မေကြး နည္းပညာအထက္တန္းေက်ာင္းတြင္ ကာလတိုသင္တန္းမ်ား ဖြင့္လွစ္မည္

မေကြး နည္းပညာအထက္တန္းေက်ာင္းတြင္ ကာလတိုသင္တန္းမ်ား ဖြင့္လွစ္မည္
ဒီဇင်ဘာ 4, 2017
By 🌸
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ အစိုးရ နည္းပညာအထက္တန္းေက်ာင္းက ဒီဇင္ဘာလ (၁၅) ရက္ေန႔မွစ၍ အသက္ေမြး ဝမ္းေက်ာင္း ကာလတိုသင္တန္းမ်ားကို အခမဲ့ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပညာအရည္အခ်င္း (၄)တန္း ေအာင္ျမင္သူမ်ား တက္ေရာက္ႏုိင္သည့္ ဆိုင္ကယ္ ျပင္သင္တန္း အပတ္စဥ္ (၃)၊ ပန္းရံသင္တန္း အပတ္စဥ္(၁)၊ Basic Electronics သင္တန္း အပတ္စဥ္(၁)၊ ဂေဟဆက္ သင္တန္းအပတ္စဥ္(၃)သင္တန္းမ်ား၊ ပညာအရည္အခ်င္း (၈)တန္းေအာင္ ျမင္သူမ်ား တက္ေရာက္ႏုိင္သည့္ အိမ္တြင္း လ်ွပ္စစ္သြယ္တန္းျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္း သင္တန္း အပတ္စဥ္(၃)၊ Computer Basic သင္တန္း အပတ္စဥ္ (၅)သင္တန္းမ်ား၊ ပညာအရည္အခ်င္း (၁၀) တန္း ေအာင္ျမင္သူမ်ား တက္ေရာက္ႏုိင္သည့္ English Speaking သင္တန္း အပတ္စဥ္(၁) သင္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြကို အေထာက္အပံ့ျဖစ္ေစဖို႔ ၂၀၁၅ ခုႏွစ္ ဇြန္လ၂၇ ရက္ကစလို႔ သင္တန္းအားလံုး ဖြင့္လွစ္သင္ၾကားေပးခဲ့တာပါ။ ဒီတစ္ခါဖြင့္မယ့္ ကာလတိုသင္တန္းေတြက အရင္တုန္းကဖြင့္ ခဲ့တဲ့ ကာလတို သင္တန္းေတြနဲ႔ မတူဘဲ ထူးျခားမွႈရွိပါတယ္။ အဲဒါကေတာ့ ခုေက်ာင္းကေပးတဲ့ Certificate အျပင္ သင္တန္းသားသင္တန္းသူေတြထဲက အမ်ိဳးသားအဆင့္ ကၽြမ္းက်င္မႈ အသိအမွတ္ျပဳ လက္မွတ္ (National Skill Standards Authority -NSSA)  ပါရရွိေအာင္ေျဖဆိုမယ့္သူေတြကို ေျဖဆိုႏိုင္ေအာင္ႀကိဳ တင္ေလ့က်င္ ့ သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္"ဟု အစိုးရ နည္းပညာ အထက္တန္းေက်ာင္း (မေကြး) ေက်ာင္းအုပ္ႀကီး ဦးသက္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တစ္လၾကာျမင့္မည့္ အဆိုပါသင္တန္းမ်ားအတြက္ အသက္အရြယ္ကန္႔သတ္ခ်က္မရိွေၾကာင္း သိရၿပီး သံုးလၾကာျမင့္မည့္ ဆိုင္ကယ္ျပင္သင္တန္းအတြက္ ေနထိုင္ရန္အေဆာင္အခမဲ့ စီစဥ္ေပးထားသည့္အျပင္ ဆြစ္ဇာလန္ႏိုင္ငံအေျခစိုက္ HELVETAS Myanmar NGO အဖဲြ႔အစည္း(မင္းလွ)၏ ေထာက္ပံ့ကူညီမႈျဖင့္ ရန္ကုန္ဆိုင္ကယ္ျပင္ဆိုင္ (မင္းလွ)က ပူးေပါင္းပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ အစိုးရ နည္းပညာ အထက္တန္းေက်ာင္း(မေကြး)မွ ဆိုင္ကယ္ ျပင္သင္တန္းသား(၁၂)ဦး၊ အိမ္တြင္းလ်ွပ္စစ္သြယ္တန္းျခင္း ႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္းသင္ တန္းသား(၂၁)ဦး၊ ကြန္ပ်ဴတာအေျခခံသင္တန္းသား(၄၈)ဦး၊ ဂေဟဆက္သင္တန္းသား(၂၄)ဦးတို႔ သင္တန္းဆင္းသြားခဲ့ၿပီးေနာက္ ဆိုင္ကယ္ျပင္သင္တန္း အပတ္စဥ္(၂)တြင္ သင္တန္းသား(၁၈)ဦး ပညာသင္ၾကားေနဆဲျဖစ္ေၾကာင္း သိရသည္။

