ဘားအံၿမိဳ႕နယ္တြင္ မူးယစ္ေဆးေရာင္းသည့္ ေနအိမ္သို႔ ၀င္ေရာက္ ဖမ္းဆီးရာမွ ပစ္ခတ္မႈျဖစ္ပြား၍ ဖမ္းဆီးေရးအဖြဲ႕မွ ေလးဦးဒဏ္ရာရၿပီး တစ္ဦးစိုးရိမ္ရ

ဘားအံၿမိဳ႕နယ္တြင္ မူးယစ္ေဆးေရာင္းသည့္ ေနအိမ္သို႔ ၀င္ေရာက္ ဖမ္းဆီးရာမွ ပစ္ခတ္မႈျဖစ္ပြား၍ ဖမ္းဆီးေရးအဖြဲ႕မွ ေလးဦးဒဏ္ရာရၿပီး တစ္ဦးစိုးရိမ္ရ
ဇန်နဝါရီ 24, 2018
By Tachileik News Agency

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ ေနာင္ကၿမိဳင္ေက်းရြာတြင္ မူးယစ္ေဆးဝါး ေရာင္းခ်ေနသည္ဟု သတင္းရေသာ ေနအိမ္အား ဇန္နဝါရီလ (၂၃)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္တြင္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ ပူးေပါင္းအဖြဲ႔ျဖင့္ ဝင္ေရာက္ ဖမ္းဆီးရာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ဖမ္းဆီးသည့္ အဖြဲ႔မွ ေလးဦး ဒဏ္ရာရသြားၿပီး KNU/KNLA(PC) ယူနီေဖာင္းမ်ားႏွင့္ လက္နက္၊က်ည္၊ စိတ္ၾကြရူးသြပ္ေဆးျပားတို႔ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေစာခ်စ္ခ်ဳံ၏ ႏွစ္အိမ္၌ မူးယစ္ေဆးဝါး ေရာင္းခ်ေနေၾကာင္း သတင္းအရ ဘားအံခရိုင္ရဲတပ္ဖြဲ႕ ၊ ခမရ(၂၀၃)မွ တပ္မေတာ္သားမ်ားအဖြဲ႕ႏွင့္ သက္ေသေလးဦးတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ သြားေရာက္ ဖမ္းဆီးရာ ေစာခ်စ္ခ်ဳံႏွင့္အဖြဲ႕က ေနအိမ္အတြင္းမွ လက္နက္ငယ္ျဖင့္ (၇ ) ခ်က္ခန္႔ ပစ္ခတ္ခဲ့သျဖင့္ ပူးေပါင္းအဖြဲ႕မွ ျပန္လည္ပစ္ခတ္ခဲ့ရာ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္မႈမ်ားေၾကာင့္ ဘားအံခရိုင္ရဲတပ္ဖြဲ႕မွ ရဲအုပ္ သက္စိုးဦးတြင္ ယာေပါင္က်ည္ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္၊ ဝဲေျခသလုံး ရွပ္ထိဒဏ္ရာ တစ္ခ်က္၊ ဒုရဲအုပ္ ပုလဲျမတြင္ ယာေျခက်င္းဝတ္ပြန္း ပဲ့ဒဏ္ရာ တစ္ခ်က္၊ သက္ေသတစ္ဦးတြင္ ယာရင္ဘတ္ က်ည္ေဖာက္ဝင္ဒဏ္ရာႏွစ္ခ်က္ျဖင့္ စိုးရိမ္ရသည့္ အေျခအေနတြင္ ရိွေနၿပီး သက္ေသတစ္ဦးတြင္ ဝဲေပါင္က်ည္ ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္တို႔ ရသြားေၾကာင္း သိရသည္။

