ႏိုင္ငံေတာ္သမၼတမွ တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၱ၀ိေရာစနအား အဂၢမဟာကမၼ႒ာနာစရိယ ဘြဲ႔တံဆိပ္ေတာ္ ဆက္ကပ္လွဴဒါန္း

ႏိုင္ငံေတာ္သမၼတမွ တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၱ၀ိေရာစနအား အဂၢမဟာကမၼ႒ာနာစရိယ ဘြဲ႔တံဆိပ္ေတာ္ ဆက္ကပ္လွဴဒါန္း
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ျဖစ္သည့္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတမွ ဆရာေတာ္ႀကီးမ်ား၊ ဂႏၱဓုရပရိယတၱိ၀န္ေဆာင္ စာခ်ဆရာေတာ္မ်ား၊ ၀ိပႆနာဓုရ ပဋိပတၱိ၀န္ေဆာင္ ကမၼ႒ာန္းနည္းျပ ဆရာေတာ္မ်ား၊ နယ္လွည့္ ဓမၼကထိကႏွင့္ ျပည္တြင္းျပည္ပ သာသနာျပဳပုဂၢိဳလ္မ်ားအျပင္ ဗုဒၶသာသနာေတာ္ကို ပစၥည္းေလးပါးတို႔ျဖင့္ ထူးျခားစြာ ေထာက္ပံ့လွဴဒါန္းေနၾကသည့္ ပုဂၢိဳလ္မ်ားအား သာသနာေတာ္ဆိုင္ရာ ဘြဲ႔တံဆိပ္ေတာ္မ်ား ဆက္ကပ္လွဴဒါန္းရာတြင္ တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္ဆရာေတာ္သည္ အဂၢမဟာကမၼ႒ာနာစရိယ ဘြဲ႔တံဆိပ္ေတာ္ ဆပ္ကပ္လွဴဒါန္းျခင္း ခံရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္၏ ဦးစီးပဓာန နာယက ဆရာေတာ္အား ႏိုင္ငံေတာ္မွ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ား ဆက္ကပ္လွဴဒါန္းခဲ့ရာတြင္ ၁၉၉၄ခုႏွစ္တြင္  မဟာဂႏၱ၀ါစကပ႑ိတ၊ ၂၀၀၃ခုႏွစ္တြင္ ကမၼ႒ာနာစရိယ၊ ၂၀၁၃ခုႏွစ္တြင္ မဟာကမၼ႒ာနာ စရိယ ဘြဲ႔တံဆိပ္ေတာ္ ႏွင့္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၄)ရက္ လြတ္လပ္ေရးေန႔တြင္ အဂၢမဟာကမၼ႒ာနာ စရိယ ဘြဲ႔တံဆိပ္ေတာ္အား ဆက္ကပ္လွဴဒါန္းျခင္း ခံရသည့္အျပင္  ထိုင္းနိုင္ငံ မဟာခ်ဴလာေလာင္ကြန္း တကၠသိုလ္ - Mahachulalongkornrajavidyalaya University မွ   Honarary Doctorate Degree in Vipassana Bhavana Ph.D (Vipassana Bhavana) ဂုဏ္ထူးေဆာင္ (၀ိပႆနာ) ပါရဂူဘြဲ႕အား ၂၀၁၆ခုႏွစ္ ေမလ(၁၅)ရက္ေန႔က ဆက္ကပ္လွဴဒါန္းျခင္းခံရသည္။

ဆရာေတာ္၏ ဇာတိမွာ မႏၱေလးတိုင္းေဒသႀကီး၊ မိတၱီလာခရိုင္၊ ၀မ္းတြင္းၿမိဳ႕နယ္၊ သဘြတ္ကုန္း စံျပေက်းရြာမွ ျဖစ္ၿပီး ဦးေပါက္ထြန္း + ေဒၚလွညႊန္႔တို႔မွ ဖြားျမင္ခဲ့သည့္ ေမြးခ်င္း(၈)ဦးအနက္ ဆရာေတာ္သည္ (၄)ေယာက္ေျမာက္ျဖစ္ကာ ေမြးခ်င္း (၈)ဦးတြင္ ဆရာေတာ္အပါအ၀င္ (၆)ဦးမွာ သာသနာ့ေဘာင္သို႔ ၀င္ေရာက္၍ သာသနာျပဳၾကၿပီး တစ္ပါးမွာ ပ်ံလြန္ေတာ္မူသြားၿပီျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္သည္ သာသနာေရးရာႏွင့္ ပတ္သက္၍ စာအုပ္မ်ားေရးသားျပဳစုခဲ့ရာတြင္ ျမန္မာဘာသာမ်ား အေနျဖင့္ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္ ၀တ္ရြတ္စဥ္ စာအုပ္အား (၂၀၀၃)ခုႏွစ္တြင္ လည္းေကာင္း၊ မဟာသတိပ႒ာန္ရႈနည္း ပထမတြဲအား (၂၀၁၀)ခုႏွစ္တြင္ လည္းေကာင္း၊ ဒုတိယတြဲအား (၂၀၁၀)ခုႏွစ္ အတြင္းတြင္ လည္းေကာင္း၊ သိမွတ္ဖြယ္ၾသ၀ါဒတရား စာအုပ္အား (၂၀၁၁)ခုႏွစ္တြင္ လည္းေကာင္း၊ ထိုင္းဘာသာမ်ားအေနျဖင့္ မဟာသတိပ႒ာန္ရႈနည္း ပထမတြဲအား (၂၀၁၂)ခုႏွစ္တြင္ လည္းေကာင္း၊ ဒုတိယတြဲအား (၂၀၁၃)ခုႏွစ္တြင္ လည္းေကာင္း၊ တရုတ္ဘာသာအေနျဖင့္ မဟာသတိပ႒ာန္ရႈနည္း စာအုပ္အား (၂၀၁၅)ခုႏွစ္တြင္ လည္းေကာင္း ေရးသားျပဳစုခဲ့ေၾကာင္း သိရသည္။