အသက္ေမြးဝမ္းေက်ာင္း သင္တန္းမ်ားသို႔ တက္ေရာက္ လိုသူ မ်ားအေနျဖင့္ ဒီဇင္ဘာ (၁၄)ရက္ ေန႔ေနာက္ဆံုးထား၍ အစိုးရနည္းပညာအထက္တန္းေက်ာင္း (မေကြး)မွ ေက်ာင္းသားေရးရာဌာနသို႔ စာရင္းေပးသြင္း ေလွ်ာက္ထားႏိုင္ၿပီး ရပ္ေဝးမွ သင္တန္းတက္လိုသူမ်ား သင္တန္းသားေဖာင္ထုတ္ယူရန္ အခက္အခဲရွိပါက အစိုးရနည္းပညာအထက္တန္းေက်ာင္း (မေကြး) ဖုန္း ၀၉ ၂၅၆၁၃၇၁၀၃ ႏွင့္ ရန္ကုန္ဆုိင္ကယ္ျပင္ဆိုင္(မင္းလွ) ၀၉ ၇၇၈၆၄၁၃၈၁ သို႔လည္းေကာင္း ႀကိဳတင္စာရင္းေပးသြင္းထားႏိုင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္၊ မ်ိဳးမင္းဦး

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေး နည်းပညာအထက်တန်းကျောင်းတွင် ကာလတိုသင်တန်းများ ဖွင့်လှစ်မည်
*******
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်းက ဒီဇင်ဘာလ (၁၅) ရက်နေ့မှစ၍ အသက်မွေး ဝမ်းကျောင်း ကာလတိုသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာအရည်အချင်း (၄)တန်း အောင်မြင်သူများ တက်ရောက်နိုင်သည့် ဆိုင်ကယ် ပြင်သင်တန်း အပတ်စဉ် (၃)၊ ပန်းရံသင်တန်း အပတ်စဉ်(၁)၊ Basic Electronics သင်တန်း အပတ်စဉ်(၁)၊ ဂဟေဆက် သင်တန်းအပတ်စဉ်(၃)သင်တန်းများ၊ ပညာအရည်အချင်း (၈)တန်းအောင် မြင်သူများ တက်ရောက်နိုင်သည့် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း အပတ်စဉ်(၃)၊ Computer Basic သင်တန်း အပတ်စဉ် (၅)သင်တန်းများ၊ ပညာအရည်အချင်း (၁၀) တန်း အောင်မြင်သူများ တက်ရောက်နိုင်သည့် English Speaking သင်တန်း အပတ်စဉ်(၁) သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေဖို့ ၂၀၁၅ ခုနှစ် ဇွန်လ၂၇ ရက်ကစလို့ သင်တန်းအားလုံး ဖွင့်လှစ်သင်ကြားပေးခဲ့တာပါ။ ဒီတစ်ခါဖွင့်မယ့် ကာလတိုသင်တန်းတွေက အရင်တုန်းကဖွင့် ခဲ့တဲ့ ကာလတို သင်တန်းတွေနဲ့ မတူဘဲ ထူးခြားမှှုရှိပါတယ်။ အဲဒါကတော့ ခုကျောင်းကပေးတဲ့ Certificate အပြင် သင်တန်းသားသင်တန်းသူတွေထဲက အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် (National Skill Standards Authority -NSSA)  ပါရရှိအောင်ဖြေဆိုမယ့်သူတွေကို ဖြေဆိုနိုင်အောင်ကြို တင်လေ့ကျင် ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်"ဟု အစိုးရ နည်းပညာ အထက်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီး ဦးသက်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်လကြာမြင့်မည့် အဆိုပါသင်တန်းများအတွက် အသက်အရွယ်ကန့်သတ်ချက်မရှိကြောင်း သိရပြီး သုံးလကြာမြင့်မည့် ဆိုင်ကယ်ပြင်သင်တန်းအတွက် နေထိုင်ရန်အဆောင်အခမဲ့ စီစဉ်ပေးထားသည့်အပြင် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS Myanmar NGO အဖွဲ့အစည်း(မင်းလှ)၏ ထောက်ပံ့ကူညီမှုဖြင့် ရန်ကုန်ဆိုင်ကယ်ပြင်ဆိုင် (မင်းလှ)က ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း(မကွေး)မှ ဆိုင်ကယ် ပြင်သင်တန်းသား(၁၂)ဦး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်းသင် တန်းသား(၂၁)ဦး၊ ကွန်ပျူတာအခြေခံသင်တန်းသား(၄၈)ဦး၊ ဂဟေဆက်သင်တန်းသား(၂၄)ဦးတို့ သင်တန်းဆင်းသွားခဲ့ပြီးနောက် ဆိုင်ကယ်ပြင်သင်တန်း အပတ်စဉ်(၂)တွင် သင်တန်းသား(၁၈)ဦး ပညာသင်ကြားနေဆဲဖြစ်ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက် လိုသူ များအနေဖြင့် ဒီဇင်ဘာ (၁၄)ရက် နေ့နောက်ဆုံးထား၍ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)မှ ကျောင်းသားရေးရာဌာနသို့ စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီး ရပ်ဝေးမှ သင်တန်းတက်လိုသူများ သင်တန်းသားဖောင်ထုတ်ယူရန် အခက်အခဲရှိပါက အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) ဖုန်း ၀၉ ၂၅၆၁၃၇၁၀၃ နှင့် ရန်ကုန်ဆိုင်ကယ်ပြင်ဆိုင်(မင်းလှ) ၀၉ ရ၇၈၆၄၁၃၈၁ သို့လည်းကောင်း ကြိုတင်စာရင်းပေးသွင်းထားနိုင်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်၊ မျိုးမင်းဦး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~