ထုိင္းႏိုင္ငံသို႔ အလွဴရွင္မ်ား ပံ့ပိုးမႈျဖင့္ ခြဲစိတ္ကုသမႈ ခံယူေနသည့္ ကေလးငယ္ ေသဆံုးသြားၿပီျဖစ္၍ လက္က်န္ ေဆးကုသစရိတ္ လွဴဒါန္းေငြမ်ားကို မိဘမ်ားထံ ေပးအပ္

ထုိင္းႏိုင္ငံသို႔ အလွဴရွင္မ်ား ပံ့ပိုးမႈျဖင့္ ခြဲစိတ္ကုသမႈ ခံယူေနသည့္ ကေလးငယ္ ေသဆံုးသြားၿပီျဖစ္၍ လက္က်န္ ေဆးကုသစရိတ္ လွဴဒါန္းေငြမ်ားကို မိဘမ်ားထံ ေပးအပ္
ဒီဇင်ဘာ 28, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ေဆးရံုႀကီးမွတစ္ဆင့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းေဆးရံုတြင္ ခြဲစိတ္ကုသမႈခံယူေနသည့္ အစာအိမ္ထြက္ေပါက္က်ဥ္းကေလးငယ္မွာ ေသဆံုးသြားၿပီျဖစ္ေသာ္လည္း က်န္ရိွေနသည့္ ေဆးကုသရန္ လွဴဒါန္းေငြမ်ားကို ဒီဇင္ဘာလ (၂၈)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္က ကေလး၏ မိဘမ်ားထံ  အလွဴေငြေကာက္ခံေပးသူ ေပးအပ္လိုက္ေၾကာင္း သိရသည္။

အလွဳရွင္မ်ား လွဴဒါန္းေပးထားၿပီး ပိုသည့္ ထိုင္းဘတ္ေငြ (၄၇၀၀၀)ထဲက အလွဴရွင္၏ ဆႏၵအရ ဘတ္(၇၀၀၀)အား ကေလးေဆာင္သို႔ လွဴဒါန္းေပးၿပီး ဘတ္(၄၀၀၀၀) ႏွင့္ က်ပ္ေငြ(၇)သိန္းတို႔အား  ကေလးအထူးကု ဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္ေရွ႕ေမွာက္တြင္ ကြယ္လြန္သူ ကေလး၏ မိဘမ်ားထံသို႔ လႊဲေျပာင္းေပးအပ္လိုက္ျခင္း ျဖစ္သည္။

"ဆန္ဆိုင္း(က)ရပ္ကြက္ထဲမွာ ေနတဲ့  ကိုစိုင္းရွဲန္ဟန္က ကေလးအတြက္ ေဆးကုသစရိတ္နဲ႔ ပတ္သက္ၿပီး ဆက္ၿပီး အလွဴမခံေတာ့နဲ႔ လိုတာကို သူ႔အေနနဲ႔ လွဴေပးသြားမယ္လို႔ ေျပာထားတာရွိပါတယ္။ ခ်င္းရိုင္းေဆးရံုကေန ဆင္းလာေတာ့ ေဆးရံုမွာ ေငြေခ်ဖို႔ လိုေတာ့ အေၾကာင္းၾကားလိုက္တာနဲ႔ ဘတ္တစ္သိန္းလွဴေပးလာပါတယ္၊ ေနာက္ၿပီး လိုအပ္တာကိုလည္း ထပ္ကူညီမယ္လို႔ ေျပာပါတယ္။ အခု အဲ့ဒီေငြေတြထဲက ခ်င္းရိုင္းေဆးရံုကို ေပးအၿပီးမွာ ပိုတာေတြကို ျပန္ယူမလာဆိုၿပီး ကိုစိုင္းရွဲန္ဟန္ကို ေမးလိုက္ေတာ့ ပိုတဲ့ေငြ ဘတ္(၄၇၀၀၀)ထဲက ဘတ္(၇၀၀၀)ကို ကေလးေဆာင္ကို လွဴေပးၿပီး က်န္တာကို မိဘကိုပဲ ေပးလိုက္ပါလို႔ ေျပာလာတဲ့အတြက္ က်ပ္ေငြ(၇)သိန္းနဲ႔အတူ အခုလို ေပးအပ္လိုက္တာပါ"ဟု ကေလးငယ္အတြက္ ကူညီကာ အလွဴေငြမ်ား ေကာက္ခံေပးခဲ့သည့္ မေမဇာျခည္လင္းက ေျပာသည္။

