နယ္စပ္ေဒသမ်ားအတြင္း မီးခိုးျမဴကင္းစင္ေရးအတြက္ ျမန္မာ၊ ထုိင္းႏွင့္ လာအိုႏုိင္ငံတုိ႔ ပူးေပါင္းေဆာင္ရြက္မည္

နယ္စပ္ေဒသမ်ားအတြင္း မီးခိုးျမဴကင္းစင္ေရးအတြက္ ျမန္မာ၊ ထုိင္းႏွင့္ လာအိုႏုိင္ငံတုိ႔ ပူးေပါင္းေဆာင္ရြက္မည္
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ျမန္မာႏိုင္ငံ၊ ထုိင္းနိုင္ငံႏွင့္ လာအိုႏိုင္ငံအၾကားရွိ နယ္စပ္တစ္ေလွ်ာက္ ေဒသမ်ားအတြင္း မီးခိုးျမဴ ကင္းစင္ေရး အတြက္ ၂၀၁၈ ခုႏွစ္တြင္ ပူးေပါင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ထုိင္းတပ္မေတာ္ တပ္မဟာ (၃) ၏ ဒုတိယဗုိလ္ခ်ဳပ္ႀကီး Wichak Siribansop က ေျပာၾကားခ်က္ကို ထုိင္းသတင္းဌာန (Thai News Agency) က ကိုးကားေဖၚျပသည္။

ထုိင္းႏုိင္ငံေျမာက္ပိုင္းေဒသ အပါအဝင္ ဆက္စပ္ေနသည့္ နယ္စပ္ေဒသမ်ားတြင္ မီးခိုးျမဴဖံုးလႊမ္းမႈကို ကာကြယ္ရန္ အဆိုပါ သံုးႏုိင္ငံ ပူးေပါင္းေဆာင္ရြက္မႈသည္ အေရးႀကီးၿပီး ထိုင္းႏုိင္ငံတြင္း ေတာမီးရိႈ႕ျခင္း ဆန္႔က်င္သည့္ လႈပ္ရွားမႈမ်ားကို ထိုင္းနိုင္ငံေျမာက္ပိုင္းေဒသျဖစ္သည့္ ခ်င္းရိုင္းခရိုင္းအတြင္း အဓိက လုပ္ေဆာင္မည္ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီးက ဆုိသည္။

အဆိုပါေဒသမ်ားတြင္ မီးခိုးျမဴဖံုးလႊမ္းျခင္း၏ ၉၉ ရာခုိင္ႏႈန္းမွာ လူတို႔၏ လုပ္ေဆာင္ခ်က္ေၾကာင့္ ျဖစ္သျဖင့္ ေတာမီးရိႈ႕ျခင္း ဆန္႔က်င္သည့္ လႈပ္ရွားမႈ လူထုအသိပညာေပး လႈပ္ရွားမႈမ်ားအတြက္ ေဒသတြင္းမွ ကူညီ လုပ္ေဆာင္ေပးမည့္သူမ်ား လုိအပ္သည္ဟု ၎က ဆိုသည္။

ယင္းကဲ့သို႔ ပူးေပါင္းေဆာင္ရြက္မႈ အစီအစဥ္အရ ေဒသတြင္း မီးခိုးျမဴဖံုးလႊမ္းမႈကို ၿပီးခဲ့သည့္ ႏွစ္ကထက္ (၆၀) ရာခုိင္ႏႈန္း အထိ ေလွ်ာ့ခ်ႏုိင္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။

