မိုင္းျဖတ္ၿမဳိ႕ကြက္သစ္စီမံကိန္းမွ ေျမသိမ္းခံေတာင္သူမ်ား၏ သေဘာထား ျပည္နယ္အစိုးရထံတင္ျပရန္စီစဥ္ေန

မိုင္းျဖတ္ၿမဳိ႕ကြက္သစ္စီမံကိန္းမွ ေျမသိမ္းခံေတာင္သူမ်ား၏ သေဘာထား ျပည္နယ္အစိုးရထံတင္ျပရန္စီစဥ္ေန
ဒီဇင်ဘာ 3, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမဳိ႕ရိွ ၿမိဳ႕ကြက္သစ္ေဖၚထုတ္ေရးစီမံကိန္းအတြက္ သိမ္းဆည္း ခံလယ္ယာေျမမ်ား၏ပိုင္ရွင္ ေတာင္သူမ်ား၏ လိုလားခ်က္မ်ားကို ဒီဇင္ဘာလ (၁)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြး ရယူထားၿပီးျဖစ္၍ ျပည္နယ္အစိုးရထံ ဆက္လက္တင္ျပသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“ေကာ္မတီအစည္းအေဝးမွာ ခ်ခဲ့တဲ့အတည္ျပဳခ်က္ (၅)ခ်က္ကို ေဒသခံ ကာယကံရွင္ေတြကို သြားေျပာၿပီးေတာ့ ကာယကံရွင္ေတြအေနနဲ႔ ဘယ္လိုလုပ္ခ်င္တာလဲ၊ သူတို႔ေပးထားတဲ့ေျမေတြအတြက္ စုိက္ပ်ိဳးဖို႔ အစားလိုခ်င္တာလား ဆိုတာ ေမးေတာ့ သူတို႔ကေတာ့ စိုက္ပ်ိဳးေျမအစားယူဖို႔ေတာ့ အဆင္မေျပေတာ့ဘူး။ ေျမကြက္ အစားျပန္ရခ်င္တယ္လို႔  ေျပာလာတာ။ ဒါေတြကို သူတို႔သေဘာထားေတြကို ရွမ္းျပည္နယ္အစိုးရကို ျပန္တင္ျပဖို႔ လုပ္ေနတယ္”ဟု တာခ်ီလိတ္ခရို္င္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းျဖတ္ၿမဳိ႕၌ ၁၉၉၃ ခုႏွစ္က ၿမဳိ႕ကြက္သစ္ေဖာ္ထုတ္ရာတြင္ ပါဝင္သြားခဲ့သည့္ လယ္ယာေျမမ်ား ျပန္လည္ရရွိေရး အတြက္ ေတာင္သူမ်ားမွ တင္ျပခ်က္အေပၚ ျပည္နယ္ကြင္းဆင္းစိစစ္ေရးအဖဲြ႔၏ ညွိႏႈိင္းအစည္းအေဝးပြဲကို ႏိုဝင္ဘာလ (၂၉) ရက္ေန႔က  က်င္းပခဲ့ၿပီးေနာက္ အစည္းအေဝးဆံုးျဖတ္ခ်က္မ်ားႏွင့္ပတ္သက္၍ ေဒသခံမ်ား သေဘာထားကို ဒီဇင္ဘာလ (၁)ရက္ေန႔က ရယူျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒါကို လုပ္ေပးမယ္ မလုပ္ေပးဘူးဆိုတာေတာ့ မသိေသးဘူးေပါ့။ သူတို႔သေဘာထားကို တင္ျပမယ္။ ဟိုတစ္ေန႔က အစည္းအေဝးမွာ အခ်က္(၅)ခ်က္ကို ေဆြးေႏြးတယ္။  အဲဒီအခ်က္ေတြကို ရွမ္းျပည္နယ္အစိုးရအဖြဲ႔ကို တင္ျပမယ္လို႔ ဆံုးျဖတ္တယ္။ အဲဒီအခ်က္ (၅)ခ်က္ကို ေဒသခံလူထုကို ရွင္းျပတယ္။ သူတို႔က ေျမအစားျပန္လိုခ်င္တာလား။ စိုက္ပ်ိဳးေျမလား။ ေျမကြက္လားဆိုတာ သိဖို႔သြားေမးတဲ့အခါ ဒီေတာင္သူေတြကေတာ့ စိုက္ပ်ိဳးေျမေတာ့ မလိုခ်င္ပါဘူး။ ေျမကြက္ရရင္ေတာ့ လိုခ်င္ပါတယ္ဆိုၿပီးေတာ့ တစ္ဧကကို ႏွစ္ကြက္ႏႈန္းေပးပါဆိုၿပီး ေတာင္းဆိုထားတယ္”ဟု တာခ်ီလိတ္ခရို္င္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

အဆိုပါ ေျမသိမ္းခံေတာင္သူမ်ားတြင္ အခ်ိဳ႕က ေျမယာေလ်ာ္ေၾကးယူထားေသာ္လည္း ေလ်ာ္ေၾကးလံုးဝရယူထားျခင္း မရိွသူမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
