တာချီလိတ်ခရိုင်တွင် ၂၀၁၇ ခုနှစ်အတွင်းက လိုင်စင်မဲ့ဆိုင်ကယ် ၂၇၈၆ စီး ဒေသလိုင်စင် လျှောက်ထားခဲ့

တာချီလိတ်ခရိုင်တွင် ၂၀၁၇ ခုနှစ်အတွင်းက လိုင်စင်မဲ့ဆိုင်ကယ် ၂၇၈၆ စီး ဒေသလိုင်စင် လျှောက်ထားခဲ့
ဇနျနဝါရီ 2, 2018
By Tachileik News Agency



ရှမ်းပြည်နယ်အတွင်း မတ်လမှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ထားပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အပြီးအစီး (one stop service)ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးနောက် စက်တင်ဘာလမှစ၍ ပုံမှန်လိုင်စင်လျှောက်ထားမှုအတိုင်း နေ့စဉ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းထားသည့် ချလန်ဖြတ်ပိုင်းနှင့်အတူ မြန်မာ့အာမခံ လုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၁၇ ခုနှစ်တွင် လိုင်စင်မဲ့ဆိုင်ကယ် (၂၇၈၆)စီး ဒေသလိုင်စင် လျှောက်ထားပြီး လစဉ်ဒေသလိုင်စင်လျှောက်ထားသည့်အစီးရေ လျော့ကျလာနေကြောင်း သိရသည်။

 “စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်အထိကို အစီးရေ (၄၅၄)စီး ရှိပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း One Stop Service နဲ့ လုပ်ပေးခဲ့တဲ့ မတ်လကနေ မေလအထိကို (၂၃၃၂)စီး ရှိပါတယ်။ ဒီနောက်ပိုင်းမှာ တစ်နေ့ကို တစ်စီးလောက် လာလုပ်တဲ့နေ့ရှိသလို တစ်စီးမှကို မလာတဲ့နေ့လည်း ရှိတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဆို (၂၂) စီး ပဲရှိတယ်။ လိုင်စင်နဲ့ပတ်သက်လို့ ဒဏ်ကြေးလျှော့ပေါ့ဖို့ဆိုတဲ့ကိစ္စကတော့ လက်ရှိအချိန်ထိတော့ ဘာမှ ညွှန်ကြားချက်မရှိသေးပါဘူး” ဟု တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း မတ်လမှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ထားပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အပြီးအစီး (one stop service)ဖြင့် ဆောင်ရွက်ပေးခဲ့ပြီးနောက် စက်တင်ဘာလမှစ၍ ပုံမှန်လိုင်စင်လျှောက်ထားမှုအတိုင်း နေ့စဉ် ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းထားသည့် ချလန်ဖြတ်ပိုင်းနှင့်အတူ မြန်မာ့အာမခံ လုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လအတွင်းမှ စတင်ဆောင်ရွက်ပေးခဲ့သော်လည်း သတ်မှတ်ဒဏ်ကြေးမှာ ဒေသခံများအတွက် မြင့်မားနေသည့်အတွက် လျှော့ပေါ့ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် ဒီဇင်ဘာလ (၆)ရက်နေ့က အတည်ပြုထားခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~