မေကြးတိုင္းေဒသႀကီးမွ ဝန္ထမ္း ၄ ဦးအတြက္ လူမႈဖူလံုေရးအက်ိဳးခံစားခြင့္ က်ပ္(၁၈၁)သိန္းေက်ာ္ ေပးအပ္

မေကြးတိုင္းေဒသႀကီးမွ ဝန္ထမ္း ၄ ဦးအတြက္ လူမႈဖူလံုေရးအက်ိဳးခံစားခြင့္ က်ပ္(၁၈၁)သိန္းေက်ာ္ ေပးအပ္
ဒီဇင်ဘာ 3, 2017
By 🌸
၂၀၁၂ လူမႈဖူလုံေရးဥပေဒ က်န္းမာေရးႏွင့္လူမႈေရးေစာင့္ေရွာက္မႈအာမခံစနစ္၊ အလုပ္တြင္ထိခိုက္မႈ အာမခံစနစ္တို႔အရ မန္းေရနံေျမ၊ ေရနံဓာတ္ေငြ႕ရည္စက္ရုံ၊ ေရနံဓာတုေဗဒစက္ရုံႏွင္႔ တိုင္းလၽွပ္စစ္ဌာနတို႔မွ ဝန္ထမ္း (၄) ဦးအတြက္အက်ိဳးခံစားခြင့္ (၁၈၁)သိန္းေက်ာ္အား ကာယကံရွင္ဝန္ထမ္း(၂)ဦးႏွင္႔ က်န္ရစ္သူမိသားစုတို႔ ထံ ဒီဇင္ဘာ (၂)ရက္ေန႔က ေပးအပ္ေၾကာင္း သိရသည္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင္႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕နယ္ႏွင္႔ မင္းဘူးၿမိဳ႕နယ္ လူမႈဖူလံုေရးရံုးခဲြမ်ားတြင္ မွတ္ပံုတင္ထားသည့္ ႏုိင္ငံပိုင္လုပ္ငန္းမ်ားမွ ဝန္ထမ္း (၄) ဦး၏ အၿမဲတမ္းမသန္စြမ္းမႈႏွင္႔ က်န္ရစ္သူအက်ိဳးခံစားခြင္႔ ေငြ (၁၈၁)သိန္းေက်ာ္ကို မင္းဘူးၿမိဳ႕နယ္ အေထြေထြအုပ္ ခ်ဳပ္ေရးဦးစီးဌာနရံုး အစည္းအေဝးခန္းမတြင္ ေပးအပ္ခဲ႔ျခင္းျဖစ္သည္။

“မန္းေရနံေျမလုပ္သားေတြအတြက္ လူမႈဖူလံုေရးအက်ိဳးခံစားခြင္႔ ေပးအပ္တာပါ။ လုပ္ငန္းခြင္မွာ မေတာ္တ ဆ ထိခိုက္တာတို႔ ေသဆံုးသြားတာတို႔ရိွရင္ လူမႈဖူလံုေရးမွာထည္႔ဝင္ထားတဲ႔ေငြကို ထည္႔ဝင္ခဲ႔တဲ႔ႏွစ္အလိုက္ တြက္ ခ်က္ၿပီးေတာ႔ လူမႈဖူလံုေရး ၂၀၁၂ ဥပေဒအရ နစ္နာေၾကးေပးအပ္တာျဖစ္ပါတယ္”ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင္႔ ျပည္သူ႔အင္အားဝန္ႀကီး ဦးေနမ်ိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်န္ရစ္သူ ေငြလံုးေငြရင္းအက်ိဳးခံစားခြင္႔အတြက္ အမွတ္(၁)ေရနံဓာတ္ေငြ႔ရည္စက္ရံုမွ ကြယ္လြန္သူ ဦးသန္း ေမာင္၏ဇနီးအား က်ပ္(၅၈၅၀၀၀၀)ႏွင့္ ေရနံဓာတုေဗဒစက္ရံု(မန္းသံပုရာကန္)မွ ကြယ္လြန္သူ ဦးျမင္႔သန္း၏ ဇနီးအား က်ပ္(၅၄၀၀၀၀၀)၊ မသန္စြမ္းမႈေငြလံုးေငြရင္းအက်ိဳးခံစားခြင္႔အတြက္ မန္းေရနံေျမမွ ဦးေဇာ္ဝင္းအား က်ပ္(၄၈၅၁၀၀၀)၊ တိုင္းေဒသႀကီးလွ်ပ္စစ္အင္ဂ်င္နီယာရံုးမွ ဦးမ်ိဳးေဇာ္အား က်ပ္(၂၀၀၀၀၀၀)တို႔ကို ေပးအပ္ခဲ႔ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးမှ ဝန်ထမ်း ၄ ဦးအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ကျပ်(၁၈၁)သိန်းကျော် ပေးအပ်
***********
၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အာမခံစနစ်တို့အရ မန်းရေနံမြေ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံနှင့် တိုင်းလျှပ်စစ်ဌာနတို့မှ ဝန်ထမ်း (၄) ဦးအတွက်အကျိုးခံစားခွင့် (၁၈၁)သိန်းကျော်အား ကာယကံရှင်ဝန်ထမ်း(၂)ဦးနှင့် ကျန်ရစ်သူမိသားစုတို့ ထံ ဒီဇင်ဘာ (၂)ရက်နေ့က ပေးအပ်ကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးခွဲများတွင် မှတ်ပုံတင်ထားသည့် နိုင်ငံပိုင်လုပ်ငန်းများမှ ဝန်ထမ်း (၄) ဦး၏ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေ (၁၈၁)သိန်းကျော်ကို မင်းဘူးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“မန်းရေနံမြေလုပ်သားတွေအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ပေးအပ်တာပါ။ လုပ်ငန်းခွင်မှာ မတော်တ ဆ ထိခိုက်တာတို့ သေဆုံးသွားတာတို့ရှိရင် လူမှုဖူလုံရေးမှာထည့်ဝင်ထားတဲ့ငွေကို ထည့်ဝင်ခဲ့တဲ့နှစ်အလိုက် တွက် ချက်ပြီးတော့ လူမှုဖူလုံရေး ၂၀၁၂ ဥပဒေအရ နစ်နာကြေးပေးအပ်တာဖြစ်ပါတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့်အတွက် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံမှ ကွယ်လွန်သူ ဦးသန်း မောင်၏ဇနီးအား ကျပ်(၅၈၅၀၀၀၀)နှင့် ရေနံဓာတုဗေဒစက်ရုံ(မန်းသံပုရာကန်)မှ ကွယ်လွန်သူ ဦးမြင့်သန်း၏ ဇနီးအား ကျပ်(၅၄၀၀၀၀၀)၊ မသန်စွမ်းမှုငွေလုံးငွေရင်းအကျိုးခံစားခွင့်အတွက် မန်းရေနံမြေမှ ဦးဇော်ဝင်းအား ကျပ်(၄၈၅၁၀၀၀)၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးမှ ဦးမျိုးဇော်အား ကျပ်(၂၀၀၀၀၀၀)တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~