အဆိုပါ ေျမသိမ္းခံေတာင္သူ (၁၂)ဦး၏ လယ္ယာေျမမ်ားအား ေျမျပင္ကြင္းဆင္းစိစစ္ေရးအဖြဲ႔က ႏိုဝင္ဘာလ (၂၈)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးၿပီးေနာက္ ႏိုဝင္ဘာလ (၂၉)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ ညိႇႏိႈင္းအစည္းအေဝးက်င္းပရာ မုိင္းျဖတ္ၿမဳိ႕ ၿမဳိ႕ကြက္သစ္ေဖာ္ထုတ္ထားရွိသည့္ ေျမျပင္အေျခအေနမ်ားအား ယခင္ၿမဳိ႕ကြက္ေဖာ္ထုတ္ထားရွိမႈႏွင့္ လက္ရွိေျမျပင္အေျခအေနအား တုိင္းတာေဆာင္ရြက္ရန္၊ တင္ျပထားရွိသည့္အတုိင္း ဂရန္က်ၿပီး ေျမကြက္၊ အေဆာက္အဦေဆာက္လုပ္ထားရွိသည့္ ေျမကြက္၊ ၿခံစည္းရုိးကာရံထားသည့္ ေျမကြက္မ်ားႏွင့္ ၿခံစည္းရုိး ကာရံထားျခင္းမရွိေသးသည့္ ေျမကြက္စာရင္းမ်ားအား တင္ျပထားရွိသည့္အတုိင္း အတည္ျပဳရန္၊ ေကာ္လိေတၱာ္အရာရွိ - ခရုိင္အုပ္ခ်ဳပ္ေရးမွဴးက ၿမဳိ႕ကြက္သစ္ ေဖာ္ထုတ္ထားရွိသည့္ေျမေနရာမ်ားအား စည္းကမ္းခ်က္ႏွင့္အညီ ေဆာင္ရြက္သြားရန္၊ စည္းကမ္းႏွင့္ ကုိက္ညီမႈ မရွိသည့္ေျမကြက္မ်ားအား ေျမယာဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္ေရး ႏုိ႔တစ္စာေၾကာ္ျငာထုတ္ျပန္ရန္၊ ၿမဳိ႕ေျမအျဖစ္ သတ္မွတ္ထားရွိၿပီး ေျမေပးမိန္႔မ်ား ထုတ္ေပးထားသည့္ ေျမေနရာမ်ားႏွင့္ ပတ္သက္၍ စည္းကမ္းခ်က္မ်ားႏွင့္မညီညြတ္သည့္ ေျမမ်ားအား ႏုိင္ငံေတာ္မွ စီမံခန္႔ခဲြပုိင္ခြင့္ရွိသည့္ ေျမအျဖစ္ သတ္မွတ္ႏုိင္ေရး ေဆာင္ရြက္ရန္၊ ေတာင္သူမ်ား၏ လုိလားခ်က္မ်ားအား ေဒသလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ခရုိင္ႏွင့္ၿမဳိ႕နယ္စီမံခန္႔ခဲြမႈေကာ္မတီမ်ားႏွင့္ ညွိႏႈိင္းတုိင္ပင္ ေဆြးေႏြး၍ သေဘာထားရယူေဆာင္ရြက္ရန္ တို႔ကို ေဆြးေႏြးအတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမျပင္ကြင္းဆင္းစိစစ္ေရးအဖြဲ႕တြင္ ရွမ္းျပည္နယ္ အစိုးအရအဖြဲ႕၀င္ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္နယ္၀န္ႀကီး ဦးစ္ုိင္းလုံေက်ာ္က အဖြဲ႔ေခါင္းေဆာင္အျဖစ္ တာဝန္ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့ကွက်သစ်စီမံကိန်းမှ မြေသိမ်းခံတောင်သူများ၏ သဘောထား ပြည်နယ်အစိုးရထံတင်ပြရန်စီစဉ်နေ
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ မြို့ကွက်သစ်ဖေါ်ထုတ်ရေးစီမံကိန်းအတွက် သိမ်းဆည်း ခံလယ်ယာမြေများ၏ပိုင်ရှင် တောင်သူများ၏ လိုလားချက်များကို ဒီဇင်ဘာလ (၁)ရက်နေ့က တွေ့ဆုံဆွေးနွေး ရယူထားပြီးဖြစ်၍ ပြည်နယ်အစိုးရထံ ဆက်လက်တင်ပြသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“ကော်မတီအစည်းအဝေးမှာ ချခဲ့တဲ့အတည်ပြုချက် (၅)ချက်ကို ဒေသခံ ကာယကံရှင်တွေကို သွားပြောပြီးတော့ ကာယကံရှင်တွေအနေနဲ့ ဘယ်လိုလုပ်ချင်တာလဲ၊ သူတို့ပေးထားတဲ့မြေတွေအတွက် စိုက်ပျိုးဖို့ အစားလိုချင်တာလား ဆိုတာ မေးတော့ သူတို့ကတော့ စိုက်ပျိုးမြေအစားယူဖို့တော့ အဆင်မပြေတော့ဘူး။ မြေကွက် အစားပြန်ရချင်တယ်လို့  ပြောလာတာ။ ဒါတွေကို သူတို့သဘောထားတွေကို ရှမ်းပြည်နယ်အစိုးရကို ပြန်တင်ပြဖို့ လုပ်နေတယ်”ဟု တာချီလိတ်ခရို်င်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မြို့၌ ၁၉၉၃ ခုနှစ်က မြို့ကွက်သစ်ဖော်ထုတ်ရာတွင် ပါဝင်သွားခဲ့သည့် လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် တောင်သူများမှ တင်ပြချက်အပေါ် ပြည်နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးပွဲကို