တာခ်ီလိတ္ၿမိဳ႕နယ္မွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ဟုိတယ္၊ မိုတယ္၊ တည္းခိုခန္းပိုင္ရွင္မ်ားအား လူကုန္ကူး/လူေမွာင္ခိုဆိုင္ရာ အသိပညာေပးေဟာေျပာ

တာခ်ီလိတ္ၿမိဳ႕နယ္မွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ဟုိတယ္၊ မိုတယ္၊ တည္းခိုခန္းပိုင္ရွင္မ်ားအား လူကုန္ကူး/လူေမွာင္ခိုဆိုင္ရာ အသိပညာေပးေဟာေျပာ
ဒီဇင်ဘာ 4, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္တြင္းရိွ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းပိုင္ရွင္ႏွင့္ မန္ေနဂ်ာမ်ားအား လူကုန္ကူး/လူေမွာင္ခိုဆိုင္ရာ အသိပညာေပးေဟာေျပာပြဲအား ဒီဇင္ဘာလ (၄)ရက္ေန႔တြင္ ခရိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႔က ဦးေဆာင္၍ ျပဳလုပ္ရာ စုစုေပါင္း (၆၅)ဦး တက္ေရာက္ေၾကာင္း သိရသည္။

တက္ေရာက္လာသူမ်ားအား လူကုန္တား ဥပေဒ၊ ကေလးသူငယ္ ရပိုင္ခြင့္အခြင့္အေရးမ်ား၊ ကေလးသူငယ္ ပညာသင္ၾကားခြင့္ အခြင့္အေရးႏွင့္ ရပိုင္ခြင့္မ်ား၊ ျပစ္မႈျပစ္ဒဏ္မ်ား၊ ျပည္ပအလုပ္အကိုင္ဆိုင္ရာ သိသင့္သိထုိက္သည္မ်ား၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ ရွမ္းရိုးမကြင္းေရွ႕တြင္ ဖြင့္လွစ္ျပဳလုပ္ေပးေနသည့္ ပတ္စ္ပို႔(၇)မ်ိဳးအေၾကာင္းတို႔အား ရွင္းလင္းေျပာၾကားၿပီး တရားစီရင္ေရးလုပ္ငန္းစဥ္ အဆင့္ဆင့္၊ လူကုန္ကူးခံရသူမ်ား၏ အခြင့္အေရးမ်ား၊ ကာကြယ္ေစာင့္ေရွာက္မႈဆိုင္ရာ အခ်က္အလက္မ်ားပါသည့္ လက္ကမ္းစာေစာင္မ်ားကိုလည္း ျဖန္႔ေဝေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အသိပညာေပး ေဆြးေႏြးပြဲအား ခရိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႔ဦးေဆာင္မႈျဖင့္ လူကုန္တားရဲတပ္ဖြဲ႔စိတ္(၁)၊ ဟိုတယ္ႏွင့္ခရီး၊ ၿမိဳ႕နယ္စည္ပင္၊ မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအသင္း၊ အမ်ိဳးသမီးေရးရာအဖြဲ႔တို႔ ပူးေပါင္း၍  လူကုန္တားရဲတပ္ဖြဲ႔စိတ္(၁) တာခ်ီလိတ္ရံုးခန္းမတြင္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်များအား လူကုန်ကူး/လူမှောင်ခိုဆိုင်ရာ အသိပညာပေးဟောပြော
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်နှင့် မန်နေဂျာများအား လူကုန်ကူး/လူမှောင်ခိုဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ဒီဇင်ဘာလ (၄)ရက်နေ့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်၍ ပြုလုပ်ရာ စုစုပေါင်း (၆၅)ဦး တက်ရောက်ကြောင်း သိရသည်။

တက်ရောက်လာသူများအား လူကုန်တား ဥပဒေ၊ ကလေးသူငယ် ရပိုင်ခွင့်အခွင့်အရေးများ၊ ကလေးသူငယ် ပညာသင်ကြားခွင့် အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကွင်းရှေ့တွင် ဖွင့်လှစ်ပြုလုပ်ပေးနေသည့် ပတ်စ်ပို့(၇)မျိုးအကြောင်းတို့အား ရှင်းလင်းပြောကြားပြီး တရားစီရင်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်၊ လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များပါသည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲအား ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် လူကုန်တားရဲတပ်ဖွဲ့စိတ်(၁)၊ ဟိုတယ်နှင့်ခရီး၊ မြို့နယ်စည်ပင်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍  လူကုန်တားရဲတပ်ဖွဲ့စိတ်(၁) တာချီလိတ်ရုံးခန်းမတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~