ေက်ာက္မဲၿမိဳ႕တြင္ ေနအိမ္၌အသတ္ခံရသည္ဟု ယူဆရသည့္ အမ်ိဳးသမီးတစ္ဦးေသဆံုးမႈအား ရဲတပ္ဖြဲ႔စစ္ေဆးေန

ေက်ာက္မဲၿမိဳ႕တြင္ ေနအိမ္၌အသတ္ခံရသည္ဟု ယူဆရသည့္ အမ်ိဳးသမီးတစ္ဦးေသဆံုးမႈအား ရဲတပ္ဖြဲ႔စစ္ေဆးေန
ဒီဇင်ဘာ 1, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ရပ္ကြက္ (၈)၊ နယ္ေျမ (၄)တြင္ ဒီဇင္ဘာလ (၁)ရက္ေန႔ နံနက္ပိုင္းက အသက္ (၅၀)ေက်ာ္အရြယ္အမ်ိဳးသမီးတစ္ဦး ေနအိမ္တြင္ ေသဆံုးေနသည္ကိုေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ကၽြန္ေတာ္တုိ႔ကို ရဲစခန္း နယ္ေျမတာဝန္ခံက မနက္ (၈)နာရီေလာက္က လွမ္းၿပီး ဖုန္းဆက္လုိ႔ သြားသယ္ေပးတာပါ။ ကၽြန္ေတာ္ ၾကားတာကေတာ့ အိမ္နီးခ်င္း သံုးဘီးေမာင္းသူကေတြ႔လို႔ အေၾကာင္းၾကားတာဆိုပဲ။ အဲဒီကေန ရဲစခန္းအေၾကာင္းၾကား၊ ရဲစခန္းက ကၽြန္ေတာ္တုိ႔ကိုလည္း လွမ္းအေၾကာင္းၾကားတာပါ။ အိမ္သာထဲမွာ ပက္လက္လန္ၿပီး လဲက်ေနတယ္လို႔ ၾကားတယ္။ ကၽြန္ေတာ္တုိ႔ ေရာက္တဲ့အခ်ိန္မွာေတာ့ အေလာင္းက ေရႊ႕ထားၿပီးၿပီ။ ပါးစပ္ထဲမွာ လက္အိတ္ေတြလည္း ေတြ႔တယ္။ ေသတၱာတစ္လံုးက ေသာ့ကိုေတာ့ မီးရိႈ႕ၿပီး ဖ်က္ထားတယ္လို႔ သိရတယ္။ ဒါေပမဲ့ ေငြသိန္း ၄၀ ေလာက္နဲ႔ လက္စြပ္သံုးကြင္းလည္း အဲဒီေသတၱာမွာ ေတြ႕တယ္လို႔ သိရတယ္။ သူက ဆြမ္းေတာ္တင္ဖို႔ ျပင္ေနတာ ထင္တယ္။ ဘုရားပန္းအိုးေတြ ဆြမ္းေတာ္တင္ဖို႔ ျပင္ဆင္ထားတာေတြေတာ့ ေတြ႕ခဲ့ရတယ္”ဟု အခင္းျဖစ္ေနအိမ္မွ အေလာင္းသယ္ေဆာင္ေပးခဲ့သူ ေက်ာက္မဲၿမိဳ႕ ဇီဝိတလူမႈကူညီေရးအသင္းမွ ေစာမင္းၾကဴက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူအမ်ိဳးသမီး၏အေလာင္းအား ေက်ာက္မဲ ျပည္သူ႔ေဆးရံုတြင္ ပို႔ေဆာင္စစ္ေဆးေနၿပီး ရဲတပ္ဖြဲ႕က အမႈဖြင့္ေဆာင္ရြက္ႏိုင္ေရး စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေစာမင္းၾကဴ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် နေအိမ်၌အသတ်ခံရသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးသေဆုံးမှုအား ရဲတပ်ဖွဲ့စစ်ဆေးနေ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက် (၈)၊ နယ်မြေ (၄)တွင် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက အသက် (၅၀)ကျော်အရွယ်အမျိုးသမီးတစ်ဦး နေအိမ်တွင် သေဆုံးနေသည်ကိုတွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ကျောက်မဲမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ကို ရဲစခန်း နယ်မြေတာဝန်ခံက မနက် (၈)နာရီလောက်က လှမ်းပြီး ဖုန်းဆက်လို့ သွားသယ်ပေးတာပါ။ ကျွန်တော် ကြားတာကတော့ အိမ်နီးချင်း သုံးဘီးမောင်းသူကတွေ့လို့ အကြောင်းကြားတာဆိုပဲ။ အဲဒီကနေ ရဲစခန်းအကြောင်းကြား၊ ရဲစခန်းက ကျွန်တော်တို့ကိုလည်း လှမ်းအကြောင်းကြားတာပါ။ အိမ်သာထဲမှာ ပက်လက်လန်ပြီး လဲကျနေတယ်လို့ ကြားတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ အလောင်းက ရွှေ့ထားပြီးပြီ။ ပါးစပ်ထဲမှာ လက်အိတ်တွေလည်း တွေ့တယ်။ သေတ္တာတစ်လုံးက သော့ကိုတော့ မီးရှို့ပြီး ဖျက်ထားတယ်လို့ သိရတယ်။ ဒါပေမဲ့ ငွေသိန်း ၄၀ လောက်နဲ့ လက်စွပ်သုံးကွင်းလည်း အဲဒီသေတ္တာမှာ တွေ့တယ်လို့ သိရတယ်။ သူက ဆွမ်းတော်တင်ဖို့ ပြင်နေတာ ထင်တယ်။ ဘုရားပန်းအိုးတွေ ဆွမ်းတော်တင်ဖို့ ပြင်ဆင်ထားတာတွေတော့ တွေ့ခဲ့ရတယ်”ဟု အခင်းဖြစ်နေအိမ်မှ အလောင်းသယ်ဆောင်ပေးခဲ့သူ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ စောမင်းကြူက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူအမျိုးသမီး၏အလောင်းအား ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ပို့ဆောင်စစ်ဆေးနေပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်နိုင်ရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #စောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~