ရခုိင္ျပည္နယ္ ေမာင္ေတာေဒသ ျပန္လည္ထူေထာင္ေရးအတြက္ တာခ်ီလိတ္မွ က်ပ္သိန္း ၃၀၀ ထပ္မံလွဴဒါန္း

ရခုိင္ျပည္နယ္ ေမာင္ေတာေဒသ ျပန္လည္ထူေထာင္ေရးအတြက္ တာခ်ီလိတ္မွ က်ပ္သိန္း ၃၀၀ ထပ္မံလွဴဒါန္း
ဒီဇင်ဘာ 4, 2017
By 🌸
ရခိုင္ျပည္နယ္ ေမာင္ေတာေဒသမွ ျပည္သူမ်ား ျပန္လည္ထူေထာင္ေရးတြင္ ေနအိမ္မ်ားျပန္လည္ ေဆာက္လုပ္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕သူၿမိဳ႕သားမ်ား၏ စုေပါင္းလွဴဒါန္းေငြ က်ပ္သိန္း (၃၀၀)အား ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၄)ရက္ေန႔တြင္ စစ္ေတြၿမိဳ႕ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ရံုးရိွ အလွဴေငြလက္ခံေရးဌာနသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ ရခိုင္ျပည္နယ္ကူညီေထာက္ပံ့ေရးေကာ္မတီက ေပးအပ္လုိက္ေၾကာင္း သိရသည္။

 “ရခုိင္ျပည္နယ္ရိွ တုိင္းရင္းသားျပည္သူေတြအတြက္ တာခ်ီလိတ္ၿမိဳ႕သူၿမိဳ႕သားမ်ားမွ စုေပါင္းလွဴဒါန္းတာဟာ ဒီတစ္ႀကိမ္နဲ႔ဆိိုရင္ ေလးႀကိမ္ရိွပါၿပီ။ ေမာင္ေတာေဒသကို ARSA အၾကမ္းဖက္သမားေတြ အၾကမ္းဖက္လုပ္ရပ္ ေဆာင္ရြက္ေနစဥ္ကာလက ေဒသခံျပည္သူေတြအတြက္ ေငြက်ပ္သိန္းတစ္ရာနဲ႔ က်ပ္သိန္းတစ္ရာေက်ာ္တန္ဖိုးရိွတဲ့ ဆန္နဲ႔ဆီေတြ လွဴဒါန္းခဲ့ပါတယ္။ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွတစ္ဆင့္မွ လွဴဒါန္းေပးခဲ့တာက ၅၈ သိန္းပါ။ အခုလွဴဒါန္းတဲ့ ေငြက်ပ္သိန္း ၃၀၀ ကေတာ တစ္လံုးကို က်ပ္ (၇၅)သိန္းတန္ ေနအိမ္ (၄)လံုးကို တုိင္းရင္းသားျပည္သူေတြအတြက္ ေဆာက္လုပ္လွဴဒါန္းေပးဖို႔ျဖစ္ပါတယ္။ ရခိုင္ျပည္သူေတြအတြက္ အလွဴေငြက က်ပ္သိန္း (၅၅၀)ေက်ာ္ျဖစ္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ရခိုင္ျပည္နယ္ကူညီေထာက္ပံ့ေရးေကာ္မတီကိုယ္စား ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖိဳးရိွန္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ရခိုင္ျပည္နယ္ကူညီေထာက္ပံ့ေရးေကာ္မတီကိုယ္စား ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖိဳးရိွန္က ေပးအပ္လွဴဒါန္းရာ ရခုိင္ျပည္နယ္ဥပေဒခ်ဳပ္ ဦးေက်ာ္လွထြန္း၊ ျပည္နယ္အစိုးရအဖြဲ႕ရံုး ညႊန္ၾကားေရးမွဴး ဦးေက်ာ္စြာထြန္းနွင့္ တာဝန္ရိွသူမ်ားက လက္ခံရယူေၾကာင္း သိရသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)အား ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် တာချီလိတ်မှ ကျပ်သိန်း ၃၀၀ ထပ်မံလှူဒါန်း
*******
ရခိုင်ပြည်နယ် မောင်တောဒေသမှ ပြည်သူများ ပြန်လည်ထူထောင်ရေးတွင် နေအိမ်များပြန်လည် ဆောက်လုပ်ရေးအတွက် တာချီလိတ်မြို့သူမြို့သားများ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၃၀၀)အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့တွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အလှူငွေလက်ခံရေးဌာနသို့ တာချီလိတ်မြို့နယ် ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးကော်မတီက ပေးအပ်လိုက်ကြောင်း သိရသည်။

 “ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူတွေအတွက် တာချီလိတ်မြို့သူမြို့သားများမှ စုပေါင်းလှူဒါန်းတာဟာ ဒီတစ်ကြိမ်နဲ့ဆိိုရင် လေးကြိမ်ရှိပါပြီ။ မောင်တောဒေသကို ARSA အကြမ်းဖက်သမားတွေ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်နေစဉ်ကာလက ဒေသခံပြည်သူတွေအတွက် ငွေကျပ်သိန်းတစ်ရာနဲ့ ကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ဆီတွေ လှူဒါန်းခဲ့ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့်မှ လှူဒါန်းပေးခဲ့တာက ၅၈ သိန်းပါ။ အခုလှူဒါန်းတဲ့ ငွေကျပ်သိန်း ၃၀၀ ကတော တစ်လုံးကို ကျပ် (၇၅)သိန်းတန် နေအိမ် (၄)လုံးကို တိုင်းရင်းသားပြည်သူတွေအတွက် ဆောက်လုပ်လှူဒါန်းပေးဖို့ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေအတွက် အလှူငွေက ကျပ်သိန်း (၅၅၀)ကျော်ဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးကော်မတီကိုယ်စား ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

တာချီလိတ်မြို့နယ် ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးကော်မတီကိုယ်စား ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပေးအပ်လှူဒါန်းရာ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)အား ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~