ခ်င္းရိုင္းေဆးရံုတြင္ အလွဴရွင္မ်ားပံ့ပိုးမႈျဖင့္ ကုသမႈခံယူေနရသည့္ တာခ်ီလိတ္မွ ကေလးအား ေစာင့္ေရွာက္ႏုိင္ရန္ မိခင္ျဖစ္သူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္ကို အျမန္ဆံုးစိစစ္ထုတ္ေပးထား

ခ်င္းရိုင္းေဆးရံုတြင္ အလွဴရွင္မ်ားပံ့ပိုးမႈျဖင့္ ကုသမႈခံယူေနရသည့္ တာခ်ီလိတ္မွ ကေလးအား ေစာင့္ေရွာက္ႏုိင္ရန္ မိခင္ျဖစ္သူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္ကို အျမန္ဆံုးစိစစ္ထုတ္ေပးထား
ဒီဇင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ေ၀ယုရြာ အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါျဖစ္ေနသူ တစ္လခြဲအရြယ္ကေလးငယ္အား အလွဴရွင္မ်ားပံ့ပိုးမႈျဖင့္ ထုိင္းႏုိင္ငံ ခ်င္းရိုင္းေဆးရံုတြင္ ေဆးကုသမႈခံယူ ေနဆဲျဖစ္ၿပီး ကေလး၏မိခင္မွာ မွတ္ပံုတင္မရိွသျဖင့္ နယ္စပ္ျဖတ္ေက်ာ္ခြင့္အတြက္ အခက္အခဲရိွေနရာ လူဝင္မႈႀကီးၾကပ္ေရးဌာနက အျမန္ဆံုးစိစစ္၍ လုပ္ထံုးလုပ္နည္းႏွင့္အညီ ႏုိင္ငံသားစိစစ္ေရးကဒ္ကို ဒီဇင္ဘာလ (၇)ရက္ေန႔တြင္ ထုတ္ေပးလိုက္ေၾကာင္း သိရသည္။

“သူ႔ကေလးက အလွဴရွင္ေတြ အကူအညီနဲ႔ ခ်င္းရိုင္းေဆး႐ံုမွာ ေဆးကုသမႈခံယူေနႏုိင္ေပမဲ့ ကေလးဆီသြားေနဖို႔ နယ္စပ္ျဖတ္ေက်ာ္လက္မွတ္လုပ္တဲ့အခါမွာ  သူ႔မွာ မွတ္ပံုတင္မရိွလို႔ အခက္အခဲျဖစ္ေနတယ္ဆိုၿပီး လာေရာက္ ေလွ်ာက္ထားတာေၾကာင့္ လုပ္ထံုးလုပ္နည္းနဲ႔အညီ စိစစ္ၿပီး လုပ္ေဆာင္ေပးခဲ့တာပါ”ဟု မိုင္းျဖတ္ၿမိဳ႕နယ္ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူအင္အားဝန္ႀကီးဌာနမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

အဆိုပါ ကေလးငယ္မွာ တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးတြင္ (၁၅)ရက္သားအရြယ္ကတည္းက တစ္လခြဲအရြယ္အထိ ကုသမႈခံယူေနရာမွ ခြဲစိတ္ကုသမႈလိုအပ္သျဖင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရံုသို႔ ႏုိဝင္ဘာလ (၂၆)ရက္ေန႔တြင္ ပို႔ေဆာင္ကုသမႈခံယူၿပီး ယင္းမွတစ္ဆင့္ ခ်င္းရိုင္းေဆးရံုတြင္ ခြဲစိတ္ကုသမႈခံယူခဲ့ျခင္းျဖစ္သည္။

ကေလးငယ္၏မိဘမ်ားမွာ ေဆးကုသစရိတ္အတြက္ မတတ္ႏုိင္သျဖင့္ အဆုိပါေဆးရံုမွ ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္က ကေလးငယ္အား ဆက္လက္ကုသႏုိင္ေရးအတြက္ ကူညီေပးလိုသူမ်ားကို ကူညီ ခ်ိတ္ဆက္ေပးခဲ့ရာ တာခ်ီလိတ္ႏွင့္ အျခားေဒသမ်ားမွ အလွဴရွင္မ်ား၏ ကနဦးလွဴဒါန္းမႈျဖင့္ ႏိုဝင္ဘာလ (၂၆)ရက္ေန႔က ထုိင္းႏုိင္ငံ ေဆးရံုသို႔ ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ဆက္လက္ကုသမႈမ်ားအတြက္ တာခ်ီလိတ္မွ အလွဴရွင္တစ္ဦးက ေဆးကုသစရိတ္အားလံုးကို တာဝန္ယူေပးေနျခင္းျဖစ္သည္။

