ျမဝတီၿမိဳ႕နယ္၌ ေလယာဥ္ပစ္က်ည္ ၁၀၂၀ ေတာင့္သိမ္းဆည္းရမိမႈႏွင့္ပတ္သက္၍ သံသယရိွသူႏွစ္ဦးကို ျမစ္ႀကီးနားတြင္ စစ္ေဆးေန

ျမဝတီၿမိဳ႕နယ္၌ ေလယာဥ္ပစ္က်ည္ ၁၀၂၀ ေတာင့္သိမ္းဆည္းရမိမႈႏွင့္ပတ္သက္၍ သံသယရိွသူႏွစ္ဦးကို ျမစ္ႀကီးနားတြင္ စစ္ေဆးေန
ဒီဇင်ဘာ 7, 2017
By 🌸
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္၊ သဃၤန္းကၽြန္းညီေနာင္၊ ရြာသစ္ေက်းရြာ၊ ကြက္သစ္တြင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ(၄)ရက္ေန႔က ေလယာဥ္ပစ္က်ည္ (၁၀၂၀) ဖမ္းဆီးရမိမႈမွ ဆက္စပ္သည္ဟုသံသယရိွသူႏွစ္ဦးကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ေနအိမ္တြင္ ဖမ္းဆီးရမိၿပီး စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

ျမဝတီၿမိဳ႕နယ္၊ သဃၤန္းညီေနာင္၊ ရြာသစ္ေက်းရြာ၊ ကြက္သစ္ရွိ  စံလင္း(ခ) ကိုဂၽြန္ ငွားရမ္းေနထိုင္ေသာ အိမ္သို႔ ရဲတပ္ဖြဲ႔က ဒီဇင္ဘာလ (၄)ရက္ေန႔တြင္ ဝင္ေရာက္ရွာေဖြရာ အိမ္ေအာက္ထပ္တြင္ ပလပ္စတစ္ပုံးႏွင့္ လက္ဆြဲျခင္းအတြင္း ထည့္ထားသည့္ ေလယာဥ္ပစ္က်ည္ (၁၀၂၀) ေတာင့္ ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေနအိမ္ငွားရမ္းေနထုိင္သူမွာ ျမစ္ႀကီးနားၿမိဳ႕သို႔ ေရာက္ေနေၾကာင္း သတင္းအရ  ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္သားမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕တို႔က ျမစ္ႀကီးနားေနအိမ္တြင္ သြားေရာက္ ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

စံလင္း(ခ) ကိုဂၽြန္ႏွင့္ ဇနီး မခါးဘူ(ခ) လဘန္ခါးဘူတို႔အား ျမစ္ႀကီးနား ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
မြဝတီမြို့နယ်၌ လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့်သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ သံသယရှိသူနှစ်ဦးကို မြစ်ကြီးနားတွင် စစ်ဆေးနေ
************
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ဃန်းကျွန်းညီနောင်၊ ရွာသစ်ကျေးရွာ၊ ကွက်သစ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့က လေယာဉ်ပစ်ကျည် (၁၀၂၀) ဖမ်းဆီးရမိမှုမှ ဆက်စပ်သည်ဟုသံသယရှိသူနှစ်ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေအိမ်တွင် ဖမ်းဆီးရမိပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၊ ရွာသစ်ကျေးရွာ၊ ကွက်သစ်ရှိ  စံလင်း(ခ) ကိုဂျွန် ငှားရမ်းနေထိုင်သော အိမ်သို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၄)ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ အိမ်အောက်ထပ်တွင် ပလပ်စတစ်ပုံးနှင့် လက်ဆွဲခြင်းအတွင်း ထည့်ထားသည့် လေယာဉ်ပစ်ကျည် (၁၀၂၀) တောင့် တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ နေအိမ်ငှားရမ်းနေထိုင်သူမှာ မြစ်ကြီးနားမြို့သို့ ရောက်နေကြောင်း သတင်းအရ  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြစ်ကြီးနားနေအိမ်တွင် သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

စံလင်း(ခ) ကိုဂျွန်နှင့် ဇနီး မခါးဘူ(ခ) လဘန်ခါးဘူတို့အား မြစ်ကြီးနား မြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~