တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီး လမ္းေပၚတြင္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီး လမ္းေပၚတြင္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
ဇန်နဝါရီ 31, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မသုသာန္အနီး လမ္းေပၚတြင္ နယ္ေျမကင္းလွည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားက  အမ်ဳိးသားတစ္ဦးအား မသကၤာ၍ ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ား ေတြ႔ရွိရ၍ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ရဲအုပ္ ကိုကိုဦး ႏွင့္အဖြဲ႔သည္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၃၁)ရက္ေန႔
ည(၆)နာရီခြဲ ၀န္းက်င္ အခ်ိန္က ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း နယ္ေျမလွည့္ကင္း ေဆာင္ရြက္စဥ္ တာခ်ီလိတ္ၿမိဳ႕ သုသာန္အနီး လမ္းေပၚ၌ ဇစ္ဆြဲခါးပတ္အိတ္သိုင္းလြယ္လာသည့္ အမ်ဳိးသားအား မသကၤာ၍ စစ္ေဆးရာမွ မူးယစ္ေဆး၀ါးတစ္မ်ဳိးျဖစ္ၿပီး အေလးခ်ိန္ စုစုေပါင္း (၂၈)ဂရမ္ခန္႔ရွိ အိုက္(ေရခဲ)မ်ားအား ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိသည့္ သန္႔ဇင္(ခ)သန္႔ဇင္ေအာင္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၁၀/၂၀၁၈၊  မူး/စိတ္ပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ ထားရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မသုသာန်အနီး လမ်းပေါ်တွင် နယ်မြေကင်းလှည့် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများ တွေ့ရှိရ၍ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ် ကိုကိုဦး နှင့်အဖွဲ့သည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့
ည(၆)နာရီခွဲ ဝန်းကျင် အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်စဉ် တာချီလိတ်မြို့ သုသာန်အနီး လမ်းပေါ်၌ ဇစ်ဆွဲခါးပတ်အိတ်သိုင်းလွယ်လာသည့် အမျိုးသားအား မသင်္ကာ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပြီး အလေးချိန် စုစုပေါင်း (၂၈)ဂရမ်ခန့်ရှိ အိုက်(ရေခဲ)များအား တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် သန့်ဇင်(ခ)သန့်ဇင်အောင်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~