ရပ္ေစာက္ၿမိဳ႕နယ္ ရပ္ေစာက္ - အင္ေတာကားလမ္းတြင္ စိတ္ၾကြေဆးျပားသယ္လာသူနွစ္ဦးအား ဖမ္းမိ

ရပ္ေစာက္ၿမိဳ႕နယ္ ရပ္ေစာက္ - အင္ေတာကားလမ္းတြင္ စိတ္ၾကြေဆးျပားသယ္လာသူနွစ္ဦးအား ဖမ္းမိ
ဒီဇင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ရပ္ေစာက္ၿမိဳ႕နယ္ ရပ္ေစာက္ - အင္ေတာကားလမ္းတြင္ ဒီဇင္ဘာလ (၁)ရက္ေန႔က စိတ္ၾကြရူူးသြပ္ေဆးျပား (၆၀၀၀)သယ္ေဆာင္လာသူႏွစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၅)ေတာင္ႀကီးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ရပ္ေစာက္ၿမိဳ႕နယ္၊ ရပ္ေစာက္-အင္ေတာ ကားလမ္း၊ (၁၈) မိုင္ သစ္ဆိပ္လမ္းခြဲ၊ တံတားအမွတ္(၁/၅၅)တြင္ ဒီဇင္ဘာလ (၁) ရက္ေန႔ ညေန (၆)နာရီခြဲအခ်ိန္ခန္႔က စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနစဥ္ ဆိုင္ကယ္တစ္စီးအား ရပ္တန္႔ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား သယ္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထြန္းေဖႏွင့္ ဝင္းနိုင္ထူးတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ရပ်စောက် - အင်တောကားလမ်းတွင် ဒီဇင်ဘာလ (၁)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀)သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တော ကားလမ်း၊ (၁၈) မိုင် သစ်ဆိပ်လမ်းခွဲ၊ တံတားအမှတ်(၁/၅၅)တွင် ဒီဇင်ဘာလ (၁) ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ခန့်က စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဆိုင်ကယ်တစ်စီးအား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ထွန်းဖေနှင့် ဝင်းနိုင်ထူးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~