မိုင္းရယ္ၿမိဳ႕ ဘီးခြန္စခန္းအနီးတြင္ ေသနတ္၊ လက္ပစ္ဗံုးႏွင့္ စိတ္ၾကြေဆးမ်ားႏွင့္အတူ လူငယ္ႏွစ္ဦး ဖမ္းဆီးရမိ

မိုင္းရယ္ၿမိဳ႕ ဘီးခြန္စခန္းအနီးတြင္ ေသနတ္၊ လက္ပစ္ဗံုးႏွင့္ စိတ္ၾကြေဆးမ်ားႏွင့္အတူ လူငယ္ႏွစ္ဦး ဖမ္းဆီးရမိ
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မိုင္းရယ္ၿမိဳ႕၊ (၃)ရပ္ကြက္ ဘီးခြန္ေကာက္ခံေရးဂိတ္အနီး၌ ေသနတ္၊ လက္ပစ္ဗံုးႏွင့္ စိတ္ၾကြေဆးတို႔ျဖင့္ ဖမ္းဆီးရမိသည့္ လူငယ္ႏွစ္ဦးအား အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

မိုင္းရယ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ခမရ(၃၂၅)မွ တပ္မေတာ္သားမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕တို႔သည္ အဆိုပါ ဘီးခြန္ေကာက္ခံေရး ဂိတ္အနီးတြင္ ၂၀၁၇ခုႏွစ္၊ ဒီဇင္ဘာလ (၃၀) ရက္ေန႔ ညေန (၄)နာရီခြဲခန္႔က ကားတစ္စီးအား စစ္ေဆးရာ WY စိတ္ႂကြေဆးျပား (၄၅) ျပား၊ ဘေရာင္နင္ အမ်ိဳးအစား ၉ မမပစၥတိုတစ္လက္၊ က်ည္အိမ္ ႏွစ္ခု၊ က်ည္ (၁၄) ေတာင့္ႏွင့္ျဖဴ႕စ္ တပ္လ်က္ တ႐ုတ္နိုင္ငံလုပ္ အစိမ္းေရာင္လက္ပစ္ဗုံး တစ္လုံးတို႔အား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းထြန္းၾကည္ႏွင့္ စိုင္းေရႊမိန္းတို႔အား မိုင္းရယ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄/၂၀၁၇ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)/၂၂(ခ)/၂၁ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္းခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၊ (၃)ရပ်ကွက် ဘီးခွန်ကောက်ခံရေးဂိတ်အနီး၌ သေနတ်၊ လက်ပစ်ဗုံးနှင့် စိတ်ကြွဆေးတို့ဖြင့် ဖမ်းဆီးရမိသည့် လူငယ်နှစ်ဦးအား အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မိုင်းရယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခမရ(၃၂၅)မှ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အဆိုပါ ဘီးခွန်ကောက်ခံရေး ဂိတ်အနီးတွင် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ ညနေ (၄)နာရီခွဲခန့်က ကားတစ်စီးအား စစ်ဆေးရာ WY စိတ်ကြွဆေးပြား (၄၅) ပြား၊ ဘရောင်နင် အမျိုးအစား ၉ မမပစ္စတိုတစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် (၁၄) တောင့်နှင့်ဖြူ့စ် တပ်လျက် တရုတ်နိုင်ငံလုပ် အစိမ်းရောင်လက်ပစ်ဗုံး တစ်လုံးတို့အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းထွန်းကြည်နှင့် စိုင်းရွှေမိန်းတို့အား မိုင်းရယ်မြို့မရဲစခန်းတွင် (ပ)၁၄/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်းခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~