နိုဝင်ဘာလ (၂၉) ရက်နေ့က  ကျင်းပခဲ့ပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဒေသခံများ သဘောထားကို ဒီဇင်ဘာလ (၁)ရက်နေ့က ရယူခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကို လုပ်ပေးမယ် မလုပ်ပေးဘူးဆိုတာတော့ မသိသေးဘူးပေါ့။ သူတို့သဘောထားကို တင်ပြမယ်။ ဟိုတစ်နေ့က အစည်းအဝေးမှာ အချက်(၅)ချက်ကို ဆွေးနွေးတယ်။  အဲဒီအချက်တွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြမယ်လို့ ဆုံးဖြတ်တယ်။ အဲဒီအချက် (၅)ချက်ကို ဒေသခံလူထုကို ရှင်းပြတယ်။ သူတို့က မြေအစားပြန်လိုချင်တာလား။ စိုက်ပျိုးမြေလား။ မြေကွက်လားဆိုတာ သိဖို့သွားမေးတဲ့အခါ ဒီတောင်သူတွေကတော့ စိုက်ပျိုးမြေတော့ မလိုချင်ပါဘူး။ မြေကွက်ရရင်တော့ လိုချင်ပါတယ်ဆိုပြီးတော့ တစ်ဧကကို နှစ်ကွက်နှုန်းပေးပါဆိုပြီး တောင်းဆိုထားတယ်”ဟု တာချီလိတ်ခရို်င်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

အဆိုပါ မြေသိမ်းခံတောင်သူများတွင် အချို့က မြေယာလျော်ကြေးယူထားသော်လည်း လျော်ကြေးလုံးဝရယူထားခြင်း မရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ မြေသိမ်းခံတောင်သူ (၁၂)ဦး၏ လယ်ယာမြေများအား မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီးနောက် နိုဝင်ဘာလ (၂၉)ရက်နေ့က တာချီလိတ်မြို့တွင် ညှိနှိုင်းအစည်းအဝေးကျင်းပရာ မိုင်းဖြတ်မြို့ မြို့ကွက်သစ်ဖော်ထုတ်ထားရှိသည့် မြေပြင်အခြေအနေများအား ယခင်မြို့ကွက်ဖော်ထုတ်ထားရှိမှုနှင့် လက်ရှိမြေပြင်အခြေအနေအား တိုင်းတာဆောင်ရွက်ရန်၊ တင်ပြထားရှိသည့်အတိုင်း ဂရန်ကျပြီး မြေကွက်၊ အဆောက်အဦဆောက်လုပ်ထားရှိသည့် မြေကွက်၊ ခြံစည်းရိုးကာရံထားသည့် မြေကွက်များနှင့် ခြံစည်းရိုး ကာရံထားခြင်းမရှိသေးသည့် မြေကွက်စာရင်းများအား တင်ပြထားရှိသည့်အတိုင်း အတည်ပြုရန်၊ ကော်လိတ္တော်အရာရှိ - ခရိုင်အုပ်ချုပ်ရေးမှူးက မြို့ကွက်သစ် ဖော်ထုတ်ထားရှိသည့်မြေနေရာများအား စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ စည်းကမ်းနှင့် ကိုက်ညီမှု မရှိသည့်မြေကွက်များအား မြေယာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရေး နို့တစ်စာကြော်ငြာထုတ်ပြန်ရန်၊ မြို့မြေအဖြစ် သတ်မှတ်ထားရှိပြီး မြေပေးမိန့်များ ထုတ်ပေးထားသည့် မြေနေရာများနှင့် ပတ်သက်၍ စည်းကမ်းချက်များနှင့်မညီညွတ်သည့် မြေများအား နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ တောင်သူများ၏ လိုလားချက်များအား ဒေသလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီများနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေး၍ သဘောထားရယူဆောင်ရွက်ရန် တို့ကို ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့တွင် ရှမ်းပြည်နယ် အစိုးအရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစ်ုိင်းလုံကျော်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~