တာချီလိတ်တွင် ၇ နှစ်ကြာ အကောင်အထည်ဖေါ်နေသည့် ဈ မြေကွက်သစ်မှ ရှေးဦးမြေပေးမိန့်ဖြင့် ဝယ်ထားသူများ တတိယအကြိမ် နို့တစ်စာကပ်သည့် ကိစ္စအတွက် အစည်းအဝေးလုပ်မည်ဖြစ်၍ ရှေးဦးမြေပေးမိန့်ဖြင့်ဝယ်ယူထားသူများ ဆက်သွယ်နိုင်

တာချီလိတ်တွင် ၇ နှစ်ကြာ အကောင်အထည်ဖေါ်နေသည့် ဈ မြေကွက်သစ်မှ ရှေးဦးမြေပေးမိန့်ဖြင့် ဝယ်ထားသူများ တတိယအကြိမ် နို့တစ်စာကပ်သည့် ကိစ္စအတွက် အစည်းအဝေးလုပ်မည်ဖြစ်၍ ရှေးဦးမြေပေးမိန့်ဖြင့်ဝယ်ယူထားသူများ ဆက်သွယ်နိုင်
ဒီဇင်ဘာ 28, 2017
By Tachileik News Agency



ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း၊ လွယ်စီတုံသွားလမ်းအနီးရှိ ဧက (၄၀)ကျော်တွင် ဝန်ထမ်းများအတွက် ဖေါ်ဆောင်နေသည့် အပိုင်း(ဈ) မြို့ကွက်သစ်စီမံကိန်းအား ၂၀၁၀ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖေါ်နေခြင်းဖြစ်ပြီး အဆိုပါ မြေကွက်များအား မြေပေးမိန့်ဖြင့် ဝယ်ယူထားသူများသည် စီမံကိန်း အပြီးသတ် အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသဖြင့် မြေကွက်ရရှိခြင်း မရှိသေးဘဲဖြစ်နေပြီး အဆိုပါ စီမံကိန်းမြေ၏ မူလမြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူနေထိုင်သူများ ရှိနေသဖြင့် သက်ဆိုင်ရာက နို့တစ်စာထုတ်၍ သတိပေးနေခြင်းဖြစ်သည်။

ရှေးဦးမြေပေးမိန့်ဖြင့် ဝယ်ယူထားသူများအနေဖြင့်  အစည်းအဝေးနှင့် ပတ်သက်၍ ဦးဘိုချို (  မြန်မာဖုန်း - 09253338034 )၊ ဦးဌေးဝင်း ( မြန်မာဖုန်း - 09253201564 ) ( ထိုင်းဖုန်း - 0846168604 ) ၊ ဦးအောင်အောင် (  မြန်မာဖုန်း - 095240322 )၊ ဦးမြထွန်း(  မြန်မာဖုန်း - 09261125009 )၊ ဦးဝင်းညွန့်ဦး(  မြန်မာဖုန်း -09428217963 ) (  ထိုင်းဖုန်း - 0831531930 )၊ ဦးစိုးအောင် (  မြန်မာဖုန်း - 09776008896 ) နှင့်  ဒေါ်အားရှဲန်( 09782358082)တို့အား ဆက်သွယ်နိုင်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၇)နှစ်ကြာအကောင်အထည်ဖော်နေသည့် (ဈ)မြေကွက်သစ် စီမံကိန်းတွင် ကျူးကျော်နေထိုင်သူများအား တတိယအကြိမ် နို့တစ်စာကပ်မည့် ကိစ္စနှင့် ပတ်သက်၍ အဆိုပါ မြေကွက်သစ်တွင် ရှေးဦးမြေပေးမိန့်ဖြင့် ဝယ်ယူထားသူများက ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“အခုက တစ်ချို့တွေက ဒီကိစ္စကိုပစ်ထားတော့ ဒါကဘယ်သူ့အကွက်လဲ ဘာလဲမေးတဲ့ အခါမှာ အခက်အခဲ ဖြစ်ရပါတယ်။ ဒီတော့ ဒီကိစ္စကို ပစ်မထားဘူး။ ဆက်လက် လုပ်ဆောင်နေပါတယ်ဆိုတာလည်း အားလုံး သိအောင်လို့ပါ။ ဒီတစ်ခါက တတိယအကြိမ် နို့တစ်ကပ်တော့လည်း ဒီမြေပေးမိန့်နဲ့ဝယ်ထားသူတွေက အဲဒီနို့တစ်အဖွဲ့နဲ့ လိုက်သွားရမယ်”ဟု အဆိုပါ အစည်းအဝေးပြုလုပ်ရန် စီစဉ်နေသည့် ဦးဘိုချိုက ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း၊ လွယ်စီတုံသွားလမ်းအနီးရှိ ဧက (၄၀)ကျော်တွင် ဝန်ထမ်းများအတွက် ဖော်ဆောင်နေသည့် အပိုင်း(ဈ) မြို့ကွက်သစ်စီမံကိန်းအား ၂၀၁၀ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်နခြေင်းဖြစ်ပြီး အဆိုပါ မြေကွက်များအား မြေပေးမိန့်ဖြင့် ဝယ်ယူထားသူများသည် စီမံကိန်း အပြီးသတ် အကောင်အထည်ဖော်နိုင်ခြင်း မရှိသဖြင့် မြေကွက်ရရှိခြင်း မရှိသေးဘဲဖြစ်နပြေီး အဆိုပါ စီမံကိန်းမြေ၏ မူလမြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူနေထိုင်သူများ ရှိနေသဖြင့် သက်ဆိုင်ရာက နို့တစ်စာထုတ်၍ သတိပေးနခြေင်းဖြစ်သည်။

ရှေးဦးမြေပေးမိန့်ဖြင့် ဝယ်ယူထားသူများအနဖြေင့် အစည်းအေဝးနှင့် ပတ်သက်၍ ဦးဘိုချို ( မြန်မာဖုန်း - 09253338034 )၊ ဦးဌေးဝင်း ( မြန်မာဖုန်း - 09253201564 ) ( ထိုင်းဖုန်း - 0846168604 )၊ ဦးအောင်အောင် ( မြန်မာဖုန်း - 095240322 )၊ ဦးမြထွန်း( မြန်မာဖုန်း - 09261125009 )၊ ဦးဝင်းညွန့်ဦး( မြန်မာဖုန်း -09428217963 ) ( ထိုင်းဖုန်း - 0831531930 )၊ ဦးစိုးအောင် ( မြန်မာဖုန်း - 09776008896 ) နှင့် ဒေါ်အားရှဲန်( 09782358082)တို့အား ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~