မိုင္းေယာင္းၿမိဳ႕တြင္ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ အလြတ္တန္းေဘာလံုးၿပိဳင္ပြဲ စတင္

မိုင္းေယာင္းၿမိဳ႕တြင္ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ အလြတ္တန္းေဘာလံုးၿပိဳင္ပြဲ စတင္
ဇန်နဝါရီ 28, 2018
By Tachileik News Agency

(၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌဖလား အလြတ္တန္း ဖိတ္ေခၚေဘာလံုးၿပိဳင္ပြဲအား မိုင္းေယာင္းၿမိဳ႕ရွိ ၿမိဳ႕မအားကစားကြင္းတြင္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၈)ရက္ေန႔ ညေန(၃)နာရီက စတင္၍ က်င္းပျပဳလုပ္ရာ ၿပိဳင္ပြဲ၀င္ ေဘာလံုးအသင္း(၆)သင္းမွ ယွဥ္ၿပိဳင္ ကစားသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲ၏ ဖြင့္ပြဲအား စတင္က်င္းပျပဳလုပ္ရာတြင္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ မိုင္းေယာင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္က အားကစားသမားမ်ား အေနျဖင့္ ၿပိဳင္ပြဲကာလ အတြင္း အေကာင္းဆံုးႏွင့္ အသန္႔ရွင္းဆံုး ယွဥ္ၿပိဳင္ ကစားသြားၾကရန္ အားေပးစကား တိုက္တြန္း ေျပာၾကားၿပီးေနာက္ ၿပိဳင္ပြဲ၏ ပထမဆံုး ပြဲစဥ္အျဖစ္ မိုင္းေယာင္းၿမိဳ႕နယ္ ဌာနဆိုင္ရာ ၀န္ထမ္းေပါင္းစံု(က)အသင္း ႏွင့္ မိုင္းယုအသင္းတို႔က ယွဥ္ၿပိဳင္ကစားၾကရာ  မိုင္းေယာင္းၿမိဳ႕နယ္ ဌာနဆိုင္ရာ ၀န္ထမ္း ေပါင္းစံု(က)အသင္းက မိုင္းယုအသင္းအား ႏွစ္ဂိုး တစ္ဂိုးျဖင့္ အႏိုင္ရရွိသြားေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ မိုင္းေယာင္းၿမိဳ႕နယ္ ဌာနဆိုင္ရာ ၀န္ထမ္းေပါင္းစံု(က)အသင္း ႏွင့္ (ခ)အသင္း၊ ၿမိဳ႕မလူငယ္(က)ႏွင့္ (ခ)အသင္း၊ မိုင္းယုအသင္းႏွင့္ ဘံုဆြမ္းေလာင္းအသင္းစသည့္ စုစုေပါင္း အသင္း(၆)သင္းတို႔မွ အုပ္စု(၂)စုခြဲကာ ယွဥ္ၿပိဳင္ကစားသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲအား ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂)ရက္ေန႔အထိ က်င္းပၿပီး  ဆီမီးဖိုင္နယ္ပြဲကို ေဖေဖာ္ဝါရီ (၅)ရက္ႏွင့္(၆)ရက္ေန႔မ်ားတြင္ လည္းေကာင္း၊ ေနာက္ဆံုးဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို ေဖေဖာ္ဝါရီလ ၁၂ ရက္ ျပည္ေထာင္စုေန႔တြင္ လည္းေကာင္း အသီးသီးယွဥ္ၿပိဳင္ ကစားသြားၾကမည္ျဖစ္ၿပီး ပထမဆု၊ ဒုတိယဆု၊ အသန္႔ရွင္းဆံုးဆုႏွင့္ ေနရာအလိုက္ အေကာင္းဆံုးကစားသမားဆုမ်ားကိုလည္း ေရြးခ်ယ္ခ်ီးျမႇင့္ ေပးအပ္သြားမည္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ(မိုင္းေယာင္း)


~~~~~~~~⊰❂ unicode ~~~~~~~~

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား မိုင်းယောင်းမြို့ရှိ မြို့မအားကစားကွင်းတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ ညနေ(၃)နာရီက စတင်၍ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် ဘောလုံးအသင်း(၆)သင်းမှ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအား စတင်ကျင်းပပြုလုပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က အားကစားသမားများ အနဖြေင့် ပြိုင်ပွဲကာလ အတွင်း အကောင်းဆုံးနှင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင် ကစားသွားကြရန် အားပေးစကား တိုက်တွန်း ပြောကြားပြီးနောက် ပြိုင်ပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် မိုင်းယောင်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ(က)အသင်း နှင့် မိုင်းယုအသင်းတို့က ယှဉ်ပြိုင်ကစားကြရာ မိုင်းယောင်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်း ပေါင်းစုံ(က)အသင်းက မိုင်းယုအသင်းအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ပြိုင်ပွဲတွင် မိုင်းယောင်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ(က)အသင်း နှင့် (ခ)အသင်း၊ မြို့မလူငယ်(က)နှင့် (ခ)အသင်း၊ မိုင်းယုအသင်းနှင့် ဘုံဆွမ်းလောင်းအသင်းစသည့် စုစုပေါင်း အသင်း(၆)သင်းတို့မှ အုပ်စု(၂)စုခွဲကာ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ ကျင်းပပြီး ဆီမီးဖိုင်နယ်ပွဲကို ဖေဖော်ဝါရီ (၅)ရက်နှင့်(၆)ရက်နေ့များတွင် လည်းကောင်း၊ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ အသန့်ရှင်းဆုံးဆုနှင့် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကိုလည်း ရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~