လက္ရိွတြင္ ကေလးငယ္၏ ခြဲစိတ္ကုသမႈအေျခအေနမွာ ICU ခန္းတြင္ ထားရိွၿပီး ေစာင့္ၾကည့္ေနရဆဲျဖစ္ေၾကာင္း အဆိုပါကေလးငယ္၏ ေဆးကုသစရိတ္ရွာေဖြေရး ကူညီေဆာင္ရြက္ေပးေနသူ မေမဇာျခည္လင္းထံမွ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ချင်းရိုင်းဆေးရုံတွင် အလှူရှင်များပံ့ပိုးမှုဖြင့် ကုသမှုခံယူနေရသည့် တာချီလိတ်မှ ကလေးအား စောင့်ရှောက်နိုင်ရန် မိခင်ဖြစ်သူ၏ နိုင်ငံသားစိစစ်ရေးကဒ်ကို အမြန်ဆုံးစိစစ်ထုတ်ပေးထား
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဝေယုရွာ အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါဖြစ်နေသူ တစ်လခွဲအရွယ်ကလေးငယ်အား အလှူရှင်များပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံတွင် ဆေးကုသမှုခံယူ နေဆဲဖြစ်ပြီး ကလေး၏မိခင်မှာ မှတ်ပုံတင်မရှိသဖြင့် နယ်စပ်ဖြတ်ကျော်ခွင့်အတွက် အခက်အခဲရှိနေရာ လူဝင်မှုကြီးကြပ်ရေးဌာနက အမြန်ဆုံးစိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံသားစိစစ်ရေးကဒ်ကို ဒီဇင်ဘာလ (၇)ရက်နေ့တွင် ထုတ်ပေးလိုက်ကြောင်း သိရသည်။

“သူ့ကလေးက အလှူရှင်တွေ အကူအညီနဲ့ ချင်းရိုင်းဆေးရုံမှာ ဆေးကုသမှုခံယူနေနိုင်ပေမဲ့ ကလေးဆီသွားနေဖို့ နယ်စပ်ဖြတ်ကျော်လက်မှတ်လုပ်တဲ့အခါမှာ  သူ့မှာ မှတ်ပုံတင်မရှိလို့ အခက်အခဲဖြစ်နေတယ်ဆိုပြီး လာရောက် လျှောက်ထားတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ပြီး လုပ်ဆောင်ပေးခဲ့တာပါ”ဟု မိုင်းဖြတ်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကလေးငယ်မှာ တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် (၁၅)ရက်သားအရွယ်ကတည်းက တစ်လခွဲအရွယ်အထိ ကုသမှုခံယူနေရာမှ ခွဲစိတ်ကုသမှုလိုအပ်သဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပို့ဆောင်ကုသမှုခံယူပြီး ယင်းမှတစ်ဆင့် ချင်းရိုင်းဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ကလေးငယ်၏မိဘများမှာ ဆေးကုသစရိတ်အတွက် မတတ်နိုင်သဖြင့် အဆိုပါဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က ကလေးငယ်အား ဆက်လက်ကုသနိုင်ရေးအတွက် ကူညီပေးလိုသူများကို ကူညီ ချိတ်ဆက်ပေးခဲ့ရာ တာချီလိတ်နှင့် အခြားဒေသများမှ အလှူရှင်များ၏ ကနဦးလှူဒါန်းမှုဖြင့် နိုဝင်ဘာလ (၂၆)ရက်နေ့က ထိုင်းနိုင်ငံ ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဆက်လက်ကုသမှုများအတွက် တာချီလိတ်မှ အလှူရှင်တစ်ဦးက ဆေးကုသစရိတ်အားလုံးကို တာဝန်ယူပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ကလေးငယ်၏ ခွဲစိတ်ကုသမှုအခြေအနေမှာ ICU ခန်းတွင် ထားရှိပြီး စောင့်ကြည့်နေရဆဲဖြစ်ကြောင်း အဆိုပါကလေးငယ်၏ ဆေးကုသစရိတ်ရှာဖွေရေး ကူညီဆောင်ရွက်ပေးနေသူ မမေဇာခြည်လင်းထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~