ေက်ာက္တစ္လံုးကယ္ဆယ္ေရးစခန္းမွ ဘဂၤါလီမ်ား ခိုးသြင္းလာသူမွာ ေၾကးမံုသတင္းစာ၏ သတင္းေထာက္အျဖစ္မွ ရပ္ဆိုင္းခံထားရသူျဖစ္ေၾကာင္း ထုတ္ျပန္

ေက်ာက္တစ္လံုးကယ္ဆယ္ေရးစခန္းမွ ဘဂၤါလီမ်ား ခိုးသြင္းလာသူမွာ ေၾကးမံုသတင္းစာ၏ သတင္းေထာက္အျဖစ္မွ ရပ္ဆိုင္းခံထားရသူျဖစ္ေၾကာင္း ထုတ္ျပန္
ဒီဇင်ဘာ 28, 2017
By 🌸
ပဲခူးတိုင္းေဒသႀကီး ျပည္ခရိုင္ ပန္းေတာင္းၿမိဳ႕နယ္ ဥသွ်စ္ပင္ဂိတ္၌ ဒီဇင္ဘာ(၂၈) ရက္ေန႔က ဘဂၤါလီ (၆)ဦးအား ခိုးသယ္လာသျဖင့္ ဖမ္းမိသည့္ ေၾကးမံုသတင္းေထာက္ကဒ္ကိုင္ေဆာင္ထားသူမွာ ေၾကးမံုသတင္းစာက၏ သတင္းေထာက္အျဖစ္မွ ၂၀၁၇ ခုႏွစ္ ဇူလုိင္လ (၇)ရက္ေန႔တြင္ ရပ္ဆိုင္းခံထားရသူျဖစ္ေၾကာင္း ေၾကးမံုသတင္းစာက ထုတ္ျပန္သည္။

ေၾကးမုံသတင္းစာတိုက္၏ ၿမိဳ႕နယ္သတင္းေထာက္ (၂၁၀) မွာ လခစား ခန္႔ထားျခင္းမဟုတ္ဘဲ ေကာ္လံစား သတင္းေထာက္မ်ားျဖစ္ၿပီး ဦးေစာမိုးေက်ာ္သည္ ေက်ာက္ျဖဴၿမိဳ႕နယ္သတင္းေထာက္အျဖစ္ ၂၀၁၆ ခုႏွစ္အထိ ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ သတင္းေပးပို႔ျခင္း မရွိေတာ့သျဖင့္ ဇူလိုင္လ (၇)ရက္ေန႔မွစ၍ ၿမိဳ႕နယ္သတင္းေထာက္အျဖစ္မွ ရပ္ဆိုင္းခံထားသူျဖစ္ပါသည္ဟု ေၾကးမံုသတင္းစာက ထုတ္ျပန္သည္။

၎ကိုင္ေဆာင္ေသာ ၿမိဳ႕နယ္ သတင္းေထာက္ အသိအမွတ္ျပဳကတ္ကို သတင္းစာတိုက္ မွ ျပန္လည္သိမ္းထားၿပီး ၎ထံတြင္ ေတြ႕ရွိေသာကတ္မွာ မိတၱဴျဖစ္ေၾကာင္း ထုတ္ျပန္ထားျခင္းျဖစ္သည္။

ပန္းေတာင္းၿမိဳ႕နယ္ ေညာင္က်ိဳးရဲကင္းစစ္ေဆးေရးဂိတ္၌ ပိတ္ဆို႔စစ္ေဆးမွႈမ်ားေဆာင္ရြက္ေနစဥ္ ေတာင္ကုတ္ဘက္မွ ျပည္ဘက္သို႔ ေမာင္းႏွင္လာေသာ TOYOTA MARK 2 အမ်ိဳးအစားယာဥ္အား စစ္ေဆးရန္တားဆီးရာ အစစ္ေဆးမခံဘဲ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ ဥသွ်စ္ပင္နယ္ေျမရဲစခန္းသို႔ သတင္းပို႔ အေၾကာင္းၾကား၍ ပိတ္ဆို႔ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္အား ေၾကးမံုသတင္းေထာက္ကဒ္ကိုင္ေဆာင္ထားသည့္ ေက်ာက္ျဖဴၿမိဳ႕မွ ေစာမိုးေက်ာ္က ေမာင္းႏွင္လာျခင္းျဖစ္ၿပီး ယာဥ္ေပၚတြင္ ေက်ာက္ ျဖဴၿမိဳ႕နယ္ ေက်ာက္တစ္လံုးကယ္ဆယ္ေရးစခန္းမွ ဘဂၤါလီအမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးအား စစ္ေဆးေတြ႔ရိွရသျဖင့္ ဥသွ်စ္ပင္နယ္ေျမရဲစခန္းတြင္ စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီများ ခိုးသွင်းလာသူမှာ ကြေးမုံသတင်းစာ၏ သတင်းထောက်အဖြစ်မှ ရပ်ဆိုင်းခံထားရသူဖြစ်ကြောင်း ထုတ်ပြန်
*******
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ဂိတ်၌ ဒီဇင်ဘာ(၂၈) ရက်နေ့က ဘင်္ဂါလီ (၆)ဦးအား ခိုးသယ်လာသဖြင့် ဖမ်းမိသည့် ကြေးမုံသတင်းထောက်ကဒ်ကိုင်ဆောင်ထားသူမှာ ကြေးမုံသတင်းစာက၏ သတင်းထောက်အဖြစ်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ရပ်ဆိုင်းခံထားရသူဖြစ်ကြောင်း ကြေးမုံသတင်းစာက ထုတ်ပြန်သည်။

ကြေးမုံသတင်းစာတိုက်၏ မြို့နယ်သတင်းထောက် (၂၁၀) မှာ လခစား ခန့်ထားခြင်းမဟုတ်ဘဲ ကော်လံစား သတင်းထောက်များဖြစ်ပြီး ဦးစောမိုးကျော်သည် ကျောက်ဖြူမြို့နယ်သတင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သတင်းပေးပို့ခြင်း မရှိတော့သဖြင့် ဇူလိုင်လ (၇)ရက်နေ့မှစ၍ မြို့နယ်သတင်းထောက်အဖြစ်မှ ရပ်ဆိုင်းခံထားသူဖြစ်ပါသည်ဟု ကြေးမုံသတင်းစာက ထုတ်ပြန်သည်။

၎င်းကိုင်ဆောင်သော မြို့နယ် သတင်းထောက် အသိအမှတ်ပြုကတ်ကို သတင်းစာတိုက် မှ ပြန်လည်သိမ်းထားပြီး ၎င်းထံတွင် တွေ့ရှိသောကတ်မှာ မိတ္တူဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပန်းတောင်းမြို့နယ် ညောင်ကျိုးရဲကင်းစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေးမှှုများဆောင်ရွက်နေစဉ် တောင်ကုတ်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသော TOYOTA MARK 2 အမျိုးအစားယာဉ်အား စစ်ဆေးရန်တားဆီးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်းသို့ သတင်းပို့ အကြောင်းကြား၍ ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်အား ကြေးမုံသတင်းထောက်ကဒ်ကိုင်ဆောင်ထားသည့် ကျောက်ဖြူမြို့မှ စောမိုးကျော်က မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ကျောက် ဖြူမြို့နယ် ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီအမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦးအား စစ်ဆေးတွေ့ရှိရသဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~