တာခ်ီလိတ္ - မိုင္းဆတ္လမ္းမွ ဘိန္းျဖဴသယ္လာသူအား လြယ္စီတံုျပည္သူ႔စစ္စခန္းေရွ႕တြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္ - မိုင္းဆတ္လမ္းမွ ဘိန္းျဖဴသယ္လာသူအား လြယ္စီတံုျပည္သူ႔စစ္စခန္းေရွ႕တြင္ ဖမ္းဆီးရမိ
ဒီဇင်ဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လုံးအုပ္စု၊ လြယ္စီတုံ (အေပၚ)ရြာ အဝင္ ျပည္သူ႔စစ္စခန္းေရွ႕ တာခ်ီလိတ္-မိုင္းဆတ္သြားကားလမ္းမေပၚတြင္ ဘိန္းျဖဴ(၁.၇၅)ကီလိုခန႔္အား သယ္ေဆာင္လာသူကို ဒီဇင္ဘာလ (၅)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ အဆိုပါ ျပည္သူ႔စစ္စခန္းေရွ႕တြင္ ဒီဇင္ဘာလ(၅)ရက္ေန႔ ည(၁၁)နာရီခြဲခန္႔က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔  ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား စစ္ေဆးရန္ တားဆီးရာ ထြက္ေျပးရန္ႀကိဳးစားခဲ့ၿပီး ၎ထံမွ ဘိန္းျဖဴဘေလာက္တံုး ငါးတံုး စုစုေပါင္းအေလးခ်ိန္ (၁.၇၅)ကီလိုခန႔္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ဘိန္းျဖဴမ်ားသယ္ေဆာင္လာသည့္ ေလာ္ေဆာ့အား  မယ(ပ) ၇၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/ ၂၀(က) အရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - မိုင်းဆတ်လမ်းမှ ဘိန်းဖြူသယ်လာသူအား လွယ်စီတုံပြည်သူ့စစ်စခန်းရှေ့တွင်  ဖမ်းဆီးရမိ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ လွယ်စီတုံ (အပေါ်)ရွာ အဝင် ပြည်သူ့စစ်စခန်းရှေ့ တာချီလိတ်-မိုင်းဆတ်သွားကားလမ်းမပေါ်တွင် ဘိန်းဖြူ(၁.၇၅)ကီလိုခန့်အား သယ်ဆောင်လာသူကို ဒီဇင်ဘာလ (၅)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ ပြည်သူ့စစ်စခန်းရှေ့တွင် ဒီဇင်ဘာလ(၅)ရက်နေ့ ည(၁၁)နာရီခွဲခန့်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့  မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရန် တားဆီးရာ ထွက်ပြေးရန်ကြိုးစားခဲ့ပြီး ၎င်းထံမှ ဘိန်းဖြူဘလောက်တုံး ငါးတုံး စုစုပေါင်းအလေးချိန် (၁.၇၅)ကီလိုခန့်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူများသယ်ဆောင်လာသည့် လော်ဆော့အား  မယ(ပ) ရ၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~