တာခ်ီလိတ္ - မုိင္းဆတ္လမ္း တာခ်ီလိတ္ၿမိဳ႕အဝင္ ေတာင္ၿပိဳလမ္းပိ္တ္မႈ ရွင္းလင္းၿပီး၍ ပံုမွန္အတိုင္းသြားလာႏုိင္

တာခ်ီလိတ္ - မုိင္းဆတ္လမ္း တာခ်ီလိတ္ၿမိဳ႕အဝင္ ေတာင္ၿပိဳလမ္းပိ္တ္မႈ ရွင္းလင္းၿပီး၍ ပံုမွန္အတိုင္းသြားလာႏုိင္
ဒီဇင်ဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ တာခ်ီလိတ္ - မိုင္းဆတ္ကားလမ္း တာခ်ီလိတ္ၿမိဳ႕အဝင္တြင္ ဒီဇင္ဘာလ (၂၉)ရက္ေန႔ နံနက္ (၁)နာရီမထိုးမီက ေတာင္ၿပိဳမႈျဖစ္ပြားသျဖင့္ လမ္းတစ္ဝက္ပိတ္သြားျခင္းကို နံနက္ (၁၀)နာရီခြဲတြင္ ရွင္းလင္းၿပီးျဖစ္၍ ပံုမွန္အတိုင္း သြားလာႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

ေျမၿပိဳမႈေၾကာင့္ လမ္းတစ္ဝက္ခန္႔ ေျမဖံုးသြားရာ စည္ပင္သာယာေရးအဖြဲ႔က ေသာ္တာဝင္း ကုမၸဏီႏွင့္ ရွမ္း(အေရွ႕)ေရေပးေဝေရးကုမၸဏီမ်ား၏ ယႏၱရားအကူအညီျဖင့္ ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း သိရသည္။

လမ္းပိတ္ဆို႔မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ ေခတၱၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမိုးေက်ာ္ေအာင္၊ ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴးၾကည္စိုးႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ ေသာ္တာဝင္းကုမၸဏီ တာဝန္ခံ ဦးတိုးတက္ေအာင္ႏွင့္ ရွမ္း(အေရွ႕)ေရေပးေဝေရးကုမၸဏီမွ ဦးသိန္းဝင္းတို႔ပါဝင္သည့္အဖြဲ႕က  ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် - မိုင်းဆတ်လမ်း တာချီလိတ်မြို့အဝင် တောင်ပြိုလမ်းပိ်တ်မှု ရှင်းလင်းပြီး၍ ပုံမှန်အတိုင်းသွားလာနိုင်
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်ကားလမ်း တာချီလိတ်မြို့အဝင်တွင် ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက် (၁)နာရီမထိုးမီက တောင်ပြိုမှုဖြစ်ပွားသဖြင့် လမ်းတစ်ဝက်ပိတ်သွားခြင်းကို နံနက် (၁၀)နာရီခွဲတွင် ရှင်းလင်းပြီးဖြစ်၍ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြေပြိုမှုကြောင့် လမ်းတစ်ဝက်ခန့် မြေဖုံးသွားရာ စည်ပင်သာယာရေးအဖွဲ့က သော်တာဝင်း ကုမ္ပဏီနှင့် ရှမ်း(အရှေ့)ရေပေးဝေရေးကုမ္ပဏီများ၏ ယန္တရားအကူအညီဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကြည်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ သော်တာဝင်းကုမ္ပဏီ တာဝန်ခံ ဦးတိုးတက်အောင်နှင့် ရှမ်း(အရှေ့)ရေပေးဝေရေးကုမ္ပဏီမှ ဦးသိန်းဝင်းတို့ပါဝင်သည့်အဖွဲ့က  ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~