တာခ်ီလိတ္တြင္ ၂၀၁၈ ခုႏွစ္၏ ပထမဆံုး မူးယစ္မႈအျဖစ္ မူးယစ္ေဆးသံုးေနသည့္ အမ်ိဳးသားႏွစ္ဦးအား ဖမ္းဆီးအေရးယူ

တာခ်ီလိတ္တြင္ ၂၀၁၈ ခုႏွစ္၏ ပထမဆံုး မူးယစ္မႈအျဖစ္ မူးယစ္ေဆးသံုးေနသည့္ အမ်ိဳးသားႏွစ္ဦးအား ဖမ္းဆီးအေရးယူ
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္အတြက္ ပထမဆံုး မူးယစ္ေဆးဝါးအမႈအျဖစ္  ဖန္မင္ေက်းရြာအုပ္စု၊ မယ္ဟုတ္ေက်းရြာရိွ ေနအိမ္တစ္လံုးတြင္ မူးယစ္ေဆးသံုးစြဲေနသည့္ အမ်ိဳးသားႏွစ္ဦးအား ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္မွ ရဲတပ္ဖြဲ႕ဝင္မ်ားနွင့္ သက္ဆုိင္ရာတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ မယ္ဟုတ္ေက်းရြာရိွ အိုက္ဖုန္း၏ ေနအိမ္သို႔ ဇန္နဝါရီလ (၁)ရက္ေန႔ နံနက္ (၁၀)နာရီခြဲခန္႔တြင္ ဝင္ေရာက္ရွာေဖြရာ အိုက္ဖုန္းႏွင့္ အိုက္ဆမ္ဆိုသူအား မူးယစ္ေဆးသံုးစြဲေနသည္ကို ေတြ႔ရၿပီး စိတ္ၾကြရူးသြပ္ေဆးျပား (၁၂၀)ႏွင့္ မူးယစ္ေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၆၁)ႏွစ္အရြယ္ အုိက္ဖုန္းႏွင့္ အသက္ (၄၅)ႏွစ္အရြယ္ အိုက္ဆမ္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်အတွက် ပထမဆုံး မူးယစ်ဆေးဝါးအမှုအဖြစ် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးသုံးစွဲနေသည့် အမျိုးသားနှစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မယ်ဟုတ်ကျေးရွာရှိ အိုက်ဖုန်း၏ နေအိမ်သို့ ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်တွင် ဝင်ရောက်ရှာဖွေရာ အိုက်ဖုန်းနှင့် အိုက်ဆမ်ဆိုသူအား မူးယစ်ဆေးသုံးစွဲနေသည်ကို တွေ့ရပြီး စိတ်ကြွရူးသွပ်ဆေးပြား (၁၂၀)နှင့် မူးယစ်ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၆၁)နှစ်အရွယ် အိုက်ဖုန်းနှင့် အသက် (၄၅)နှစ်အရွယ် အိုက်ဆမ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~