အဆိိုပါ ေနအိမ္အတြင္းမွ အိမ္ရွင္ျဖစ္သူ ေစာခ်စ္ခ်ဳံ၊ ေစာလြီညြန္႔ (ခ)နဂါး(ခ)လက္ညိဳး၊ စိုးမင္းေအာင္တို႔ သံုးဦးအား  ဒဏ္ရာအနည္းငယ္စီျဖင့္ဖမ္းဆီးရမိၿပီး အျခား အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး (၃)ဦးတို႔ကိုလည္း ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေစာခ်စ္ခ်ဳံ၏အိမ္ အိပ္ခန္းအတြင္းႏွင့္ အိမ္ေရွ႕တြင္ရပ္ထားသည့္ ေမာေတာ္ယာဥ္အတြင္းမွ WY စိတ္ႂကြ ေဆးျပား (၆၁၀၀) ျပား၊ ၿခံဝင္းအတြင္းမွ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးႏွင့္ ေမာ္ေတာ္ယာဥ္တစ္စီး၊ M-16 ေသနတ္သံုးလက္ႏွင့္ က်ည္ (၂၉၂) ေတာင့္၊ ၎က်ည္အိမ္ (၂၄) ခု၊ AR-15 ေသနတ္တစ္လက္၊ ၄၀ မမ ဗုံးပစ္ေလာင္ခ်ာတစ္လက္ႏွင့္ ဗုံးသီး (၂၄) လုံး၊ (.၂)၂ ေျပာင္းရွည္ တစ္လက္ႏွင့္ က်ည္ အိမ္ တစ္ခု၊ က်ည္ ငါး ေတာင့္၊ (.၃၀) ကာဘိုင္က်ည္ (၁၂၇) ေတာင့္ႏွင့္ က်ည္အိမ္ ၇ ခု၊ KNU/KNLA(PC) တံဆိပ္ပါ စစ္အသုံးအေဆာင္ အဝတ္အစားဖိနပ္၊ ဆက္စပ္ ပစၥည္းမ်ိဳးစုံႏွင့္ ၅.၅၆ က်ည္ခြံ ၅ ခု အားလည္းေကာင္း ရွာေဖြေတြ႕ ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူ (၇)ဦးအား ဘားအံျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ၿပီးေနာက္ ဒဏ္ရာျပင္းထန္သည့္ သက္ေသတစ္ဦးအား ဘားအံျပည္သူ႔ ေဆး႐ုံႀကီးမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္း ကုသခဲ့ကာ ေစာခ်စ္ခ်ဳံပါ သံုးဦးအား ဘားအံေဆး႐ုံအခ်ဳပ္၌ စက္မႈဇုန္နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားမွ လုံျခဳံေရး ေစာင့္ၾကပ္လ်က္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၊လက္နက္တို႔နွင့္အတူ ဖမ္းဆီးရမိသည့္ ေစာခ်စ္ခ်ဳံပါ ၁၀ ဦးအား ဘားအံၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃/၂၀၁၈ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ျဖင့္ လည္းေကာင္း၊ (ပ)၂၈၂/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၃၃/၃၃၂ (တာဝန္ထမ္းေဆာင္ေနေသာ ျပည္သူ႔ဝန္ထမ္းအား ျပင္းထန္ နာက်င္ေစမႈ၊ သာမန္နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သတင်းရသော နေအိမ်အား ဇန်နဝါရီလ (၂၃)ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသည့် အဖွဲ့မှ လေးဦး ဒဏ်ရာရသွားပြီး KNU/KNLA(PC) ယူနီဖောင်းများနှင့် လက်နက်၊ကျည်၊ စိတ်ကြွရူးသွပ်ဆေးပြားတို့ ဖမ်းဆီးရမိကြောင်း သိရသည်။

စောချစ်ချုံ၏ နှစ်အိမ်၌ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ဘားအံခရိုင်ရဲတပ်ဖွဲ့ ၊ ခမရ(၂၀၃)မှ တပ်မတော်သားများအဖွဲ့နှင့် သက်သေလေးဦးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် ဖမ်းဆီးရာ စောချစ်ချုံနှင့်အဖွဲ့က နေအိမ်အတွင်းမှ လက်နက်ငယ်ဖြင့် (၇ ) ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုများကြောင့် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် သက်စိုးဦးတွင် ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲခြေသလုံး ရှပ်ထိဒဏ်ရာ တစ်ချက်၊ ဒုရဲအုပ် ပုလဲမြတွင် ယာခြေကျင်းဝတ်ပွန်း ပဲ့ဒဏ်ရာ တစ်ချက်၊ သက်သေတစ်ဦးတွင် ယာရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး သက်သေတစ်ဦးတွင် ဝဲပေါင်ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ ရသွားကြောင်း သိရသည်။

အဆိိုပါ နေအိမ်အတွင်းမှ အိမ်ရှင်ဖြစ်သူ စောချစ်ချုံ၊ စောလွီညွန့် (ခ)နဂါး(ခ)လက်ညိုး၊ စိုးမင်းအောင်တို့ သုံးဦးအား  ဒဏ်ရာအနည်းငယ်စီဖြင့်ဖမ်းဆီးရမိပြီး အခြား အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

စောချစ်ချုံ၏အိမ် အိပ်ခန်းအတွင်းနှင့် အိမ်ရှေ့တွင်ရပ်ထားသည့် မောတော်ယာဉ်အတွင်းမှ WY စိတ်ကြွ ဆေးပြား (၆၁၀၀) ပြား၊ ခြံဝင်းအတွင်းမှ မော်တော်ဆိုင်ကယ်တစ်စီးနှင့် မော်တော်ယာဉ်တစ်စီး၊ M-16 သေနတ်သုံးလက်နှင့် ကျည် (၂၉၂) တောင့်၊ ၎င်းကျည်အိမ် (၂၄) ခု၊ AR-15 သေနတ်တစ်လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာတစ်လက်နှင့် ဗုံးသီး (၂၄) လုံး၊ (.၂)၂ ပြောင်းရှည် တစ်လက်နှင့် ကျည် အိမ် တစ်ခု၊ ကျည် ငါး တောင့်၊ (.၃၀) ကာဘိုင်ကျည် (၁၂၇) တောင့်နှင့် ကျည်အိမ် ၇ ခု၊ KNU/KNLA(PC) တံဆိပ်ပါ စစ်အသုံးအဆောင် အဝတ်အစားဖိနပ်၊ ဆက်စပ် ပစ္စည်းမျိုးစုံနှင့် ၅.၅၆ ကျည်ခွံ ၅ ခု အားလည်းကောင်း ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ (၇)ဦးအား ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သည့် သက်သေတစ်ဦးအား ဘားအံပြည်သူ့ ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသခဲ့ကာ စောချစ်ချုံပါ သုံးဦးအား ဘားအံဆေးရုံအချုပ်၌ စက်မှုဇုန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေး၊လက်နက်တို့နှင့်အတူ ဖမ်းဆီးရမိသည့် စောချစ်ချုံပါ ၁၀ ဦးအား ဘားအံမြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၈ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ ဖြင့် လည်းကောင်း၊ (ပ)၂၈၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၃၃၂ (တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ပြင်းထန် နာကျင်စေမှု၊ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~