ေက်ာက္မီးေသြးတြင္းမေတာ္တဆမႈေၾကာင္႔ ေသဆံုးခဲ႔သူမ်ားအတြက္ လူမႈကရုဏာေၾကး က်ပ္သိန္း(၇၀)စီ ေပးအပ္

ေက်ာက္မီးေသြးတြင္းမေတာ္တဆမႈေၾကာင္႔ ေသဆံုးခဲ႔သူမ်ားအတြက္ လူမႈကရုဏာေၾကး က်ပ္သိန္း(၇၀)စီ ေပးအပ္
ဒီဇင်ဘာ 1, 2017
By 🌸
မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္အတြင္း ဟန္ထက္(၁) ကုမၸဏီပိုင္ ေက်ာက္မီးေသြးလုပ္ကြက္ မေတာ္တဆမႈေၾကာင္႔ ေသဆံုးခဲ့သည့္ ျမန္မာလုပ္သား(၇)ဦးအတြက္ ကုမၸဏီက လူမႈကရုဏာေၾကး က်ပ္သိန္း(၇၀)စီကို ႏိုဝင္ဘာ(၃၀)ရက္ေန႔က ေသဆံုးသူတို႔၏ မိသားစုဝင္မ်ားထံ ေပးအပ္ေၾကာင္း သိရသည္။

 “၁၉၂၃ ခုႏွစ္ အလုပ္သမား ေလ်ာ္ေၾကးဥပေဒမွာ လုပ္ငန္းခြင္အတြင္း အလုပ္သမားေသဆံုးမႈျဖစ္ပြားရင္ ေပးရမယ္႔ေလ်ာ္ေၾကးပမာဏက ေလးသိန္းခဲြပဲျဖစ္လို႔ ေခတ္ကာလနဲ႔ၾကည္႔ရင္ အလြန္နည္းေနပါတယ္။ ဒါေၾကာင္႔ ကုမၸဏီဘက္ကလည္း လူမႈကရုဏာေၾကးေပးဖို႔လိုအပ္လို႔ ကၽြန္ေတာ္တို႔ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ အလုပ္သမားဝန္ႀကီးဌာနအေနနဲ႔ တိုင္းအစိုးရဝန္ႀကီးတစ္ဦးအေနနဲ႔ အလုပ္သမားညႊန္ၾကားမႈဦးစီးဌာနကေန သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးကတစ္ဆင္႔ တိုက္တြန္းေဆာင္ရြက္ခဲ႔တာပါ”ဟု တိုင္းေဒသႀကီးအစိုးရအဖဲြ႔ အလုပ္ သမားဝန္ႀကီး ဦးေနမ်ိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူမႈကရုဏာေၾကး က်ပ္သိန္း(၇၀)စီကို က်န္ရစ္သူ မိသားစုဝင္မ်ားအား ႏိုဝင္ဘာ(၃၀)ရက္ေန႔ မြန္းလဲြ(၁)နာရီအခ်ိန္တြင္ မင္းဘူးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး၌ ေပးအပ္ခဲ႔ျခင္းျဖစ္ၿပီး အလုပ္သမားေလ်ာ္ေၾကးဥပေဒအရ တစ္ဦးလွ်င္ က်ပ္ေလးသိန္းခြဲစီကိုလည္း အလုပ္သမားညႊန္ ၾကားမႈဦးစီးဌာနမွ ဖြင္႔ထားေသာ ဘဏ္စာရင္းသို႔ ကုမၸဏီမွ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

“လုပ္ငန္းခြင္မွာ ေသဆံုးသြားရတဲ႔ လုပ္သား(၇)ဦးအတြက္ တစ္ဦးကို က်ပ္ ေလးသိန္းခဲြနဲ႔ စုစုေပါင္း က်ပ္ (၃၁) သိန္းခဲြကို အလုပ္သမားညႊန္ၾကားမႈဦးစီးဌာနက ဖြင္႔ထားတဲ႔ ဘဏ္အေကာင္႔ထဲကို ကုမၸဏီက သြင္းရမွာျဖစ္ၿပီး ဌာနကတစ္ဆင္႔ ခ်က္လက္မွတ္နဲ႔ က်န္ရစ္သူေတြကို ေပးအပ္မွာျဖစ္ပါတယ္”ဟု မင္းဘူး/ စကုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီဝင္းက ေျပာသည္။

