမဲ့ ကုသေပးမည့္ သတ္မွတ္ရက္မ်ားတြင္ ကုသမႈ ခံယူလိုသည့္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင့္ လည္ပင္းႀကီး ေ၀ဒနာရွင္မ်ားအေနျဖင့္ မေရႊစင္ခက္ 0941003219 ၊ မေမဇာျခည္လင္း 095241807 ႏွင့္ ကိုခိုင္ 09250839940 သို႔ ႀကိဳတင္ ဆက္သြယ္၍ စာရင္းမ်ားေပးထားႏိုင္ေၾကာင္း သိရွိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - SSK



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ဂျာမနီနိုင်ငံမှ ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး လူနာများကို အခမဲ့ ခွဲစိတ်ကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ခွဲစိတ်ကုသပေးဖို့ အတွက် ရန်ကုန်က ဆရာဝန်ကြီးတွေက စာတင်ထားတယ်။ သူတို့ဆီက စာကျပြီ ဆိုတာနဲ့ ဒီဘက်ကလည်း ခွင့်ပြုမိန့်ရအောင် စာထပ်တင်ပြီးတော့ ဒီဘက်က ဆေးရုံအုပ်ကြီးနဲ့ ညှိနှိုင်းတာတွေ ဆက်လုပ်သွားပါမယ်။ နောက်ပြီးတော့ ကြငြောတာတွေ၊ ဗီနိုင်းကပ်တာတွေ ဆက်လုပ်ပါမယ်။ ဆရာဝန်တွေကတော့ နောက်လ (၂၅)နေ့ ရောက်ပါမယ်။ (၂၆)ရက်နေ့ စခွဲမှာပါ"ဟု အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ် ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခွဲစိတ်ကုသမှုအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ မတ်လ (၈)ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ခွဲစိတ်တာတွေ အကုန်လုံးကို အခမဲ့ပဲ လုပ်ပေးမယ့်အပြင် လူနာတွေအတွက် စားရေးသောက်ရေးနဲ့ နေထိုင်ဖို့ အတွက်တွေကိုလည်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ အကုန်လုံး အပြီးအစီး အခမဲ့ပါ။ လောလောဆယ် အထိတော့ စာရင်းကောက်တာတွေ မလုပ်သေးသလို လူဦးရေ ကန့်သတ် မထားသေးပါဘူး"ဟု ခွဲစိတ်ကုသမှု အစီအစဉ် ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူများတွင် ပါဝင်သည့် မမေဇာခြည်လင်းက ပြောသည်။

အဆိုပါ အခမဲ့ ခွဲစိတ်ကုသမှု အစီအစဉ် လုပ်ဆောင်နိုင်ရေးအတွက် တာချီလိတ်မြို့မှ ပူးပေါင်းပါဝင်ကြမည့် စေတနာရှင်များက ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 အခမဲ့ ကုသပေးမည့် သတ်မှတ်ရက်များတွင် ကုသမှု ခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီးေဝဒနာရှင်များအနဖြေင့် မရွှေစင်ခက် 0941003219၊ မမေဇာခြည်လင်း 095241807 နှင့် ကိုခိုင် 09250839940 သို့ ကြိုတင် ဆက်သွယ်၍ စာရင်းများပေးထားနိုင်ကြောင်း သိရှိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ - SSK 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~