မေကြးတုိင္းေဒသႀကီး အစိုးရသို႔ ျပန္လည္ေပးအပ္ခဲ့သည့္ ေဒသဖြံ႔ၿဖိဳးေရးရန္ပံုေငြျဖင္႔ ဌာနေလးခုအတြက္ ေမာ္ေတာ္ယာဥ္မ်ား ပံ့ပိုး

မေကြးတုိင္းေဒသႀကီး အစိုးရသို႔ ျပန္လည္ေပးအပ္ခဲ့သည့္ ေဒသဖြံ႔ၿဖိဳးေရးရန္ပံုေငြျဖင္႔ ဌာနေလးခုအတြက္ ေမာ္ေတာ္ယာဥ္မ်ား ပံ့ပိုး
ဒီဇင်ဘာ 26, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးအတြင္း လုပ္ငန္းသဘာဝအရ လွည့္ပတ္သြားလာရန္ လိုအပ္သည့္ အစိုးရဌာန (၄)ခုအတြက္ ေမာ္ေတာ္ယာဥ္ (၁)စီးစီကို ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမွ ထုတ္ႏႈတ္၍ ဒီဇင္ဘာလ (၂၆)ရက္ေန႔တြင္ ေထာက္ပံ့ေပးအပ္ေၾကာင္း သိရသည္။

“တစ္တိုင္းလံုး ပတ္သြားေနရတဲ႔ တိုင္းအဆင္႔ ဌာနဆိုင္ရာဦးစီးမွဴးေတြကို ဦးစားေပးစနစ္နဲ႔ ခ်ထား ေပးလိုက္တာပါ။ တစ္ျခား လိုအပ္ခ်က္ရိွေနတဲ႔ ဌာနေတြကိုလည္း ဆက္လက္ခ်ထားေပးဖို႔ အစီအစဥ္ရိွပါတယ္”ဟု ဒီဇင္ဘာ(၂၆)ရက္ေန႔က တိုင္းအစိုးရအဖဲြ႔ရံုး၌ ျပဳလုပ္ေသာ ေမာ္ေတာ္ယာဥ္ ေပးအပ္ပဲြတြင္ တိုင္း ေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားသည္။

အဆိုပါ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြမ်ားမွာ ေဒသတြင္း ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ ေဒသဖြံ႔ၿဖိဳးေရး ရန္ပံုေငြအျဖစ္ ေကာက္ယူထားသည့္ က်ပ္ (၃၂၇၉)သန္းကို ယခင္တိုင္းေဒသႀကီးအစိုးရက အဖြဲ႔အစည္း တစ္ခုအား လွဴဒါန္းထားသည္ကို စစ္ေဆးေတြ႔ရိွရသျဖင့္ ယခုအစိုးရလက္ထက္တြင္ ျပန္လည္အပ္ႏွံေပးရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ ျပန္လည္ရရိွသည့္ ရန္ပံုေငြျဖင့္ တိုင္းေဒသႀကီးအတြင္း လုပ္ငန္းလိုအပ္ခ်က္အရ ျဖည့္ဆည္းေပးရန္ လိုအပ္သည့္ အစိုးရဌာန (၄)ခုျဖစ္သည့္ ပညာေရး၊ သစ္ေတာ၊ စိုက္ပ်ိဳးေရးႏွင့္ ေၾကးတုိင္ႏွင့္ေျမစာရင္းဌာနမ်ားအား ေမာ္ေတာ္ယာဥ္ (၄)စီး ပံ့ပိုးေပးျခင္းျဖစ္ေၾကာင္း သိရသည္။

