တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုရွိ အထက(ခြဲ)တြင္ ေက်ာင္းသား/သူမ်ားအား မူးယစ္အႏၱရာယ္ ႏွင့္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပး

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုရွိ အထက(ခြဲ)တြင္ ေက်ာင္းသား/သူမ်ားအား မူးယစ္အႏၱရာယ္ ႏွင့္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပး
ဇန်နဝါရီ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)အုပ္စု၊ ဝမ္ပံုေက်းရြာရွိ အထက္တန္းေက်ာင္းခြဲ(၀မ္ပံု)မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား မူးယစ္ေဆးဝါးအႏၱရာယ္ႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပး ေဟာေျပာပြဲကို ဇန္နဝါရီလ (၁၆)ရက္ေန႔ နံနက္ပိုင္းက က်င္းပေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား မူးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ဒုတပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴးသက္ေမာင္ က မူးယစ္ေဆး၀ါး အႏၱရာယ္ ဆိုးက်ဳိးမ်ား ႏွင့္ မူးယစ္ေဆး၀ါးေၾကာင့္ အေရးယူခံရမည့္ ျပစ္မႈျပစ္ဒဏ္ အေၾကာင္းအရာမ်ား အပါအ၀င္ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ သံုးစြဲျခင္းမ်ားေၾကာင့္ ခံစားရသည့္ ဆိုးက်ဳိးရလဒ္မ်ားအား သိရွိႏိုင္ရန္အတြက္ အသိပညာေပး ေဟာေျပာသည္။

ဆက္လက္၍ အမွတ္ (၁၁၇)ယာဥ္ထိိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္)မွ ဒုရဲမွဴးေဇာ္မင္းသိန္းက ယာဥ္/လမ္းစည္းကမ္းႏွင့္ ပတ္သက္၍ အသိပညာေပး ေဟာေျပာသည္။

အဆိုပါ ေဟာေျပာမႈမ်ားအၿပီးတြင္ အသိပညာေပး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ေပးခဲ့ေၾကာင္းႏွင့္ အသိပညာေပး ေဆြးေႏြးပြဲသို႔ ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၁၀၀)၀န္းက်င္ တက္ေရာက္ ေလ့လာခဲ့ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ဝမ်ပုံကျေးရွာရှိ အထက်တန်းကျောင်းခွဲ(ဝမ်ပုံ)မှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

အဆိုပါ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသက်မောင် က မူးယစ်ဆေးဝါး အန္တရာယ် ဆိုးကျိုးများ နှင့် မူးယစ်ဆေးဝါးကြောင့် အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ် အကြောင်းအရာများ အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများကြောင့် ခံစားရသည့် ဆိုးကျိုးရလဒ်များအား သိရှိနိုင်ရန်အတွက် အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ အမှတ် (၁၁၇)ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူးဇော်မင်းသိန်းက ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။

အဆိုပါ ဟောပြောမှုများအပြီးတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဝန်းကျင် တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~