တာခ်ီလိတ္ၿမိဳ႕ နဂါးႏွစ္ေကာင္ဆရာေတာ္၏ သက္ေတာ္ ၈၉ ႏွစ္ျပည့္ ဝိဇာတေမြးေန႔အလွဴ ႏွစ္ရက္က်င္းပမည္

တာခ်ီလိတ္ၿမိဳ႕ နဂါးႏွစ္ေကာင္ဆရာေတာ္၏ သက္ေတာ္ ၈၉ ႏွစ္ျပည့္ ဝိဇာတေမြးေန႔အလွဴ ႏွစ္ရက္က်င္းပမည္
ဒီဇင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆုိင္း(က)ရပ္ကြက္ နဂါး ႏွစ္ေကာင္ပရိယတၱိ စာသင္တုိက္၏ ပဓါနနာယကဆရာေတာ္၏ သက္ေတာ္ (၈၉)ႏွစ္ျပည့္ ဝိဇာတေမြးေန႔အလွဴမဂၤလာပြဲေတာ္အား ဒီဇင္ဘာလ (၈)ရက္ေန႔ႏွင့္ (၉)ရက္ေန႔မ်ားတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

နဂါး ႏွစ္ေကာင္ပရိယတၱိ စာသင္တုိက္၏ ပဓါနနာယကဆရာေတာ္၊ ႏုိင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဂုဏ္ထူးေဆာင္ပါရဂူဘြဲ႕ရ ဘဒၵႏၱဓမၼသီရိ နဂါးႏွစ္ေကာင္ဆရာေတာ္၏ သက္ေတာ္ (၈၉)ႏွစ္ျပည့္ ဝိဇာတေမြးေန႔အလွဴမဂၤလာပြဲေတာ္ အခမ္းအနား အစီအစဥ္အျဖစ္ ဒီဇင္ဘာလ (၈)ရက္ေန႔ နံနက္ (၈)နာရီအခ်ိန္တြင္ ပင့္ဖိတ္ထားေသာ ဆရာေတာ္ႀကီးမ်ားထံမွ ဇာတာဆက္အႏၱရာယ္ကင္းပရိတ္တရားေတာ္နာယူျခင္း၊ ဒီဇင္ဘာလ (၉)ရက္ေန႔ နံနက္ (၇)နာရီအခ်ိန္တြင္ ပင့္ဖိတ္ထားေသာ ဆရာေတာ္(၂၅၀)ပါးအား ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း၊ နံနက္ (၉)နာရီတြင္ ထုိင္းနုိင္ငံမွ ဆရာေတာ္ႀကီးမ်ားထံမွ ဇာတာဆက္အႏၱရာယ္ကင္းပရိတ္နာယူျခင္းႏွင့္ လွဴဖြယ္ဝတၱဳမ်ား ဆက္ကပ္လွဴဒါန္းျခင္း၊ နံနက္ (၁၁)နာရီအခ်ိန္တြင္ သံဃာေတာ္မ်ားအား ဆြမ္းဆက္ကပ္ၿပီး ဧည့္ပရိတ္သတ္မ်ားအား ေကၽြးေမြးဧည့္ခံမည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်၏ သက်တော် ၈၉ နှစ်ပြည့် ဝိဇာတမွေးနေ့အလှူ နှစ်ရက်ကျင်းပမည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် နဂါး နှစ်ကောင်ပရိယတ္တိ စာသင်တိုက်၏ ပဓါနနာယကဆရာတော်၏ သက်တော် (၈၉)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူမင်္ဂလာပွဲတော်အား ဒီဇင်ဘာလ (၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နဂါး နှစ်ကောင်ပရိယတ္တိ စာသင်တိုက်၏ ပဓါနနာယကဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင်ဆရာတော်၏ သက်တော် (၈၉)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူမင်္ဂလာပွဲတော် အခမ်းအနား အစီအစဉ်အဖြစ် ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်ကြီးများထံမှ ဇာတာဆက်အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း၊ ဒီဇင်ဘာလ (၉)ရက်နေ့ နံနက် (၇)နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်(၂၅၀)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နံနက် (၉)နာရီတွင် ထိုင်းနိုင်ငံမှ ဆရာတော်ကြီးများထံမှ ဇာတာဆက်အန္တရာယ်ကင်းပရိတ်နာယူခြင်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် (၁၁)နာရီအချိန်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး ဧည့်ပရိတ်သတ်များအား ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~