ဖမ္းဆီးရမိေသာ ဘဂၤါလီမ်ားအား အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ႏွစ္စီခ်မွတ္

ဖမ္းဆီးရမိေသာ ဘဂၤါလီမ်ားအား အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ႏွစ္စီခ်မွတ္
ဇန်နဝါရီ 26, 2018
By Tachileik News Agency

မင္းဘူးၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့သည့့္ဘဂၤါလီ(၁၂)ဦးအနက္မွ (၉)ဦးအား အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ႏွစ္စီ က်ခံေစရန္ မင္းဘူးၿမိဳ႕နယ္တရားရံုးက ဇန္နဝါရီလ (၂၅)ရက္ေန႔တြင္  အမိန္႔ခ်မွတ္ လိုက္ေၾကာင္း သိရသည္။

မင္းဘူးၿမိဳ႕ ဆားပြတ္ေခ်ာင္းတံတား၌ ဇန္နဝါရီလ (၁၈)ရက္ေန႔က ယာဥ္တိုက္မႈျဖစ္ပြားသည့္ ေမာ္ေတာ္ယာဥ္တြင္ ဘဂၤါလီ (၁၂)ဦး တင္ေဆာင္လာသည္ကို ေတြ႔ရျခင္းျဖစ္ၿပီး ဖမ္းဆီးရမိ ခဲ့ေသာ ဘဂၤါလီလူမ်ိဳး (၁၂)ဦး အနက္မွ လူႀကီး(၉)ဦးအား ဇန္နဝါရီလ (၂၂) ရက္ေန႔တြင္ မင္းဘူးၿမိဳ႕နယ္ တရားရံုးသို႔ တရားစဲြတင္ခဲ့ရာ ဇန္နဝါရီလ (၂၅)ရက္ေန႔တြင္ ရာဇသတ္ႀကီးပုဒ္မ ၁၄၁/၁၈ အရ အမိန္႔ ခ်လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဇန္နဝါရီလ (၁၇) ရက္ေန႔ မနက္ (၆) နာရီေလာက္က ဆားပြတ္ေခ်ာင္းတံတားမွာ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး ဇန္နဝါရီ (၁၈)ရက္ မနက္(၈)နာရီေလာက္မွာ တံတားေအာက္ဖက္ကိုင္းေတာထဲ မသကၤာဖြယ္ရာ လူတစ္စု ေရာက္ေနေၾကာင္း သတင္းရတဲ့အတြက္ စခန္းမွဴးကုိသတင္းပို႔ၿပီး နယ္ထိန္းအဖြဲ႔နဲ႔ အတူသြားေရာက္ခဲ့တာမွာ (၁၁) ဦးကို ကနဦးေတြ႕ရိွဖမ္းဆီးရမိခဲ့ပါတယ္။ အဲဒီေနာက္ စစ္ေဆး ေပၚေပါက္ခ်က္အရ က်န္တစ္ဦးကို မင္းဘူးၿမိဳ႕ကားႀကီးကြင္းကေန ထပ္မံဖမ္းဆီးရမိခဲ့တာပါ"ဟု နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္နုိင္နုိင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ ဘဂၤါလီလူမ်ိဳးမ်ားအား ေလးပင္ေက်းရြာအနီးရွိေတာစပ္မွ သက္နုိင္နွင့္ျမင့္ေရႊတုိ႔က တင္ေဆာင္ လာျခင္းျဖစ္ေၾကာင္းသိရသျဖင့္ သက္နိုင္နွင့္ ျမင့္ေရႊအား မင္းဘူးၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃၅/၂၀၁၈၊ ရာဇသတ္ ႀကီးပုဒ္မ ၃၆၇ အရ အမႈဖြင့္အေရးယူကာ ဘဂၤါလီလူမ်ိဳး(၁၂)ဦးအား မင္းဘူးၿမိဳ႕နယ္ လဝကဦးစီးဌာန ဒုတိယဦးစီးမွဴးဦးေအာင္ေက်ာ္စိုးက တရားလုိျပဳလုပ္၍ ၁၉၄၉ခုႏွစ္ ျမန္မာႏိုင္ငံအတြင္း ေနထိုင္သူမ်ား မွတ္ပံုတင္ေရး အက္ဥပေဒပုဒ္မ ၆(၂)/၆(၃)အရ တရားစဲြတင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္ရိွေသာ အသက္ (၁၂)ႏွစ္ႏွင့္ အသက္(၁၆) ႏွစ္အရြယ္ရိွ ဘဂၤါလီ(၃)ဦးအားဇန္နဝါရီလ(၃၁)ရက္ေန႔တြင္ ကေလးသူငယ္ဥပေဒ ၂/၁၈အရ ဆက္လက္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