ဆရာေတာ္အေနျဖင့္ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္၌ ျပည္တြင္း၊ ျပည္ပ ရဟန္းေယာဂီ၊ အမ်ဳိးသမီး၊ အမ်ဳိးသား ေယာဂီတို႔အား တရားေဟာျခင္း ႏွင့္ တရားျပျခင္းမ်ား ျပဳလုပ္ေပးခဲ့သည္မွာ ႏွစ္(၃၀)ေက်ာ္ခဲ့ၿပီ ျဖစ္သည့္အျပင္ ဇာတိျဖစ္သည့္ ၀မ္းတြင္းျမိဳ႕နယ္ သဘြတ္ကုန္းစံျပ ေက်းရြာတြင္လည္း သာသနာျပဳ လုပ္ငန္းမ်ားျဖင့္ သာသနာ့၀န္ကို ထမ္းရြက္ေတာ္မူလ်က္ရွိေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ခေလာင္းဆာမ္၀ါးၿမိဳ႕တြင္လည္း ၀ီရိယဓမၼရိပ္သာမ်ား တည္ေထာင္၍ တရားေဟာ၊ တရာျပသေပးေနလ်က္ရွိသည့္ အျပင္ ထိုင္းႏိုင္ငံ နခြန္ရတ္ခ်ဆီမားခရိုင္ရွိ မဟာခ်ဴလားအာစြမ္ ရိပ္သာဌာန၌ မဟာခ်ဴလားေလာင္ကြန္းရာဇ၀ိဒယာလိုင္း သာသနာ့တကၠသိုလ္ ႏွင့္ အျပည္ျပည္ဆိုင္ရာ သာသနာ့တကၠသိုလ္တို႔ ပူးေပါင္းဖြင့္လွစ္သည့္ ရိပ္သာတြင္လည္း ကမၼ႒ာန္းဆရာအျဖစ္ တာခ်ီလိတ္မွ တစ္ဆင့္ ၾကြေရာက္၍ တရားျပျခင္း၊ တရားေဟာျခင္းမ်ား စသည့္ သာသနာျပဳလုပ္ငန္းမ်ားကို ထမ္းရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္၏ ဦးစီးပဓာန နာယကဆရာေတာ္  မဟာဂႏၱ၀ါစကပ႑ိတ၊ ကမၼ႒ာနာစရိယ၊ မဟာကမၼ႒ာနာစရိယ၊ Ph.D (Vipassana Bhavana MCU)(Thailand)အဂၢမဟာကမၼ႒ာနာစရိယ ေဒါက္တာဘဒၵႏၱ၀ိေရာစနသည္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၂၃)ရက္ေန႔က သက္ေတာ္(၆၆)ႏွစ္ျပည့္ခဲ့ၿပီး ၀ါေတာ္မွာ (၄၆)၀ါရွိၿပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

 နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဆရာတော်ကြီးများ၊ ဂန္တဓုရပရိယတ္တိ၀န်ဆောင် စာချဆရာတော်များ၊ ၀ိပဿနာဓုရ ပဋိပတ္တိ၀န်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့် ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ အပြင် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်သည် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခြင်း ခံရကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်အား နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခဲ့ရာတွင် ၁၉၉၄ခုနှစ်တွင်  မဟာဂန္တဝါစကပဏ္ဍိတ၊ ၂၀၀၃ခုနှစ်တွင် ကမ္မဋ္ဌာနာစရိယ၊ ၂၀၁၃ခုနှစ်တွင် မဟာကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော် နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက် လွတ်လပ်ရေးနေ့တွင် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခြင်း ခံရသည့်အပြင်  ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း တက္ကသိုလ် - Mahachulalongkornrajavidyalaya University မှ   Honarary Doctorate Degree in Vipassana Bhavana Ph.D (Vipassana Bhavana) ဂုဏ်ထူးဆောင် (၀ိပဿနာ) ပါရဂူဘွဲ့အား ၂၀၁၆ခုနှစ် မေလ(၁၅)ရက်နေ့က ဆက်ကပ်လှူဒါန်းခြင်းခံရသည်။

