ဟာသ သရုပ္ေဆာင္ ရဲေထြးေအာင္ (ခ)ေအာင္ရဲေထြးေသဆံုးမႈမွ ရိုက္ႏွက္သူ (၃)ဦးအား ဖမ္းဆီးရမိထား

ဟာသ သရုပ္ေဆာင္ ရဲေထြးေအာင္ (ခ)ေအာင္ရဲေထြးေသဆံုးမႈမွ ရိုက္ႏွက္သူ (၃)ဦးအား ဖမ္းဆီးရမိထား
ဇန်နဝါရီ 4, 2018
By Tachileik News Agency

လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဟာသသရုပ္ေဆာင္အျဖစ္ လူသိမ်ားသူ ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြးမွာ ရန္ကုန္ၿမိဳ႕တြင္ ႏွစ္သစ္ကူးေန႔က က်င္းပသည့္ The Space ပါတီပြဲ၌ ရိုက္ႏွက္ခံရသည့္ ဒဏ္ရာမ်ားျဖင့္ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ေသဆံုးသြားရာ ၎အားရိုက္ႏွက္ခဲ့သူ (၃)ဦးလံုးကို ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕က ဇန္နဝါရီလ (၄)ရက္ေန႔တြင္ ဖမ္းဆီးရမိထားၿပီးျဖစ္ေၾကာင္း သိရသည္။

ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြးသည္ ဇန္နဝါရီလ (၁) ရက္ေန႔က သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သုဝဏၰရွိ The One Entertainment ဝင္း၌ ျပဳလုပ္ေသာ The Space ပါတီပြဲ၏ VVIP စင္ေပၚ၌ ကခုန္ေနစဥ္ နံနက္ (၃)နာရီခန္႔တြင္ ယခင္ကခုိက္ရန္ျဖစ္ခဲ့ဖူးသူမ်ားျဖစ္သည့္ သန္းထြဋ္ေအာင္(ခ)သားႀကီး၊ ျပည့္ၿဖိဳးေအာင္(ခ)ေအာင္ေလးႏွင့္ ေက်ာ္ေဇာဟန္ (ခ)ေက်ာ္ေဇာတို႔ (၃)ဦးက ဝုိင္းဝန္း ထုိးႀကိတ္ေျခေထာက္ျဖင့္ ကန္ေၾကာက္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရိုက္ႏွက္ခံရမႈမွ ရရိွေသာဒဏ္ရာမ်ားျဖင့္ ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြးမွာ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးတြင္ ဇန္နဝါရီလ (၁)ရက္ေန႔ နံနက္ (၆)နာရီခြဲခန္႔တြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနစဥ္ ဇန္နဝါရီလ (၂)ရက္ေန႔ နံနက္ (၂) နာရီ (၃၅)မိနစ္တြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြး၏ အစ္ကုိျဖစ္သူ ဦးသန္႔ဇင္ဦးက တရားလုိျပဳလုပ္တုိင္တန္းခဲ့သျဖင့္ သုဝဏၰ နယ္ေျမရဲစခန္းတြင္ ဇန္နဝါရီလ (၁)ရက္ေန႔က (ပ) ၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္ ၃၂၅/၁၁၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ခဲ့ရာမွ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ ျဖင့္ ေျပာင္းလဲစစ္ေဆး ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲေထြးေအာင္ (ခ) ေအာင္ရဲေထြးအား ရိုက္ႏွက္ခဲ့သူမ်ားအား ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွ ရဲတပ္ဖြဲ႔ဝင္မ်ားက စုံစမ္းေဆာင္ရြက္ခဲ့ရာ ဇန္နဝါရီလ (၃)ရက္ေန႔တြင္ သန္းထြဋ္ေအာင္(ခ)သားႀကီးအား ၎၏ ဖခင္ျဖစ္သူမွ လည္းေကာင္း၊ ျပည့္ၿဖိဳးေအာင္ (ခ)ေအာင္ေလးအား ၎၏မိခင္ျဖစ္သူမွ လည္းေကာင္း သုဝဏၰနယ္ေျမရဲစခန္းသို႔ လာေရာက္ပုိ႔အပ္ခဲ့ၿပီး ဇန္နဝါရီလ (၄)ရက္ေန႔တြင္ ေက်ာ္ေဇာဟန္(ခ)ေက်ာ္ေဇာအား ၎၏မိဘမ်ားက လည္းေကာင္း ရဲစခန္းသို႔ အသီးသီး လာေရာက္ပို႔အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔၊ Aung Yell Htwe


~~~~~~~~⊰❂ unicode ~~~~~~~~

လူမှုကွန်ယက်စာမျက်နှာတွင် ဟာသသရုပ်ဆောင်အဖြစ် လူသိများသူ ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ ရန်ကုန်မြို့တွင် နှစ်သစ်ကူးနေ့က ကျင်းပသည့် The Space ပါတီပွဲ၌ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် ဇန်နဝါရီလ (၂)ရက်နေ့တွင် သေဆုံးသွားရာ ၎င်းအားရိုက်နှက်ခဲ့သူ (၃)ဦးလုံးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၄)ရက်နေ့တွင် ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရသည်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးသည် ဇန်နဝါရီလ (၁) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်း၌ ပြုလုပ်သော The Space ပါတီပွဲ၏ VVIP စင်ပေါ်၌ ကခုန်နေစဉ် နံနက် (၃)နာရီခန့်တွင် ယခင်ကခိုက်ရန်ဖြစ်ခဲ့ဖူးသူများဖြစ်သည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇောဟန် (ခ)ကျော်ဇောတို့ (၃)ဦးက ဝိုင်းဝန်း ထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုက်နှက်ခံရမှုမှ ရရှိသောဒဏ်ရာများဖြင့် ရဲထွေးအောင် (ခ) အောင်ရဲထွေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၆)နာရီခွဲခန့်တွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေစဉ် ဇန်နဝါရီလ (၂)ရက်နေ့ နံနက် (၂) နာရီ (၃၅)မိနစ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲထွေးအောင် (ခ) အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် သုဝဏ္ဏ နယ်မြေရဲစခန်းတွင် ဇန်နဝါရီလ (၁)ရက်နေ့က (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးအား ရိုက်နှက်ခဲ့သူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ (၃)ရက်နေ့တွင် သန်းထွဋ်အောင်(ခ)သားကြီးအား ၎င်း၏ ဖခင်ဖြစ်သူမှ လည်းကောင်း၊ ပြည့်ဖြိုးအောင် (ခ)အောင်လေးအား ၎င်း၏မိခင်ဖြစ်သူမှ လည်းကောင်း သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်ပို့အပ်ခဲ့ပြီး ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျော်ဇောဟန်(ခ)ကျော်ဇောအား ၎င်း၏မိဘများက လည်းကောင်း ရဲစခန်းသို့ အသီးသီး လာရောက်ပို့အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓါတ်ပုံ - ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊  Aung Yell Htwe

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~