မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္၌ တည္းေက်ာင္းလုပ္ကိုင္ခြင္႔စည္းမ်ဥ္းစည္းကမ္းမ်ားအသစ္ ျပင္ဆင္သတ္မွတ္

မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္၌ တည္းေက်ာင္းလုပ္ကိုင္ခြင္႔စည္းမ်ဥ္းစည္းကမ္းမ်ားအသစ္ ျပင္ဆင္သတ္မွတ္
ဒီဇင်ဘာ 6, 2017
By 🌸
မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္၊ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ကာလ၌ တည္းေက်ာင္း လုပ္ကုိင္ခြင့္ေလွ်ာက္ထားျခင္းဆိုင္ရာ စည္းကမ္းခ်က္အသစ္မ်ားကို ၂၀၁၈ ခုႏွစ္အတြက္ စတင္ ျပင္ဆင္လိုက္ေၾကာင္း မန္းေရႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႔ထံမွ သိရသည္။

“ဒီႏွစ္ တည္းေက်ာင္းလုပ္ကုိင္ခြင့္ေလွ်ာက္ထားဖို႔အတြက္ ေလွ်ာက္လႊာတစ္ေစာင္ကို ႏွစ္သိန္းက်ပ္နဲ႔ ဝယ္ရမွာျဖစ္ယူၿပီး ႀကိဳတင္ေငြ က်ပ္သိန္း (၄၀) ေပးသြင္းေလွ်ာက္ထားရမွာျဖစ္ပါတယ္” ဟု မန္းေရႊစက္ေတာ္ ဘုရား ေဂါပကအဖြဲ႔ဥကၠဌ ဦီးသိန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလွ်ာက္လႊာမ်ားအား မဲနိႈက္ေရြးခ်ယ္မည္ျဖစ္ၿပီး မဲမေပါက္သူမ်ားအား ႀကိဳတင္ေငြသြင္းထားသည့္ က်ပ္သိန္း(၄၀)ကို ျပန္လည္ထုတ္ေပး၍ ေလွ်ာက္လႊာဖိုးေငြ(၂)သိန္းက်ပ္ကိုမူ ဘုရားႀကီးဘ႑ာေငြအျဖစ္ ထည့္ဝင္လွဴဒါန္းမည္ျဖစ္ၿပီး မဲေပါက္သူမ်ားအား ႀကိဳတင္ေငြေပးသြင္းထားေသာ က်ပ္သိန္း(၄၀)မွ က်ပ္သိန္း(၂၀)သာ ျပန္လည္ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့နွစ္က စည္းကမ္းပ်က္တည္းေက်ာင္းေတြကို ဒဏ္ရိုက္တဲ့အခါမွာ ၾကံဳေတြ႔ခဲ့ရတဲ့ အခက္အခဲေတြအရ ဒီႏွစ္မွာေတာ႔ ဒဏ္ရိုက္ဖို႔ကိစၥေပၚလာရင္ ခ်န္ထားတဲ့ သိန္း (၂၀) ထဲက ျဖတ္ၿပီး ပိုတာကို ပဲြေတာ္ရာသီအၿပီးမွာ ျပန္ေပးသြားမွာျဖစ္ပါတယ္။ ယခုနွစ္ ဘုရားပြဲေတာ္အတြက္ အရပ္ရပ္တင္ဒါလုပ္ငန္းေတြကိုလည္း ဒီဇင္ဘာလထဲမွာ အၿပီးေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု ဦးသိန္းလိႈင္က ေျပာသည္။

