တာခ်ီလိတ္တြင္ အထက(တာခ်ီလိတ္)၏ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ က်င္းပ

တာခ်ီလိတ္တြင္ အထက(တာခ်ီလိတ္)၏ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ က်င္းပ
ဇန်နဝါရီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ကို ဇန္နဝါရီလ (၆)ရက္ေန႔ နံနက္က အဆိုပါ ေက်ာင္း၀န္း အတြင္း၌ က်င္းပကာ အလွဴရွင္မ်ားအား ဂုဏ္ျပဳလက္မွတ္ႏွင့္ ထူးခြ်န္ေက်ာင္းသား/သူမ်ားအား ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ပညာေရးစံုညီပြဲေတာ္ အခမ္းအနားအား စတင္ဖြင့္လွစ္ျခင္း အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္လ၀ကမွ ဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္၊ ၿမိဳ႕မိၿမိဳ႕ဖ ဦးၾကည္ျမင့္ ႏွင့္ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔ ဥကၠဌ ဦးေဇာ္ျမင့္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးခဲ့ၾကသည္။

ယင္းေနာက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက စံုညီပြဲေတာ္ တို႔ႏႊဲေပ်ာ္သီခ်င္း သီဆိုေဖ်ာ္ေျဖၿပီး ေက်ာင္းအုပ္ႀကီး ဦးေအးသိန္းက အဖြင့္အမွာစကားႏွင့္အတူ ေက်ာင္းအတြင္း သန္႔ရွင္းသာယာလွပေရး အတြက္ အဖက္ဖက္မွ ပံ့ပိုးကူညီေပးခဲ့ၾကသူမ်ားအား ေက်းဇူးတင္စကား ေျပာၾကားသည္။

ဆက္လက္၍ အထက မူႀကိဳေက်ာင္းသူေလးမ်ား အပါအဝင္ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက အကမ်ားႏွင့္အတူ သီဆိုေဖ်ာ္ေျဖမႈမ်ားျဖင့္ တင္ဆက္ၾကေၾကာင္း သိရသည္။

အဆိုပါ စံုညီပြဲေတာ္တြင္ ေက်ာင္းသာယာလွပေရးအတြက္ ပံ့ပိုးေပးေသာ အလွဴရွင္မ်ားအား ဂုုဏ္ျပဳ လက္မွတ္မ်ား ခ်ီးျမႇင့္ျခင္း၊  ဘာသာရပ္စြမ္းရည္ဆုမ်ား ခ်ီးျမႇင့္ျခင္း၊ အဂၤလိပ္စြမ္းရည္ၿပိဳင္ပြဲဆုမ်ား၊ ဘက္စံုဖြံ႕ၿဖိဳးေရးဆုမ်ား ႏွင့္ အားကစားဆုမ်ား ခ်ီးျမႇင့္ေၾကာင္း သိရသည္။

အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အား (၁၉၅၅)ခုႏွစ္၀န္းက်င္က စတင္ဖြင့္ခဲ့ျခင္းျဖစ္ၿပီး ၁၉၅၅ခုႏွစ္မွ စ၍ ၂၀၁၇ခုႏွစ္အထိ ေက်ာင္းအုပ္ဆရာႀကီး (၁၇)ဦး တာ၀န္ထမ္းေဆာင္ခဲ့ၾကရာ လက္ရွိ ၂၀၁၇ခုႏွစ္တြင္ ဆရာႀကီး ဦးေအးသိန္းမွ တာ၀န္ထမ္းေဆာင္ေနလ်က္ရွိသည္။

ဓါတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၆)ရက်နေ့ နံနက်က အဆိုပါ ကျောင်းဝန်း အတွင်း၌ ကျင်းပကာ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်နှင့် ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားအား စတင်ဖွင့်လှစ်ခြင်း အဖြစ် တာချီလိတ်မြို့နယ်လဝကမှ ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်၊ မြို့မိမြို့ဖ ဦးကြည်မြင့် နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးဇော်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော်သီချင်း သီဆိုဖျော်ဖြပြေီး ကျောင်းအုပ်ကြီး ဦးအေးသိန်းက အဖွင့်အမှာစကားနှင့်အတူ ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့ကြသူများအား ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ အထက မူကြိုကျောင်းသူလေးများ အပါအဝင် ကျောင်းသား၊ ကျောင်းသူလေးများက အကများနှင့်အတူ သီဆိုဖျော်ဖြေမှုများဖြင့် တင်ဆက်ကြကြောင်း သိရသည်။

အဆိုပါ စုံညီပွဲတော်တွင် ကျောင်းသာယာလှပရေးအတွက် ပံ့ပိုးပေးသော အလှူရှင်များအား ဂုဏ်ပြု လက်မှတ်များ ချီးမြှင့်ခြင်း၊ ဘာသာရပ်စွမ်းရည်ဆုများ ချီးမြှင့်ခြင်း၊ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲဆုများ၊ ဘက်စုံဖွံ့ဖြိုးရေးဆုများ နှင့် အားကစားဆုများ ချီးမြှင့်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အား (၁၉၅၅)ခုနှစ်ဝန်းကျင်က စတင်ဖွင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၅ခုနှစ်မှ စ၍ ၂၀၁၇ခုနှစ်အထိ ကျောင်းအုပ်ဆရာကြီး (၁၇)ဦး တာဝန်ထမ်းဆောင်ခဲ့ကြရာ လက်ရှိ ၂၀၁၇ခုနှစ်တွင် ဆရာကြီး ဦးအေးသိန်းမှ တာဝန်ထမ်းဆောင်နေလျက်ရှိသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~