အဆိုပါ ကေလးငယ္အား ခြဲစိတ္ကုသမႈ ခံယူႏိုင္ရန္အတြက္ ဦးေနမ်ဳိးဦး(အိပ္မက္ရြာ)က ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္မွ တစ္ဆင့္ ကနဦး လွဴဒါန္းေပးသည့္ ဘတ္(၃၀၀၀၀)ျဖင့္ ခ်င္းရိုင္းေဆးရံုသို႔ ပိ႔ုေဆာင္ေပးခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕ အပါအ၀င္ အနယ္နယ္အရပ္ရပ္မွ ေစတနာရွင္ မ်ားက ပါဝင္လွဴဒါန္းသည့္ (၇၇၅၀၀၀)က်ပ္ႏွင့္ ထိုင္းဘတ္ေငြ (၄၃၇၀၀) အျပင္ ထပ္မံ လိုအပ္သည့္ ေဆးကုသစရိတ္မ်ားအား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ေန ကိုစိုင္းရွဲန္ဟန္က ထိုင္းဘတ္ေငြ (၁)သိန္းတိတိကို လွဴဒါန္းေပးခဲ့ျခင္းျဖစ္သည္။

ေမြးရာပါ အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါခံစားေနရသည့္ ကေလးငယ္အား ခ်င္းရိုင္းေဆးရံုတြင္ (၄)ႀကိမ္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ေသာ္လည္း တစ္လခြဲအရြယ္ကေလးငယ္မွာ သက္သာလာျခင္း မရိွဘဲ  ဝမ္းဗိုက္တြင္ အေပါက္ေဖာက္ထားလွ်က္ျဖင့္ ခ်င္းရိုင္းေဆးရံုမွ ဆင္းလာခဲ့ၿပီးေနာက္ ေနရပ္ျဖစ္သည့္ မိုင္းျဖတ္ၿမိဳ႕သို႔ မျပန္မီ ဒီဇင္ဘာလ(၂၆)ရက္ေန႔မွစ၍ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီး ေဆး၀ါး ေစာင့္ေရွာက္မႈေပးထားစဥ္ ဒီဇင္ဘာလ(၂၇)ရက္ေန႔ ည(၆)နာရီဝန္းက်င္က ေသဆံုးသြားျခင္း ျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်ဆေးရုံကြီးမှတစ်ဆင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူနေသည့် အစာအိမ်ထွက်ပေါက်ကျဉ်းကလေးငယ်မှာ သေဆုံးသွားပြီဖြစ်သော်လည်း ကျန်ရှိနေသည့် ဆေးကုသရန် လှူဒါန်းငွေများကို ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်က ကလေး၏ မိဘများထံ အလှူငွေကောက်ခံပေးသူ ပေးအပ်လိုက်ကြောင်း သိရသည်။

အလှုရှင်များ လှူဒါန်းပေးထားပြီး ပိုသည့် ထိုင်းဘတ်ငွေ (၄၇၀၀၀)ထဲက အလှူရှင်၏ ဆန္ဒအရ ဘတ်(၇၀၀၀)အား ကလေးဆောင်သို့ လှူဒါန်းပေးပြီး ဘတ်(၄၀၀၀၀) နှင့် ကျပ်ငွေ(၇)သိန်းတို့အား ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်ရှေ့မှောက်တွင် ကွယ်လွန်သူ ကလေး၏ မိဘများထံသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

