ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္(ဖလား) ရွမ္း(အေရွ႕)မွ ေက်ာင္းအေျချပဳ ၿမဳိ႕နယ္ေပါင္းစံု အသက္(၂၀)ႏွစ္ေအာက္ အားကစားၿပဳိင္ပဲြမ်ား တာခ်ီလိတ္၌ ဇန္န၀ါရီလ(၆)ရက္ေန႔တြင္ စတင္မည္

ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္(ဖလား) ရွမ္း(အေရွ႕)မွ ေက်ာင္းအေျချပဳ ၿမဳိ႕နယ္ေပါင္းစံု အသက္(၂၀)ႏွစ္ေအာက္ အားကစားၿပဳိင္ပဲြမ်ား တာခ်ီလိတ္၌ ဇန္န၀ါရီလ(၆)ရက္ေန႔တြင္ စတင္မည္
ဇန်နဝါရီ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္၀န္ႀကီးခ်ဳပ္(ဖလား) အားကစားၿပိဳင္ပြဲမ်ားအျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) အတြင္းရွိ  ေက်ာင္းအေျချပဳ  ၿမဳိ႕နယ္ေပါင္းစံု အသက္(၂၀)ႏွစ္ေအာက္ အားကစား ၿပဳိင္ပဲြမ်ားကုိ တာခ်ီလိတ္၌ ဇန္န၀ါရီလ(၆)ရက္ေန႔တြင္ စတင္ၿပီး ဇန္န၀ါရီလ(၁၂)ရက္ေန႔အထိ က်င္းပ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

တာခ်ီလိတ္၌ က်င္းပမည့္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္(ဖလား) ေက်ာင္းအေျချပဳ  ၿမဳိ႕နယ္ေပါင္းစံု အသက္(၂၀)ႏွစ္ ေအာက္ အားကစား ၿပဳိင္ပဲြမ်ားတြင္ ဖူဆယ္၊ ၾကက္ေတာင္ရုိက္၊ စားပဲြတင္ တင္းနစ္၊ ပုိက္ေက်ာ္ျခင္း၊ မီနီမာရသြန္ အေျပးၿပဳိင္ပဲြ ႏွင့္ ေျပးခုန္ပစ္စသည့္  အားကစားၿပဳိင္ပဲြမ်ား ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ အတြင္းရွိ မိုးလံုေလလံုအားကစားရံုတြင္  ၾကက္ေတာင္ရုိက္၊ စားပဲြတင္ တင္းနစ္၊ ပုိက္ေက်ာ္ျခင္း စသည့္ ၿပိဳင္ပြဲမ်ားအား က်င္းပျပဳလုပ္မည္ ျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ၿပိဳင္ပြဲမ်ားအား ဇန္န၀ါရီလ(၆)ရက္ေန႔ နံနက္ပိုင္းက စ၍ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အျပင္ ဖူဆယ္ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုသြားလမ္းရွိ NIEC ေက်ာင္း၀န္းအတြင္း၌ ဇန္န၀ါရီလ(၆)ရက္ေန႔ နံနက္ပိုင္း၌ပင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ဇန္န၀ါရီလ(၇)ရက္ေန႔ နံနက္(၆)နာရီအခ်ိန္တြင္ မီနီမာရသြန္ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕မ အားကစားကြင္း၌ စတင္ တာထြက္ကာ ေလယာဥ္ကြင္းအထိ ေျပးမည္ျဖစ္ၿပီး ထိုမွတဆင့္ တာခ်ီလိတ္ၿမိဳ႕မ အားကစားကြင္းတြင္ ျပန္လည္၍ ပန္း၀င္မည္ျဖစ္ေၾကာင္း ႏွင့္ ေျပးခုန္ပစ္ၿပိဳင္ပြဲအား ဇန္န၀ါရီလ(၇)ရက္ေန႔ နံနက္ပိုင္းတြင္ ၿမိဳ႕မအားကစားကြင္း၌ပင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္မ်ား၏ ဖြင့္ပြဲအား ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၆)ရက္ေန႔ မြန္းလြဲ(၂)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕မအားကစားကြင္းအတြင္း က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ျပည္နယ္အစိုးရအဖြဲ႔၀င္ ၀န္ႀကီးမ်ားလည္း တက္ေရာက္မည္ျဖစ္ေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ဖလား) အားကစားပြိုင်ပွဲများအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ ကျောင်းအခြပြေု မြို့နယ်ပေါင်းစုံ အသက်(၂၀)နှစ်အောက် အားကစား ပြိုင်ပွဲများကို တာချီလိတ်၌ ဇန်နဝါရီလ(၆)ရက်နေ့တွင် စတင်ပြီး ဇန်နဝါရီလ(၁၂)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

တာချီလိတ်၌ ကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ဖလား) ကျောင်းအခြပြေု မြို့နယ်ပေါင်းစုံ အသက်(၂၀)နှစ် အောက် အားကစား ပြိုင်ပွဲများတွင် ဖူဆယ်၊ ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန် အပြေးပြိုင်ပွဲ နှင့် ပြေးခုန်ပစ်စသည့် အားကစားပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် အတွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း စသည့် ပြိုင်ပွဲများအား ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း နှင့် အဆိုပါ ပြိုင်ပွဲများအား ဇန်နဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက စ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အပြင် ဖူဆယ်ပြိုင်ပွဲအား တာချီလိတ်မြို့ လွယ်စတုံသွားလမ်းရှိ NIEC ကျောင်းဝန်းအတွင်း၌ ဇန်နဝါရီလ(၆)ရက်နေ့ နံနက်ပိုင်း၌ပင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဇန်နဝါရီလ(၇)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် မီနီမာရသွန်ပြိုင်ပွဲအား တာချီလိတ်မြို့မ အားကစားကွင်း၌ စတင် တာထွက်ကာ လေယာဉ်ကွင်းအထိ ပြေးမည်ဖြစ်ပြီး ထိုမှတဆင့် တာချီလိတ်မြို့မ အားကစားကွင်းတွင် ပြန်လည်၍ ပန်းဝင်မည်ဖြစ်ကြောင်း နှင့် ပြေးခုန်ပစ်ပြိုင်ပွဲအား ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် မြို့မအားကစားကွင်း၌ပင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်များ၏ ဖွင့်ပွဲအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် တာချီလိတ်မြို့မအားကစားကွင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~