ေတာမီးရႈိ႔မႈမ်ားေၾကာင့္ ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္ၿမိဳ႕တို႔တြင္ မီးခိုးမ်ား ဖံုးလႊမ္းေနသည့္အတြက္ ၂၀၁၆ခုႏွစ္  မတ္လ(၂၅)ရက္ေန႔  ညေန(၃)နာရီ၀န္းက်င္ အခ်ိန္က ထိုင္းႏိုင္ငံ၊ ဖိစႏူးလုတ္ခရိုင္ အေျခစိုက္ အမွတ္(၄၆)ေလတပ္ရင္းမွ ပ်ံသန္းေရးအဖြဲ႔ အမွတ္(၄၁၅)မွ အရာရွိ၊ စစ္သည္ (၄၅)ဦး ပါ၀င္ေသာ အဖြဲ႔သည္ ေလယာဥ္အမွတ္ (၁၅၆) ေလယာဥ္ အမ်ဳိးအစား (BT.67)ျဖင့္ မယ္ဆိုင္ၿမိဳ႕တြင္း ႏွင့္ နယ္စပ္တြင္ မိုးအတု ရြာသြန္းေပးခဲ့ရျခင္းလည္း ရွိခဲ့ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ေဒသျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္လည္း မတ္လမွ ေမလအထိ ေတာမီးရိႈ႕ျခင္းမ်ားေၾကာင့္ မီးခိုးျမဴမ်ား ဖံုးလႊမ္းေလ့ရိွရာ ရံဖန္ရံခါ ေလယာဥ္ဆင္းသက္ရန္ အခက္အခဲ ျဖစ္ေလ့ရိွသည္အထိ ဖံုးလႊမ္းတတ္ေၾကာင္း သိရသည္။

ဇာႏွင္း
Ref: Bernama


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံအကြားရှိ နယ်စပ်တစ်လျှောက် ဒေသများအတွင်း မီးခိုးမြူ ကင်းစင်ရေး အတွက် ၂၀၁၈ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထိုင်းတပ်မတော် တပ်မဟာ (၃) ၏ ဒုတိယဗိုလ်ချုပ်ကြီး Wichak Siribansop က ပြောကြားချက်ကို ထိုင်းသတင်းဌာန (Thai News Agency) က ကိုးကားဖေါ်ပြသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ အပါအဝင် ဆက်စပ်နေသည့် နယ်စပ်ဒေသများတွင် မီးခိုးမြူဖုံးလွှမ်းမှုကို ကာကွယ်ရန် အဆိုပါ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပြီး ထိုင်းနိုင်ငံတွင်း တောမီးရှို့ခြင်း ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထိုင်းနိုင်ငံမြောက်ပိုင်းဒေသဖြစ်သည့် ချင်းရိုင်းခရိုင်းအတွင်း အဓိက လုပ်ဆောင်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီးက ဆိုသည်။

အဆိုပါဒေသများတွင် မီးခိုးမြူဖုံးလွှမ်းခြင်း၏ ၉၉ ရာခိုင်နှုန်းမှာ လူတို့၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်သဖြင့် တောမီးရှို့ခြင်း ဆန့်ကျင်သည့် လှုပ်ရှားမှု လူထုအသိပညာပေး လှုပ်ရှားမှုများအတွက် ဒေသတွင်းမှ ကူညီ လုပ်ဆောင်ပေးမည့်သူများ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဒေသတွင်း မီးခိုးမြူဖုံးလွှမ်းမှုကို ပြီးခဲ့သည့် နှစ်ကထက် (၆၀) ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

တောမီးရှို့မှုများကြောင့် မြန်မာ - ထိုင်း နယ်စပ် တာချီလိတ် နှင့် မယ်ဆိုင်မြို့တို့တွင် မီးခိုးများ ဖုံးလွှမ်းနေသည့်အတွက် ၂၀၁၆ခုနှစ်  မတ်လ(၂၅)ရက်နေ့  ညနေ(၃)နာရီဝန်းကျင် အချိန်က ထိုင်းနိုင်ငံ၊ ဖိစနူးလုတ်ခရိုင် အခြေစိုက် အမှတ်(၄၆)လေတပ်ရင်းမှ ပျံသန်းရေးအဖွဲ့ အမှတ်(၄၁၅)မှ အရာရှိ၊ စစ်သည် (၄၅)ဦး ပါ၀င်သော အဖွဲ့သည် လေယာဉ်အမှတ် (၁၅၆) လေယာဉ် အမျိုးအစား (BT.67)ဖြင့် မယ်ဆိုင်မြို့တွင်း နှင့် နယ်စပ်တွင် မိုးအတု ရွာသွန်းပေးခဲ့ရခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်လည်း မတ်လမှ မေလအထိ တောမီးရှို့ခြင်းများကြောင့် မီးခိုးမြူများ ဖုံးလွှမ်းလေ့ရှိရာ ရံဖန်ရံခါ လေယာဉ်ဆင်းသက်ရန် အခက်အခဲ ဖြစ်လေ့ရှိသည်အထိ ဖုံးလွှမ်းတတ်ကြောင်း သိရသည်။

ဇာနှင်း
Ref: Bernama

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~