ယခင္နွစ္မ်ားက တည္းေက်ာင္းလုပ္ငန္းလုပ္ကိုင္ခြင့္အား မင္းဘူးခရိုင္အတြင္းေနသူမ်ားကိုသာ ေလွ်ာက္ခြင္႔ျပဳေစခဲ႔ေသာ္လည္း ၂၀၁၈ ခုႏွစ္မွစ၍ မေကြးတိုင္းအတြင္းရိွ (၂၅) ၿမိဳ႕နယ္မွ လုပ္ငန္းလုပ္ကိုင္လိုသူတုိင္း ေလွ်ာက္ထားခြင္႔ ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ယခုနွစ္ဘုရားပြဲေတာ္ကာလတြင္ နမၼဒါ(၁) နွင့္ နမၼဒါ(၂) အဆင့္ျမင့္တည္းခုိေဆာင္မ်ားကုိလည္း တစ္နိုင္ငံလံုးမွ လုပ္ကုိင္လိုသူလုပ္ငန္းရွင္မ်ားအား တင္ဒါေခၚယူမည္ျဖစ္ေၾကာင္းသိရၿပီး ၂၀၁၈ ခုနွစ္ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးအား ဇႏၷဝါရီလ(၂၁)ရက္မွ ဧၿပီလ(၂၀)ရက္ေန႔အထိ ရက္ေပါင္း(၉၀) က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မန်းရွှေစက်တော်ဘုရားပွဲတော်၌ တည်းကျောင်းလုပ်ကိုင်ခွင့်စည်းမျဉ်းစည်းကမ်းများအသစ် ပြင်ဆင်သတ်မှတ်
*******
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ၌ တည်းကျောင်း လုပ်ကိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ စည်းကမ်းချက်အသစ်များကို ၂၀၁၈ ခုနှစ်အတွက် စတင် ပြင်ဆင်လိုက်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ဒီနှစ် တည်းကျောင်းလုပ်ကိုင်ခွင့်လျှောက်ထားဖို့အတွက် လျှောက်လွှာတစ်စောင်ကို နှစ်သိန်းကျပ်နဲ့ ဝယ်ရမှာဖြစ်ယူပြီး ကြိုတင်ငွေ ကျပ်သိန်း (၄၀) ပေးသွင်းလျှောက်ထားရမှာဖြစ်ပါတယ်” ဟု မန်းရွှေစက်တော် ဘုရား ဂေါပကအဖွဲ့ဥက္ကဌ ဦီးသိန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လျှောက်လွှာများအား မဲနှိုက်ရွေးချယ်မည်ဖြစ်ပြီး မဲမပေါက်သူများအား ကြိုတင်ငွေသွင်းထားသည့် ကျပ်သိန်း(၄၀)ကို ပြန်လည်ထုတ်ပေး၍ လျှောက်လွှာဖိုးငွေ(၂)သိန်းကျပ်ကိုမူ ဘုရားကြီးဘဏ္ဍာငွေအဖြစ် ထည့်ဝင်လှူဒါန်းမည်ဖြစ်ပြီး မဲပေါက်သူများအား ကြိုတင်ငွေပေးသွင်းထားသော ကျပ်သိန်း(၄၀)မှ ကျပ်သိန်း(၂၀)သာ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က စည်းကမ်းပျက်တည်းကျောင်းတွေကို ဒဏ်ရိုက်တဲ့အခါမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအရ ဒီနှစ်မှာတော့ ဒဏ်ရိုက်ဖို့ကိစ္စပေါ်လာရင် ချန်ထားတဲ့ သိန်း (၂၀) ထဲက ဖြတ်ပြီး ပိုတာကို ပွဲတော်ရာသီအပြီးမှာ ပြန်ပေးသွားမှာဖြစ်ပါတယ်။ ယခုနှစ် ဘုရားပွဲတော်အတွက် အရပ်ရပ်တင်ဒါလုပ်ငန်းတွေကိုလည်း ဒီဇင်ဘာလထဲမှာ အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးသိန်းလှိုင်က ပြောသည်။

ယခင်နှစ်များက တည်းကျောင်းလုပ်ငန်းလုပ်ကိုင်ခွင့်အား မင်းဘူးခရိုင်အတွင်းနေသူများကိုသာ လျှောက်ခွင့်ပြုစေခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစ၍ မကွေးတိုင်းအတွင်းရှိ (၂၅) မြို့နယ်မှ လုပ်ငန်းလုပ်ကိုင်လိုသူတိုင်း လျှောက်ထားခွင့် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်ဘုရားပွဲတော်ကာလတွင် နမ္မဒါ(၁) နှင့် နမ္မဒါ(၂) အဆင့်မြင့်တည်းခိုဆောင်များကိုလည်း တစ်နိုင်ငံလုံးမှ လုပ်ကိုင်လိုသူလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူမည်ဖြစ်ကြောင်းသိရပြီး ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးအား ဇန္နဝါရီလ(၂၁)ရက်မှ ဧပြီလ(၂၀)ရက်နေ့အထိ ရက်ပေါင်း(၉၀) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~