ေရႊစက္ေတာ္တည္းခိုေဆာင္လုပ္ငန္းအတြက္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ျပဳလုပ္မည္ျဖစ္၍ မဲစနစ္ျဖင့္ ေလွ်ာက္လႊာတင္သူမ်ား၏ အပ္ႏွံေငြမ်ား ျပန္ထုတ္ေပးေန

ေရႊစက္ေတာ္တည္းခိုေဆာင္လုပ္ငန္းအတြက္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ျပဳလုပ္မည္ျဖစ္၍ မဲစနစ္ျဖင့္ ေလွ်ာက္လႊာတင္သူမ်ား၏ အပ္ႏွံေငြမ်ား ျပန္ထုတ္ေပးေန
ဒီဇင်ဘာ 27, 2017
By Tachileik News Agency

၂၀၁၈ ခုႏွစ္ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ တည္းခိုေဆာင္ လုပ္ငန္းကို မဲစနစ္အစား အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရြးခ်ယ္ရန္ ျပင္ဆင္သတ္မွတ္လိုက္သျဖင့္ မဲစနစ္ျဖင့္ေလွ်ာက္ထားသူမ်ား၏ ေလွ်ာက္လႊာဖိုး က်ပ္ႏွစ္သိန္းႏွင့္ Deposti ေငြ က်ပ္သိန္း (၄၀)တို႔အား ဒီဇင္ဘာလ (၂၆)ရက္ေန႔မွစ၍ ျပန္လည္ ထုတ္ေပးေနေၾကာင္း သိရသည္။

“မဲစနစ္နဲ႔ဆိုရင္ တကယ္လုပ္မယ္႔သူေတြ တင္မဟုတ္ေတာ႔ဘဲ တစ္ဆင့္ျပန္ေရာင္းစားမယ့္သူေတြပါ လာႏိုင္တယ္။ တင္ဒါစနစ္နဲ႔ဆိုေတာ့ ကိုယ္တကယ္လုပ္ႏိုင္မယ့္တည္းေက်ာင္း ဘယ္ႏွစ္ေက်ာင္းလုပ္ခ်င္သ လဲ အရင္ႏွစ္ေတြက ဘယ္ေလာက္ျမတ္သလဲ တြက္ခ်က္ၿပီး ေပးႏိုင္တယ္။ တင္လာတဲ႔အထဲက ဘုရား အတြက္ အမ်ားဆံုး ေပးလွဴႏိုင္တဲ႔သူကို ေပးလိုက္ရံုပဲေလ”ဟု တိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္ တာ ေအာင္မိုးညိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

မူလ အစီအစဥ္ျဖစ္ေသာ မဲစနစ္ျဖင့္ ေလၽွာက္လႊာဝယ္ယူခဲ့သူဦးေရ(၁၃၀)ေက်ာ္ရိွခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

“မဲစနစ္နဲ႔ေရြးခ်ယ္ရင္ ေဂါပကအဖဲြ႔ သတ္မွတ္ေစ်းကိုပဲ ေပးၿပီး လုပ္ကိုင္ခြင္႔ရမွာဆိုေတာ႔ လုပ္ခြင္႔သာ လို႔ ယူၾကတာျဖစ္တဲ႔ အတြက္ တည္းခိုခႏွဳန္းထားကို ေဂါပက သတ္မွတ္တာထက္ ပိုေတာင္းဖို႔ အေၾကာင္း မရိွဘူး။ အခု လုပ္ကိုင္ခြင္႔ရေအာင္ ေစ်းၿပိဳင္ေပးၾကရေတာ႔ အက်ိဳးအျမတ္ရဖို႔က ဘုရားဖူးျပည္သူေတြ ဆီကပဲ ညႇစ္ယူၾကရလိမ္႔မယ္” ဟု တည္းခိုေဆာင္လုပ္ငန္း လုပ္ကိုင္ခဲ႔ဖူးသူ ေဒသခံတစ္ဦးျဖစ္သည့္ ဦးေက်ာ္ ေအာင္ က ေျပာသည္။

