ေက်ာက္မဲၿမိဳ႕တြင္ အမိႈက္ပံု၌ ေမြးစကေလးအေလာင္း စြန္႔ပစ္ထားသူအား ရဲတပ္ဖြဲ႕ရွာေဖြေဖၚထုတ္ေန

ေက်ာက္မဲၿမိဳ႕တြင္ အမိႈက္ပံု၌ ေမြးစကေလးအေလာင္း စြန္႔ပစ္ထားသူအား ရဲတပ္ဖြဲ႕ရွာေဖြေဖၚထုတ္ေန
ဒီဇင်ဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္ (၂) ရပ္ကြက္ သစ္ေတာလမ္းအနီး အမိႈက္ပံုတစ္ခုတြင္ ဒီဇင္ဘာလ (၅) ရက္ေန႔ မနက္ပိုင္းက ေမြးကင္းစကေလးငယ္တစ္ဦး၏ အေလာင္းအား ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

“ကေလးက ေယာက္်ားေလးပါ။ ေမြးၿပီးခါစ အရြယ္ပဲရွိပါေသးတယ္။ မနက္ (၁၁) နာရီေလာက္မွာ ေတြ႕ရွိတာကို အေၾကာင္းၾကားလာတာျဖစ္ပါတယ္။ ကေလးအေလာင္းကိုေတာ့ ဇီဝိတလူမႈ ကူညီေရးအသင္းကေန ျပည္သူ႕ေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါကေလးငယ္သည္ ေမြးၿပီးခါစ အေနအထားျဖစ္၍ အခ်င္း၊ ခ်က္ႀကိဳး စသည္တို႔ မဖယ္ရွားထားေသးဘဲ အမိႈက္ပံုတြင္ လာေရာက္စြန္႔ပစ္ထားျခင္းျဖစ္ၿပီး ျပည္သူ႕ေဆးရံု ေဆးစစ္ခ်က္ရယူကာ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၅၁/၂၀၁၇ ပုဒ္မ ၃၁၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် အမှိုက်ပုံ၌ မွေးစကလေးအလောင်း စွန့်ပစ်ထားသူအား ရဲတပ်ဖွဲ့ရှာဖွေဖေါ်ထုတ်နေ
*******
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၂) ရပ်ကွက် သစ်တောလမ်းအနီး အမှိုက်ပုံတစ်ခုတွင် ဒီဇင်ဘာလ (၅) ရက်နေ့ မနက်ပိုင်းက မွေးကင်းစကလေးငယ်တစ်ဦး၏ အလောင်းအား တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

“ကလေးက ယောက်ျားလေးပါ။ မွေးပြီးခါစ အရွယ်ပဲရှိပါသေးတယ်။ မနက် (၁၁) နာရီလောက်မှာ တွေ့ရှိတာကို အကြောင်းကြားလာတာဖြစ်ပါတယ်။ ကလေးအလောင်းကိုတော့ ဇီဝိတလူမှု ကူညီရေးအသင်းကနေ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကလေးငယ်သည် မွေးပြီးခါစ အနေအထားဖြစ်၍ အချင်း၊ ချက်ကြိုး စသည်တို့ မဖယ်ရှားထားသေးဘဲ အမှိုက်ပုံတွင် လာရောက်စွန့်ပစ်ထားခြင်းဖြစ်ပြီး ပြည်သူ့ဆေးရုံ ဆေးစစ်ချက်ရယူကာ ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၄၅၁/၂၀၁၇ ပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~