"ဆန်ဆိုင်း(က)ရပ်ကွက်ထဲမှာ နေတဲ့ ကိုစိုင်းရှဲန်ဟန်က ကလေးအတွက် ဆေးကုသစရိတ်နဲ့ ပတ်သက်ပြီး ဆက်ပြီး အလှူမခံတော့နဲ့ လိုတာကို သူ့အနေနဲ့ လှူပေးသွားမယ်လို့ ပြောထားတာရှိပါတယ်။ ချင်းရိုင်းဆေးရုံကနေ ဆင်းလာတော့ ဆေးရုံမှာ ငွေချေဖို့ လိုတော့ အကြောင်းကြားလိုက်တာနဲ့ ဘတ်တစ်သိန်းလှူပေးလာပါတယ်၊ နောက်ပြီး လိုအပ်တာကိုလည်း ထပ်ကူညီမယ်လို့ ပြောပါတယ်။ အခု အဲ့ဒီငွေတွေထဲက ချင်းရိုင်းဆေးရုံကို ပေးအပြီးမှာ ပိုတာတွေကို ပြန်ယူမလာဆိုပြီး ကိုစိုင်းရှဲန်ဟန်ကို မေးလိုက်တော့ ပိုတဲ့ငွေ ဘတ်(၄၇၀၀၀)ထဲက ဘတ်(၇၀၀၀)ကို ကလေးဆောင်ကို လှူပေးပြီး ကျန်တာကို မိဘကိုပဲ ပေးလိုက်ပါလို့ ပြောလာတဲ့အတွက် ကျပ်ငွေ(၇)သိန်းနဲ့အတူ အခုလို ပေးအပ်လိုက်တာပါ"ဟု ကလေးငယ်အတွက် ကူညီကာ အလှူငွေများ ကောက်ခံပေးခဲ့သည့် မမေဇာခြည်လင်းက ပြောသည်။

အဆိုပါ ကလေးငယ်အား ခွဲစိတ်ကုသမှု ခံယူနိုင်ရန်အတွက် ဦးနေမျိုးဦး(အိပ်မက်ရွာ)က ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်မှ တစ်ဆင့် ကနဦး လှူဒါန်းပေးသည့် ဘတ်(၃၀၀၀၀)ဖြင့် ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် တာချီလိတ်မြို့ အပါအဝင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက ပါဝင်လှူဒါန်းသည့် (၇၇၅၀၀၀)ကျပ်နှင့် ထိုင်းဘတ်ငွေ (၄၃၇၀၀) အပြင် ထပ်မံ လိုအပ်သည့် ဆေးကုသစရိတ်များအား တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်နေ ကိုစိုင်းရှဲန်ဟန်က ထိုင်းဘတ်ငွေ (၁)သိန်းတိတိကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

မွေးရာပါ အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါခံစားနေရသည့် ကလေးငယ်အား ချင်းရိုင်းဆေးရုံတွင် (၄)ကြိမ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သော်လည်း တစ်လခွဲအရွယ်ကလေးငယ်မှာ သက်သာလာခြင်း မရှိဘဲ ဝမ်းဗိုက်တွင် အပေါက်ဖောက်ထားလျှက်ဖြင့် ချင်းရိုင်းဆေးရုံမှ ဆင်းလာခဲ့ပြီးနောက် နေရပ်ဖြစ်သည့် မိုင်းဖြတ်မြို့သို့ မပြန်မီ ဒီဇင်ဘာလ(၂၆)ရက်နေ့မှစ၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးဝါး စောင့်ရှောက်မှုပေးထားစဉ် ဒီဇင်ဘာလ(၂၇)ရက်နေ့ ည(၆)နာရီဝန်းကျင်က သေဆုံးသွားခြင်း ဖြစ်သည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~