က်ိဳင္းတံုၿမိဳ႕ဘက္သို႔ သယ္ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားအား တာေကာ္တံတားတြင္ ဖမ္းဆီးရမိ၍ ပိုင္ရွင္မ်ားအား အမႈဖြင့္အေရးယူထား

က်ိဳင္းတံုၿမိဳ႕ဘက္သို႔ သယ္ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားအား တာေကာ္တံတားတြင္ ဖမ္းဆီးရမိ၍ ပိုင္ရွင္မ်ားအား အမႈဖြင့္အေရးယူထား
ဇန်နဝါရီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ိဳင္းတံုၿမိဳ႕ဘက္သို႔ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) လြိဳင္လင္ခ႐ိုင္၊ ကြန္ဟိန္းၿမိဳ႕ဘက္မွ အုိက္စ္ (၆၂) ကီလိုဂရမ္သယ္ေဆာင္လာသူအား ကြန္ဟိန္းၿမိဳ႕နယ္ တာေကာ္တံတားရိွ ပူးေပါင္းစစ္ေဆးေရး စခန္းတြင္၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔က ဖမ္းဆီးရမိၿပီး မူးယစ္ေဆးသယ္ေဆာင္ခိုင္းသူကိုပါ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္၏ ၾကမ္းခင္းတြင္ ဝွက္၍ သယ္ေဆာင္လာသည့္ မူးယစ္ေဆးဝါးမ်ားအား အဆိုပါ ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ မူးယစ္တပ္ဖြဲ႔စု(၂၇)၊ တာေကာ္လႈပ္ရွားမႈအဖြဲ႕ႏွင့္အတူ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕မ်ား၊ ကြန္ဟိန္း စစ္ဗ်ဴဟာအေျခခ်ႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီ (၁) ရက္ေန႔ မြန္းလြဲ (၁)နာရီ (၄၅)မိနစ္ခန္႔တြင္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ား တင္ေဆာင္လာသည့္ယာဥ္အား ေမာင္းႏွင္လာသူ တာမိုးညဲၿမိဳ႕နယ္ ဟူလီပန္းေက်းရြာမွ အသက္ (၂၀)အရြယ္ ရွိန္တဲ့စင္း၊ မူးယစ္ေဆးမ်ား သယ္ေဆာင္ရန္ အခေၾကးေငြေပး၍ ေစခုိင္းသူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)  ကြမ္လံုၿမိဳ႕နယ္ ဟိုလီေက်းရြာမွ အသက္ (၂၄)ႏွစ္အရြယ္ ေလာက္ဝူး (ခ) ဖုန္ဝူးႏွင့္ ၎ႏွင့္အတူ လုိက္ပါလာသူမ်ားျဖစ္သည့္ လားရိႈးၿမိဳ႕မွ အသက္ (၂၄)ႏွစ္အရြယ္ အားတီႏွင့္ အသက္ (၂၂)ႏွစ္အရြယ္ က်န္ယိုေကြး၊  တာမိုးညဲၿမိဳ႕နယ္ မုံုးစီးရြာမွ အသက္ (၂၃)ႏွစ္အရြယ္ ရန္က်ဴးတို႔ (၅)ဦးအား ကာလိနယ္ေျမရဲစခန္းတြင္ မယ(ပ) ၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ဘက်သို့ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့ဘက်မှ အိုက်စ် (၆၂) ကီလိုဂရမ်သယ်ဆောင်လာသူအား ကွန်ဟိန်းမြို့နယ် တာကော်တံတားရှိ ပူးပေါင်းစစ်ဆေးရေး စခန်းတွင်၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က ဖမ်းဆီးရမိပြီး မူးယစ်ဆေးသယ်ဆောင်ခိုင်းသူကိုပါ ဖမ်းဆီးရမိထားကြောင်း သိရသည်။

မော်တော်ယာဉ်၏ ကြမ်းခင်းတွင် ဝှက်၍ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများအား အဆိုပါ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မူးယစ်တပ်ဖွဲ့စု(၂၇)၊ တာကော်လှုပ်ရှားမှုအဖွဲ့နှင့်အတူ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ကွန်ဟိန်း စစ်ဗျူဟာအခြေချနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့ မွန်းလွဲ (၁)နာရီ (၄၅)မိနစ်ခန့်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ တင်ဆောင်လာသည့်ယာဉ်အား မောင်းနှင်လာသူ တာမိုးညဲမြို့နယ် ဟူလီပန်းကျေးရွာမှ အသက် (၂၀)အရွယ် ရှိန်တဲ့စင်း၊ မူးယစ်ဆေးများ သယ်ဆောင်ရန် အခကြေးငွေပေး၍ စေခိုင်းသူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်လုံမြို့နယ် ဟိုလီကျေးရွာမှ အသက် (၂၄)နှစ်အရွယ် လောက်ဝူး (ခ) ဖုန်ဝူးနှင့်၎င်းနှင့်အတူ လိုက်ပါလာသူများဖြစ်သည့် လားရှိုးမြို့မှ အသက် (၂၄)နှစ်အရွယ် အားတီနှင့် အသက် (၂၂)နှစ်အရွယ် ကျန်ယိုကွေး၊ တာမိုးညဲမြို့နယ် မုံးစီးရွာမှ အသက် (၂၃)နှစ်အရွယ် ရန်ကျူးတို့ (၅)ဦးအား ကာလိနယ်မြေရဲစခန်းတွင် မယ(ပ) ၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~