 “အခုေပးတဲ႔ယာဥ္ေတြက လူႀကီးသံုးအတြက္တင္ မဟုတ္ပါဘူး။ အဖဲြ႔လိုက္သြားေရာက္ႏိုင္မွာျဖစ္လို႔ အမ်ားႀကီးအဆင္ေျပပါတယ္။ ကၽြန္ေတာ္တို႔ဌာနေတြအေနနဲ႔က သတင္းရရင္ ခ်က္ခ်င္းသြားရတာျဖစ္လို႔ အခု လိုႀကံ႕ခိုင္ေရးေကာင္းမြန္တဲ႔ ကားကိုေပးအပ္ခဲ႔တဲ႔အတြက္ အားျဖစ္ေစပါတယ္”ဟု မေကြးတိုင္း သစ္ေတာ တာဝန္ခံ ညႊန္ၾကားေရးမွဴး ဦးျမင္႔သိန္းခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တိုင္းေဒသႀကီးအတြင္း ႏိုင္ငံေတာ္အႀကီးအကဲမ်ားလာေရာက္ပါက ခရီးစဥ္လို္က္လံပို႔ေဆာင္ေပးႏုိင္ရန္ က်ပ္ သိန္း(၆၆၀)ခန္႔တန္ဘိုးရိွေသာ လင္ခရုဆာကားတစ္စီးကိုလည္း ျပန္လည္ရရိွခဲ့သည့္ ေဒသဖြံ႕ၿဖိဳးေရး ရန္ပံုေငြျဖင့္ ဝယ္ယူခဲ႔ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္(၅)စီးအျပင္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းျပန္လည္အပ္ႏွံခဲ႔ေသာ ယာဥ္မ်ားအနက္မွ မီနီဘတ္စ္ ယာဥ္(၁)စီးကိုလည္း တိုင္းေဒသႀကီး အစားအေသာက္ႏွင္႔ ေဆးဝါးကြပ္ကဲဌာန၏ ေရြ႕လ်ားဓာတ္ခဲြခန္းသံုးရန္ ျပည္ေထာင္စုအစိုးရမွ ခ်ထားေပးျခင္းမရိွမီ သံုးစြဲရန္ ခြင့္ျပဳေပးအပ္ထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသဘာဝအရ လှည့်ပတ်သွားလာရန် လိုအပ်သည့် အစိုးရဌာန (၄)ခုအတွက် မော်တော်ယာဉ် (၁)စီးစီကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ထုတ်နှုတ်၍ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

“တစ်တိုင်းလုံး ပတ်သွားနေရတဲ့ တိုင်းအဆင့် ဌာနဆိုင်ရာဦးစီးမှူးတွေကို ဦးစားပေးစနစ်နဲ့ ချထား ပေးလိုက်တာပါ။ တစ်ခြား လိုအပ်ချက်ရှိနေတဲ့ ဌာနတွေကိုလည်း ဆက်လက်ချထားပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ဒီဇင်ဘာ(၂၆)ရက်နေ့က တိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော မော်တော်ယာဉ် ပေးအပ်ပွဲတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများမှာ ဒေသတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကောက်ယူထားသည့် ကျပ် (၃၂၇၉)သန်းကို ယခင်တိုင်းဒေသကြီးအစိုးရက အဖွဲ့အစည်း တစ်ခုအား လှူဒါန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ယခုအစိုးရလက်ထက်တွင် ပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့ပြီးနောက် ပြန်လည်ရရှိသည့် ရန်ပုံငွဖြေင့် တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုအပ်ချက်အရ ဖြည့်ဆည်းပေးရန် လိုအပ်သည့် အစိုးရဌာန (၄)ခုဖြစ်သည့် ပညာရေး၊ သစ်တော၊ စိုက်ပျိုးရေးနှင့် ကြေးတိုင်နှင့်မြေစာရင်းဌာနများအား မော်တော်ယာဉ် (၄)စီး ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

 “အခုပေးတဲ့ယာဉ်တွေက လူကြီးသုံးအတွက်တင် မဟုတ်ပါဘူး။ အဖွဲ့လိုက်သွားရောက်နိုင်မှာဖြစ်လို့ အများကြီးအဆင်ပြေပါတယ်။ ကျွန်တော်တို့ဌာနတွေအနေနဲ့က သတင်းရရင် ချက်ချင်းသွားရတာဖြစ်လို့ အခု လိုကြံ့ခိုင်ရေးကောင်းမွန်တဲ့ ကားကိုပေးအပ်ခဲ့တဲ့အတွက် အားဖြစ်စေပါတယ်”ဟု မကွေးတိုင်း သစ်တော တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်းဒေသကြီးအတွင်း နိုင်ငံတော်အကြီးအကဲများလာရောက်ပါက ခရီးစဉ်လို်က်လံပို့ဆောင်ပေးနိုင်ရန် ကျပ် သိန်း(၆၆၀)ခန့်တန်ဘိုးရှိသော လင်ခရုဆာကားတစ်စီးကိုလည်း ပြန်လည်ရရှိခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွဖြေင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်(၅)စီးအပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းပြန်လည်အပ်နှံခဲ့သော ယာဉ်များအနက်မှ မီနီဘတ်စ် ယာဉ်(၁)စီးကိုလည်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဌာန၏ ရွေ့လျားဓာတ်ခွဲခန်းသုံးရန် ပြည်ထောင်စုအစိုးရမှ ချထားပေးခြင်းမရှိမီ သုံးစွဲရန် ခွင့်ပြုပေးအပ်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~