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ ေရႊစက္ေတာ္အနီး ငဖဲ-ေရႊစက္ေတာ္လမ္းေဘး(၃)မိုင္ခန္႔ အကြာရိွ ဟန္ထက္(၁) ကုမၸဏီပိုင္ ေက်ာက္မီးေသြးလုပ္ကြက္၌ ႏိုဝင္ဘာ(၂၇)ရက္ေန႔က က်င္းအတြင္းသို႔ ေအာက္ဆီဂ်င္ရရိွေစရန္ ေလမႈတ္သြင္းသည္႔ ပိုက္ ပြင္႔ထြက္၍ တြင္းအေပၚနံရံႏွင္႔ ေဘးအကာနံရံမ်ား ျပိဳက်သျဖင္႔ (၄)ဦးဒဏ္ရာရရိွကာ တရုတ္ႏိုင္ငံသား တစ္ဦးႏွင္႔ ျမန္မာလုပ္သား (၇)ဦး စုစု ေပါင္း(၈)ဦး ေသဆံုးခဲ႔ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင္႔ပတ္သက္၍ ကုမၸဏီပိုင္ရွင္ ဦးခ်စ္ဟန္ႏွင္႔ လုပ္ငန္းတာဝန္ခံ ဦးေအာင္ေက်ာ္လင္းတို႔ ႏွစ္ဦးအား စကုၿမိဳ႕နယ္ေျမရဲစခန္းမွ (ပ)၂၁၈/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄(က)ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္းသိရၿပီး မေတာ္တဆမႈျဖစ္ပြားခဲ႔သည္႔ ဟန္ထက္(၁)ေက်ာက္မီးေသြးတြင္း ကိုလည္း ႏိုဝင္ဘာလ (၂၉)ရက္ေန႔က အၿပီးပိတ္လိုက္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မီးသွေးတွင်းမတော်တဆမှုကြောင့် သေဆုံးခဲ့သူများအတွက် လူမှုကရုဏာကြေး ကျပ်သိန်း(၇၀)စီ ပေးအပ်
***********
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း ဟန်ထက်(၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက် မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သား(၇)ဦးအတွက် ကုမ္ပဏီက လူမှုကရုဏာကြေး ကျပ်သိန်း(၇၀)စီကို နိုဝင်ဘာ(၃၀)ရက်နေ့က သေဆုံးသူတို့၏ မိသားစုဝင်များထံ ပေးအပ်ကြောင်း သိရသည်။

 “၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားသေဆုံးမှုဖြစ်ပွားရင် ပေးရမယ့်လျော်ကြေးပမာဏက လေးသိန်းခွဲပဲဖြစ်လို့ ခေတ်ကာလနဲ့ကြည့်ရင် အလွန်နည်းနေပါတယ်။ ဒါကြောင့် ကုမ္ပဏီဘက်ကလည်း လူမှုကရုဏာကြေးပေးဖို့လိုအပ်လို့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တိုင်းအစိုးရဝန်ကြီးတစ်ဦးအနေနဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ သက်ဆိုင်ရာအုပ်ချုပ်ရေးကတစ်ဆင့် တိုက်တွန်းဆောင်ရွက်ခဲ့တာပါ”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ် သမားဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူမှုကရုဏာကြေး ကျပ်သိန်း(၇၀)စီကို ကျန်ရစ်သူ မိသားစုဝင်များအား နိုဝင်ဘာ(၃၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားလျော်ကြေးဥပဒေအရ တစ်ဦးလျှင် ကျပ်လေးသိန်းခွဲစီကိုလည်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာနမှ ဖွင့်ထားသော ဘဏ်စာရင်းသို့ ကုမ္ပဏီမှ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းခွင်မှာ သေဆုံးသွားရတဲ့ လုပ်သား(၇)ဦးအတွက် တစ်ဦးကို ကျပ် လေးသိန်းခွဲနဲ့ စုစုပေါင်း ကျပ် (၃၁) သိန်းခွဲကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဖွင့်ထားတဲ့ ဘဏ်အကောင့်ထဲကို ကုမ္ပဏီက သွင်းရမှာဖြစ်ပြီး ဌာနကတစ်ဆင့် ချက်လက်မှတ်နဲ့ ကျန်ရစ်သူတွေကို ပေးအပ်မှာဖြစ်ပါတယ်”ဟု မင်းဘူး/ စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်အနီး ငဖဲ-ရွှေစက်တော်လမ်းဘေး(၃)မိုင်ခန့် အကွာရှိ ဟန်ထက်(၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်၌ နိုဝင်ဘာ(၂၇)ရက်နေ့က ကျင်းအတွင်းသို့ အောက်ဆီဂျင်ရရှိစေရန် လေမှုတ်သွင်းသည့် ပိုက် ပွင့်ထွက်၍ တွင်းအပေါ်နံရံနှင့် ဘေးအကာနံရံများ ပြိုကျသဖြင့် (၄)ဦးဒဏ်ရာရရှိကာ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာလုပ်သား (၇)ဦး စုစု ပေါင်း(၈)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင် ဦးချစ်ဟန်နှင့် လုပ်ငန်းတာဝန်ခံ ဦးအောင်ကျော်လင်းတို့ နှစ်ဦးအား စကုမြို့နယ်မြေရဲစခန်းမှ (ပ)၂၁၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရပြီး မတော်တဆမှုဖြစ်ပွားခဲ့သည့် ဟန်ထက်(၁)ကျောက်မီးသွေးတွင်း ကိုလည်း နိုဝင်ဘာလ (၂၉)ရက်နေ့က အပြီးပိတ်လိုက်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~