လိြဳင္ေကာ္တြင္ က်င္းပေနသည့္ ကယားျပည္နယ္ေန႔ပြဲေတာ္ တုိင္းရင္းသားရိုးရာ ယဥ္ေက်းမႈအကၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ ၅၇ ဖြဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ေန

လိြဳင္ေကာ္တြင္ က်င္းပေနသည့္ ကယားျပည္နယ္ေန႔ပြဲေတာ္ တုိင္းရင္းသားရိုးရာ ယဥ္ေက်းမႈအကၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ ၅၇ ဖြဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ေန
ဇန်နဝါရီ 12, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ က်င္းပေနသည့္ ကယားျပည္နယ္ေန႔ပြဲေတာ္တြင္ တုိင္းရင္းသားရုိးရာ ယဥ္ေက်းမႈ အကၿပိဳင္ပြဲအား ဇန္နဝါရီလ (၁၀)ရက္ေန႔မွ (၁၃)ရက္ေန႕အထိ ယွဥ္ၿပိဳင္ေနရာ ၿပိဳင္ပြဲ၀င္ အဖြဲ႕ေပါင္း (၅၇)ဖြဲ႕ ၀င္ေရာက္ ယွဥ္ၿပိဳင္ေနေၾကာင္း သိရသည္။

 (၆၆) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္တြင္ တိုင္းရင္းသားရိုးရာ ယဥ္ေက်းမွဳအကၿပိဳင္ပြဲမ်ား ၊ ကႏၵရ၀တီအလွမယ္ၿပိဳင္ပြဲ၊ စက္ဘီးစီးၿပိဳင္ပြဲ ၊ မီနီမာရသြန္ၿပိဳင္ပြဲ ႏွင့္ အျခားရိုုးရာ အားကစား နည္းမ်ိဳးစံုၿပိဳင္ပြဲမ်ားအျပင္  ထိုင္းကုန္စည္ အေရာင္းျပခန္းမ်ား အပါအဝင္ ဌာနဆုိင္ရာႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား၏ ျပခန္းမ်ား၊ အခမဲ့ ေဖ်ာ္ေျဖေရးပြဲမ်ားျဖင့္ ဇန္နဝါရီလ (၁၀)ရက္ေန႔မွ (၁၉)ရက္ေန႔အထိ က်င္းပေနေၾကာင္း သိရသည္။

 ပြဲေတာ္ကာလအတြင္း ဇန္နဝါရီလ (၁၂)ရက္ေန႔၌ ေရႊမဟာဇာတ္သဘင္ ေဖ်ာ္ေျဖမည္ျဖစ္ကာ (၁၃)ရက္ေန႔မွ (၁၅)ရက္ေန႔အထိ ေရႊထိပ္တင္ဇာတ္သဘင္ႏွင့္ က်န္ရက္မ်ားတြင္ New Five Star အဖြဲ႕၊ ေမတၱာ၊ ပြမ္ပြမ္ စသည့္ ဟာသလူရႊင္ေတာ္မ်ားျဖင့္ အခမဲ့ ေဖ်ာ္ေျဖေပးသြားမည္ျဖစ္ၿပီး ဇန္နဝါရီလ (၁၄)ရက္ေန႔တြင္ အင္ပါယာ ေတးဂီတအဖြဲ႕၊ ဇန္နဝါရီလ (၁၅) ရက္ေန႔တြင္ TheThree Brand ေတးဂီတအဖြဲ႔ ၊ ဇန္နဝါရီလ(၁၆) ရက္ေန႔တြင္ Iron Corssေတးဂီတအဖြဲ႔တို႔၏ Free Show ေဖ်ာ္ေျဖမွဳ မ်ား၊ စတိတ္ရွိဳးပြဲမ်ားႏွင့္ ဇန္နဝါရီလ(၁၉) ရက္ေန႔တြင္ Dagon Charity Music Tour 2018 ႐ႈိးပြဲမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #ျပည္နယ္အစိုးရအဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်တွင် ကျင်းပနေသည့် ကယားပြည်နယ်နေ့ပွဲတော် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၅၇ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်နေ
***************
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပနေသည့် ကယားပြည်နယ်နေ့ပွဲတော်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲအား ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ယှဉ်ပြိုင်နေရာ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း (၅၇)ဖွဲ့ ၀င်ရောက် ယှဉ်ပြိုင်နေကြောင်း သိရသည်။

 (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲများ ၊ ကန္ဒရဝတီအလှမယ်ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ ၊ မီနီမာရသွန်ပြိုင်ပွဲ နှင့် အခြားရိုုးရာ အားကစား နည်းမျိုးစုံပြိုင်ပွဲများအပြင်  ထိုင်းကုန်စည် အရောင်းပြခန်းများ အပါအဝင် ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ပြခန်းများ၊ အခမဲ့ ဖျော်ဖြေရေးပွဲများဖြင့် ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပနေကြောင်း သိရသည်။

 ပွဲတော်ကာလအတွင်း ဇန်နဝါရီလ (၁၂)ရက်နေ့၌ ရွှေမဟာဇာတ်သဘင် ဖျော်ဖြေမည်ဖြစ်ကာ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ ရွှေထိပ်တင်ဇာတ်သဘင်နှင့် ကျန်ရက်များတွင် New Five Star အဖွဲ့၊ မေတ္တာ၊ ပွမ်ပွမ် စသည့် ဟာသလူရွှင်တော်များဖြင့် အခမဲ့ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၁၄)ရက်နေ့တွင် အင်ပါယာ တေးဂီတအဖွဲ့၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် TheThree Brand တေးဂီတအဖွဲ့ ၊ ဇန်နဝါရီလ(၁၆) ရက်နေ့တွင် Iron Corssတေးဂီတအဖွဲ့တို့၏ Free Show ဖျော်ဖြေမှု များ၊ စတိတ်ရှိုးပွဲများနှင့် ဇန်နဝါရီလ(၁၉) ရက်နေ့တွင် Dagon Charity Music Tour 2018 ရှိုးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~