ယခင္ႏွစ္မ်ားက ေရႊစက္ေတာ္ဘုရားပဲြေတာ္၌ တည္းေက်ာင္းခေစ်းႏွဳန္းမွာ က်ပ္(၁)သိန္းဝန္း က်င္အထိ သတ္မွတ္ေတာင္းဆိုျခင္းမ်ားရိွခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ေဂါပကအဖဲြ႔၏ သတ္မွတ္ေစ်းႏွဳန္းျဖစ္သည့္ ေရစပ္တစ္ခန္းလွ်င္ က်ပ္(၃)ေသာင္း၊ ကုန္းေပၚတစ္ခန္းလွ်င္ က်ပ္(၂)ေသာင္းသာ ေကာက္ခံရန္ ႀကီးၾကပ္ႏုိင္ခဲ့ေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် တည်းခိုဆောင် လုပ်ငန်းကို မဲစနစ်အစား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရွေးချယ်ရန် ပြင်ဆင်သတ်မှတ်လိုက်သဖြင့် မဲစနစ်ဖြင့်လျှောက်ထားသူများ၏ လျှောက်လွှာဖိုး ကျပ်နှစ်သိန်းနှင့် Deposti ငွေ ကျပ်သိန်း (၄၀)တို့အား ဒီဇင်ဘာလ (၂၆)ရက်နေ့မှစ၍ ပြန်လည် ထုတ်ပေးနေကြောင်း သိရသည်။

“မဲစနစ်နဲ့ဆိုရင် တကယ်လုပ်မယ့်သူတွေ တင်မဟုတ်တော့ဘဲ တစ်ဆင့်ပြန်ရောင်းစားမယ့်သူတွေပါ လာနိုင်တယ်။ တင်ဒါစနစ်နဲ့ဆိုတော့ ကိုယ်တကယ်လုပ်နိုင်မယ့်တည်းကျောင်း ဘယ်နှစ်ကျောင်းလုပ်ချင်သ လဲ အရင်နှစ်တွေက ဘယ်လောက်မြတ်သလဲ တွက်ချက်ပြီး ပေးနိုင်တယ်။ တင်လာတဲ့အထဲက ဘုရား အတွက် အများဆုံး ပေးလှူနိုင်တဲ့သူကို ပေးလိုက်ရုံပဲလေ”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက် တာ အောင်မိုးညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မူလ အစီအစဉ်ဖြစ်သော မဲစနစ်ဖြင့် လျှောက်လွှာဝယ်ယူခဲ့သူဦးရေ(၁၃၀)ကျော်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မဲစနစ်နဲ့ရွေးချယ်ရင် ဂေါပကအဖွဲ့ သတ်မှတ်ဈေးကိုပဲ ပေးပြီး လုပ်ကိုင်ခွင့်ရမှာဆိုတော့ လုပ်ခွင့်သာ လို့ ယူကြတာဖြစ်တဲ့ အတွက် တည်းခိုခနှုန်းထားကို ဂေါပက သတ်မှတ်တာထက် ပိုတောင်းဖို့ အကြောင်း မရှိဘူး။ အခု လုပ်ကိုင်ခွင့်ရအောင် ဈေးပြိုင်ပေးကြရတော့ အကျိုးအမြတ်ရဖို့က ဘုရားဖူးပြည်သူတွေ ဆီကပဲ ညှစ်ယူကြရလိမ့်မယ်” ဟု တည်းခိုဆောင်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ဒေသခံတစ်ဦးဖြစ်သည့် ဦးကျော် အောင် က ပြောသည်။

ယခင်နှစ်များက ရွှေစက်တော်ဘုရားပွဲတော်၌ တည်းကျောင်းခဈေးနှုန်းမှာ ကျပ်(၁)သိန်းဝန်း ကျင်အထိ သတ်မှတ်တောင်းဆိုခြင်းများရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဂေါပကအဖွဲ့၏ သတ်မှတ်ဈေးနှုန်းဖြစ်သည့် ရေစပ်တစ်ခန်းလျှင် ကျပ်(၃)သောင်း၊ ကုန်းပေါ်တစ်ခန်းလျှင် ကျပ်(၂)သောင်းသာ ကောက်ခံရန် ကြီးကြပ်နိုင်ခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~