မင်းဘူးမြို့တွင် ဖမ်းဆီးရမိခဲ့သည့်ဘင်္ဂါလီ(၁၂)ဦးအနက်မှ (၉)ဦးအား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန် မင်းဘူးမြို့နယ်တရားရုံးက ဇန်နဝါရီလ (၂၅)ရက်နေ့တွင် အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။

မင်းဘူးမြို့ ဆားပွတ်ချောင်းတံတား၌ ဇန်နဝါရီလ (၁၈)ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်တွင် ဘင်္ဂါလီ (၁၂)ဦး တင်ဆောင်လာသည်ကို တွေ့ရခြင်းဖြစ်ပြီး ဖမ်းဆီးရမိ ခဲ့သော ဘင်္ဂါလီလူမျိုး (၁၂)ဦး အနက်မှ လူကြီး(၉)ဦးအား ဇန်နဝါရီလ (၂၂) ရက်နေ့တွင် မင်းဘူးမြို့နယ် တရားရုံးသို့ တရားစွဲတင်ခဲ့ရာ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၁၄၁/၁၈ အရ အမိန့် ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ဇန်နဝါရီလ (၁၇) ရက်နေ့ မနက် (၆) နာရီလောက်က ဆားပွတ်ချောင်းတံတားမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ (၁၈)ရက် မနက်(၈)နာရီလောက်မှာ တံတားအောက်ဖက်ကိုင်းတောထဲ မသင်္ကာဖွယ်ရာ လူတစ်စု ရောက်နေကြောင်း သတင်းရတဲ့အတွက် စခန်းမှူးကိုသတင်းပို့ပြီး နယ်ထိန်းအဖွဲ့နဲ့ အတူသွားရောက်ခဲ့တာမှာ (၁၁) ဦးကို ကနဦးတွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက် စစ်ဆေး ပေါ်ပေါက်ချက်အရ ကျန်တစ်ဦးကို မင်းဘူးမြို့ကားကြီးကွင်းကနေ ထပ်မံဖမ်းဆီးရမိခဲ့တာပါ"ဟု နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နိုင်နိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဘင်္ဂါလီလူမျိုးများအား လေးပင်ကျေးရွာအနီးရှိတောစပ်မှ သက်နိုင်နှင့်မြင့်ရွှေတို့က တင်ဆောင် လာခြင်းဖြစ်ကြောင်းသိရသဖြင့် သက်နိုင်နှင့် မြင့်ရွှေအား မင်းဘူးမြို့မရဲစခန်းတွင် (ပ)၁၃၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၆၇ အရ အမှုဖွင့်အရေးယူကာ ဘင်္ဂါလီလူမျိုး(၁၂)ဦးအား မင်းဘူးမြို့နယ် လဝကဦးစီးဌာန ဒုတိယဦးစီးမှူးဦးအောင်ကျော်စိုးက တရားလိုပြုလုပ်၍ ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/၆(၃)အရ တရားစွဲတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိသော အသက် (၁၂)နှစ်နှင့် အသက်(၁၆) နှစ်အရွယ်ရှိ ဘင်္ဂါလီ(၃)ဦးအားဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကလေးသူငယ်ဥပဒေ ၂/၁၈အရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~