ႏွစ္(၇၀)ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ေသြးအလွဴရွင္(၂၄)ဦးမွ စုေပါင္းေသြးလွဴဒါန္း

ႏွစ္(၇၀)ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ေသြးအလွဴရွင္(၂၄)ဦးမွ စုေပါင္းေသြးလွဴဒါန္း
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ႏွစ္(၇၀)ေျမာက္ လြတ္လပ္ေရးေန႔အား ဂုဏ္ျပဳေသာအားျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေသြးအလွဴရွင္ (၂၄)ဦးက စုေပါင္း ေသြးလွဴဒါန္းၾကေၾကာင္း သိရသည္။

စုေပါင္းေသြးလွဴဒါန္းရာတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ (၆)ဦး၊ တာခ်ီလိတ္ ေဂၚရခါးလူမႈကူညီေရး အသင္းမွ (၁၅)ဦးႏွင့္ ေစတနာ ေသြးလွဴရွင္(၃) ဦးတို႔က ကုတင္ (၁၀၀)ဆံ့ တာခ်ီလိတ္ခရိုင္ေဆးရုံႀကီးရွိ ေသြးလွဴဘဏ္ဌာနတြင္ စုေပါင္း လွဴဒါန္းၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ မၾကာခဏေသြးလွဴရွင္လိုအပ္ေလ့ရိွၿပီး ယေန႔ေသြးလွဴဒါန္းသူ(၂၄)ဦးက "A" ေသြးအုပ္စု(၆)လုံး၊ "B"ေသြးအုပ္စု(၇)လုံး၊ ' "O" ေသြးအုပ္စု(၁၁)လုံး စုစုေပါင္း ေသြးပုလင္း (၂၄)လုံးကို လွဴဒါန္းေပးခဲ့ေၾကာင္း သိရသည္။

ေသြးစုေပါင္း လာေရာက္လွဴဒါန္းသူမ်ားအား တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာေရႊ၀င္း ႏွင့္ ေဆးရံုမွ တာ၀န္ရွိသူမ်ားက အားေပးခဲ့ၾကၿပီး  ဓာတ္ခြဲမွဴး ဦးသိန္းေရႊက ေသြးလွဴရွင္မ်ား ေသြးလွဴဒါန္းႏုိင္ရန္အတြက္ စစ္ေဆးမႈမ်ား ျပဳလုပ္ကာ လက္ခံေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ေသြးလွဴဒါန္းလိုသူမ်ားအေနျဖင့္ ျမန္မာဖုန္း - 0941003219 ၊ 09458033459  ႏွင့္ 095242232 သို႔ ဆက္သြယ္ေမးျမန္း၍ လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

ဓါတ္ပံု - ခရိုင္ေဆးရံု


~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၇၀)မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သွေးအလှူရှင် (၂၄)ဦးက စုပေါင်း သွေးလှူဒါန်းကြကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် (၆)ဦး၊ တာချီလိတ် ဂေါ်ရခါးလူမှုကူညီရေး အသင်းမှ (၁၅)ဦးနှင့် စေတနာ သွေးလှူရှင်(၃) ဦးတို့က ကုတင် (၁၀၀)ဆံ့ တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ သွေးလှူဘဏ်ဌာနတွင် စုပေါင်း လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မကြာခဏသွေးလှူရှင်လိုအပ်လေ့ရှိပြီး ယနေ့သွေးလှူဒါန်းသူ(၂၄)ဦးက "A" သွေးအုပ်စု(၆)လုံး၊ "B"သွေးအုပ်စု(၇)လုံး၊ ' "O" သွေးအုပ်စု(၁၁)လုံး စုစုပေါင်း သွေးပုလင်း (၂၄)လုံးကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သွေးစုပေါင်း လာရောက်လှူဒါန်းသူများအား တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း နှင့် ဆေးရုံမှ တာဝန်ရှိသူများက အားပေးခဲ့ကြပြီး ဓာတ်ခွဲမှူး ဦးသိန်းရွှေက သွေးလှူရှင်များ သွေးလှူဒါန်းနိုင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ကာ လက်ခံပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် သွေးလှူဒါန်းလိုသူများအနဖြေင့် မြန်မာဖုန်း - 0941003219၊ 09458033459 နှင့် 095242232 သို့ ဆက်သွယ်မေးမြန်း၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ခရိုင်ဆေးရုံ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~