ဆရာတော်၏ ဇာတိမှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ သဘွတ်ကုန်း စံပြကျေးရွာမှ ဖြစ်ပြီး ဦးပေါက်ထွန်း + ဒေါ်လှညွှန့်တို့မှ ဖွားမြင်ခဲ့သည့် မွေးချင်း(၈)ဦးအနက် ဆရာတော်သည် (၄)ယောက်မြောက်ဖြစ်ကာ မွေးချင်း (၈)ဦးတွင် ဆရာတော်အပါအဝင် (၆)ဦးမှာ သာသနာ့ဘောင်သို့ ၀င်ရောက်၍ သာသနာပြုကြပြီး တစ်ပါးမှာ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် သာသနာရေးရာနှင့် ပတ်သက်၍ စာအုပ်များရေးသားပြုစုခဲ့ရာတွင် မြန်မာဘာသာများ အနေဖြင့် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ၀တ်ရွတ်စဉ် စာအုပ်အား (၂၀၀၃)ခုနှစ်တွင် လည်းကောင်း၊ မဟာသတိပဋ္ဌာန်ရှုနည်း ပထမတွဲအား (၂၀၁၀)ခုနှစ်တွင် လည်းကောင်း၊ ဒုတိယတွဲအား (၂၀၁၀)ခုနှစ် အတွင်းတွင် လည်းကောင်း၊ သိမှတ်ဖွယ်သြဝါဒတရား စာအုပ်အား (၂၀၁၁)ခုနှစ်တွင် လည်းကောင်း၊ ထိုင်းဘာသာများအနေဖြင့် မဟာသတိပဋ္ဌာန်ရှုနည်း ပထမတွဲအား (၂၀၁၂)ခုနှစ်တွင် လည်းကောင်း၊ ဒုတိယတွဲအား (၂၀၁၃)ခုနှစ်တွင် လည်းကောင်း၊ တရုတ်ဘာသာအနေဖြင့် မဟာသတိပဋ္ဌာန်ရှုနည်း စာအုပ်အား (၂၀၁၅)ခုနှစ်တွင် လည်းကောင်း ရေးသားပြုစုခဲ့ကြောင်း သိရသည်။

ဆရာတော်အနေဖြင့် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၌ ပြည်တွင်း၊ ပြည်ပ ရဟန်းယောဂီ၊ အမျိုးသမီး၊ အမျိုးသား ယောဂီတို့အား တရားဟောခြင်း နှင့် တရားပြခြင်းများ ပြုလုပ်ပေးခဲ့သည်မှာ နှစ်(၃၀)ကျော်ခဲ့ပြီ ဖြစ်သည့်အပြင် ဇာတိဖြစ်သည့် ၀မ်းတွင်းမြို့နယ် သဘွတ်ကုန်းစံပြ ကျေးရွာတွင်လည်း သာသနာပြု လုပ်ငန်းများဖြင့် သာသနာ့ဝန်ကို ထမ်းရွက်တော်မူလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ ခလောင်းဆာမ်ဝါးမြို့တွင်လည်း ၀ီရိယဓမ္မရိပ်သာများ တည်ထောင်၍ တရားဟော၊ တရာပြသပေးနေလျက်ရှိသည့် အပြင် ထိုင်းနိုင်ငံ နခွန်ရတ်ချဆီမားခရိုင်ရှိ မဟာချူလားအာစွမ် ရိပ်သာဌာန၌ မဟာချူလားလောင်ကွန်းရာဇဝိဒယာလိုင်း သာသနာ့တက္ကသိုလ် နှင့် အပြည်ပြည်ဆိုင်ရာ သာသနာ့တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိပ်သာတွင်လည်း ကမ္မဋ္ဌာန်းဆရာအဖြစ် တာချီလိတ်မှ တစ်ဆင့် ကြွရောက်၍ တရားပြခြင်း၊ တရားဟောခြင်းများ စသည့် သာသနာပြုလုပ်ငန်းများကို ထမ်းရွက်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်  မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ Ph.D (Vipassana Bhavana MCU)(Thailand)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တဝိရောစနသည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့က သက်တော်(၆၆)နှစ်ပြည့်ခဲ့ပြီး ၀ါတော်မှာ (၄၆)၀ါရှိပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~