တာခ်ီလိတ္ - မယ္ဆိုင္အၾကား က်န္ရွိေနသည့္ ၀ါးဆိပ္(ပုန္းထြန္)ေရတားအား ဒုတိယေန႔အျဖစ္ ဆက္လက္ဖယ္ရွား

တာခ်ီလိတ္ - မယ္ဆိုင္အၾကား က်န္ရွိေနသည့္ ၀ါးဆိပ္(ပုန္းထြန္)ေရတားအား ဒုတိယေန႔အျဖစ္ ဆက္လက္ဖယ္ရွား
ဒီဇင်ဘာ 28, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း ) တာခ်ီလိတ္ၿမိဳ႕ ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ အၾကား နယ္စပ္ေခ်ာင္းျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းအတြင္း ထုိင္းဖက္က ေရတားျပဳလုပ္ထားေသာ ေရဆိပ္(၃)ဆိပ္အား ဒီဇင္ဘာလ(၂၁)ရက္ေန႔က စ၍ ဖယ္ရွားေနလ်က္ရွိရာ ဖယ္ရွားရန္ က်န္ရွိေနသည့္ ၀ါးဆိပ္(ပုန္းထြန္း)အား ဒီဇင္ဘာလ(၂၈)ရက္ေန႔ နံနက္ပိုင္းတြင္ ဆက္လက္၍ ထိုင္းဖက္က ဖယ္ရွားေပးေနေၾကာင္း သိရသည္။

ထိုင္းဖက္မွ ဖယ္ရွားေပးေနသည္ကို ျမန္မာဘက္မွ သက္ဆိုင္ရာဌာနတို႔မွ တာ၀န္ရွိသူမ်ားက သြားေရာက္ ေစာင့္ၾကည့္ေပးေနေၾကာင္း သိရသည္။

"မေန႔ကေန စလုပ္တာပါ၊ ဒီေန႔ ၿပီးမၿပီးေတာ့ မသိေသးပါဘူး။ မိုးကလည္း နည္းနည္းရြာထားေတာ့ ေရနည္းနည္းေလး တက္လာေတာ့ အေပၚေရစီးနဲ႔ ထပ္ပါလာတာေတြလည္း ရွိပါတယ္။ ထိုင္းဘက္က လုပ္ေနတာကို ျမန္မာ - ထိုင္း ႏွစ္ဖက္ တာ၀န္ရွိသူေတြက ေစာင့္ၾကည့္ၿပီး ပူးေပါင္းေဆာင္ရြက္တဲ့ သေဘာပါ"ဟု တာခ်ီလိတ္​ခ႐ိုင္အုပ္​ခ်ဳပ္​​ေရးမွဴးရံုးမွ ျမန္​မာ - ထိုင္​း ဆက္​ဆံ​ေရးတာဝန္​ခံ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

တာခ်ီလိတ္ - မယ္ဆိုင္ အၾကား မယ္ဆိုင္ေခ်ာင္းအတြင္းရွိ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(က)ရပ္ကြက္၊ ျပည္သူ႔စစ္ဂိတ္အနီးရိွ ဂရင္းဆိပ္ေရတားကိုလည္းေကာင္း၊ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ ငွက္ေပ်ာဆိပ္ေရတားကို လည္းေကာင္း၊ ပုန္းထြန္ရပ္ကြက္ရွိ ၀ါးဆိပ္မွ ေရတားကို လည္းေကာင္း မယ္ဆိုင္ - မယ္ေဟာက္ေခ်ာင္း ေရခြဲေဝအသံုးခ်ေရးႏွင့္ ျမစ္ေၾကာင္း ထိန္းသိမ္းေရးဆိုင္ရာ ဆပ္ေကာ္မတီ အစည္းအေဝးအရ ဖယ္ရွားေပးရန္ သေဘာတူညီခဲ့ၿပီးေနာက္ ထိုင္းဘက္က တာ၀န္ရွိသူမ်ားက ျမန္မာဘက္တာ၀န္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ ဖယ္ရွားေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - UH(MS)


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အကြား နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ထိုင်းဖက်က ရေတားပြုလုပ်ထားသော ရေဆိပ်(၃)ဆိပ်အား ဒီဇင်ဘာလ(၂၁)ရက်နေ့က စ၍ ဖယ်ရှားနေလျက်ရှိရာ ဖယ်ရှားရန် ကျန်ရှိနေသည့် ဝါးဆိပ်(ပုန်းထွန်း)အား ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်၍ ထိုင်းဖက်က ဖယ်ရှားပေးနေကြောင်း သိရသည်။

ထိုင်းဖက်မှ ဖယ်ရှားပေးနေသည်ကို မြန်မာဘက်မှ သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူများက သွားရောက် စောင့်ကြည့်ပေးနေကြောင်း သိရသည်။

"မနေ့ကနေ စလုပ်တာပါ၊ ဒီနေ့ ပြီးမပြီးတော့ မသိသေးပါဘူး။ မိုးကလည်း နည်းနည်းရွာထားတော့ ရေနည်းနည်းလေး တက်လာတော့ အပေါ်ရေစီးနဲ့ ထပ်ပါလာတာတွေလည်း ရှိပါတယ်။ ထိုင်းဘက်က လုပ်နေတာကို မြန်မာ - ထိုင်း နှစ်ဖက် တာဝန်ရှိသူတွေက စောင့်ကြည့်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါ"ဟု တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်​း ဆက်​ဆံ​ရေးတာဝန်​ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

တာချီလိတ် - မယ်ဆိုင် အကြား မယ်ဆိုင်ချောင်းအတွင်းရှိ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပြည်သူ့စစ်ဂိတ်အနီးရှိ ဂရင်းဆိပ်ရေတားကိုလည်းကောင်း၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ငှက်ပျောဆိပ်ရေတားကို လည်းကောင်း၊ ပုန်းထွန်ရပ်ကွက်ရှိ ဝါးဆိပ်မှ ရေတားကို လည်းကောင်း မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအရ ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီးနောက် ထိုင်းဘက်က တာဝန်ရှိသူများက မြန်မာဘက်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖယ်ရှားပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - UH(MS)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~