တာခ်ီလိတ္တြင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအား ဓါးျဖင့္ခုတ္၍ ထြက္ေျပးသြားသူကို (၅)နာရီအတြင္း ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအား ဓါးျဖင့္ခုတ္၍ ထြက္ေျပးသြားသူကို (၅)နာရီအတြင္း ဖမ္းဆီးရမိ
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ဝမ္မုိင္ရြာတြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲ ၀န္းက်င္အခ်ိန္က ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအား ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားက  ညေန (၆)နာရီေက်ာ္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

အသက္(၃၅)ႏွစ္ရွိ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး  မေဖာ့ေလသည္ အသက္ (၁၀)ႏွစ္အရြယ္ သမီးျဖစ္သူက အိမ္နီးခ်င္းအိမ္တြင္ အလည္သြားေနသျဖင့္ အဆိုပါေနအိမ္မွ သမီးျဖစ္သူအား "အားေနရင္ အိမ္မွာမေနဘူး ဒီအိမ္မွာဘဲ လာေနတယ္"ဟု ေျပာဆိုၿပီး ေခၚသြားရာ အိမ္နီးခ်င္းအိမ္မွ အသက္ (၂၀)အရြယ္ ထန္ဘင့္ဆိုသူက ေနာက္မွေန၍ ဓါးျဖင့္ခုတ္ၿပီးေနာက္  ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

 ဓါးဒဏ္ရာရရွိထားသူ မေဖာ့ေလအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ အေရးေပၚ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ားက တရားခံအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ရာ (၅)နာရီအတြင္း ဖမ္းဆီးရမိျခင္း ျဖစ္သည္။

ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၅၂/၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္အမႈဖြင့္ထားၿပီးေနာက္ ရဲတပ္ဖြဲ႕က ရွာေဖြရာ ညေန (၆)နာရီေက်ာ္တြင္ ဝမ္မုိင္ရြာအတြင္း၌ပင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ  စခန္းမွဴး ဒုရဲမွဴးၾကည္စိုး ႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ ဆန္ဆုိင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႔မ်ား စသည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၁)နာရီခွဲ ဝန်းကျင်အချိန်က ကိုယ်ဝန်ဆောင်အမျိုးသမီးအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသူကို တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ညနေ (၆)နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

အသက်(၃၅)နှစ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး မဖော့လေသည် အသက် (၁၀)နှစ်အရွယ် သမီးဖြစ်သူက အိမ်နီးချင်းအိမ်တွင် အလည်သွားနေသဖြင့် အဆိုပါနေအိမ်မှ သမီးဖြစ်သူအား "အားနေရင် အိမ်မှာမနေဘူး ဒီအိမ်မှာဘဲ လာနေတယ်"ဟု ပြောဆိုပြီး ခေါ်သွားရာ အိမ်နီးချင်းအိမ်မှ အသက် (၂၀)အရွယ် ထန်ဘင့်ဆိုသူက နောက်မှနေ၍ ဓားဖြင့်ခုတ်ပြီးနောက် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 ဓားဒဏ်ရာရရှိထားသူ မဖော့လေအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာ (၅)နာရီအတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဓားဖြင့်ခုတ်၍ ထွက်ပြေးသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၅၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားပြီးနောက် ရဲတပ်ဖွဲ့က ရှာဖွေရာ ညနေ (၆)နာရီကျော်တွင် ဝမ်မိုင်ရွာအတွင်း၌ပင် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ စသည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~