ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ လက္လုပ္ဗံုးျဖင့္ပစ္၍ ဘုရားေက်ာင္းျပန္အမ်ိဳးသား ၄ ဦး ဒဏ္ရာအျပင္းအထန္ရ

ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ လက္လုပ္ဗံုးျဖင့္ပစ္၍ ဘုရားေက်ာင္းျပန္အမ်ိဳးသား ၄ ဦး ဒဏ္ရာအျပင္းအထန္ရ
ဒီဇင်ဘာ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္၊ အုမၼသီးေက်းရြာ ျမင့္သာစိုက္ၿခံအတြင္းေတာစပ္၌ ဒီဇင္ဘာလ (၂၆)ရက္ေန႔က လက္လုပ္ဗံုးျဖင့္ပစ္မႈေၾကာင့္ ဘုရားေက်ာင္းမွျပန္လာသည့္ အမ်ိဳးသား(၄)ဦး ဒဏ္ရာ ရရွိသြားေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္၊ အုမၼသီးေက်းရြာတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၂၆) ရက္ေန႔ ည (၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က သတင္းရသျဖင့္ ေနာင္ခ်ိဳၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့့္္ ခမရ(၁၁၅)မွ တပ္မေတာ္သားမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕တို႔က သြားေရာက္စစ္ေဆးရာ ဒဏ္ရာ အျပင္းအထန္ ရရွိထားသည့္ အမ်ိဳးသား(၄)ဦးကိုေတြ႕ရွိ၍ ျပင္ဦးလြင္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

ဒဏ္ရာရထားသည့္ အမ်ိဳးသား (၄)ဦးအပါအဝင္ စုစုေပါင္း (၁၀)ဦးသည္ ဒီဇင္ဘာလ(၂၆)ရက္ေနပ ည (၈)နာရီခြဲ၀န္းက်င္က ဝတ္ျပဳေက်ာင္းမွ ဝတ္ျပဳဆုေတာင္းၿပီး ဆိုင္ကယ္မ်ားျဖင့္ ျပန္လာစဥ္ ျမင္သာစိုက္ၿခံအနီး အေရာက္၌ အမည္မသိ လူတစ္ဦး စိုက္ခင္းထဲ မွေျပးထြက္ လာၿပီး ဓားျဖင့္ လွမ္းခုတ္သည့္ကို ေရွာင္တိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ဓားျဖင့္ခုတ္သူအား စိုက္ၿခံအတြင္း၌ လိုက္လံရွာေဖြၾကရာ ဓါးျဖင့္ခုတ္၍ ထြက္ေျပးသူ အပါအဝင္ ( ၆) ဦးက ဆိုင္ကယ္မီးမ်ားထိုး၍ အသင့္ေစာင့္ဆိုင္းေနၿပီး လက္လုပ္ဗုံးဟု ယူဆရသည့္ ဗုံးျဖင့္ ပစ္ေပါက္ခဲ့၍ ဒဏ္ရာရရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခင္းျဖစ္ေနရာအား ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ခမရ(၁၁၅) မွ တပ္မေတာ္သားတို႔က စံုစမ္းရွာေဖြလ်က္ရိွေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာ မြင့်သာစိုက်ခြံအတွင်းတောစပ်၌ ဒီဇင်ဘာလ (၂၆)ရက်နေ့က လက်လုပ်ဗုံးဖြင့်ပစ်မှုကြောင့် ဘုရားကျောင်းမှပြန်လာသည့် အမျိုးသား(၄)ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၁၁)နာရီခွဲဝန်းကျင်အချိန်က သတင်းရသဖြင့် နောင်ချိုမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခမရ(၁၁၅)မှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က သွားရောက်စစ်ဆေးရာ ဒဏ်ရာ အပြင်းအထန် ရရှိထားသည့် အမျိုးသား(၄)ဦးကိုတွေ့ရှိ၍ ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရထားသည့် အမျိုးသား (၄)ဦးအပါအဝင် စုစုပေါင်း (၁၀)ဦးသည် ဒီဇင်ဘာလ(၂၆)ရက်နေပ ည (၈)နာရီခွဲဝန်းကျင်က ဝတ်ပြုကျောင်းမှ ဝတ်ပြုဆုတောင်းပြီး ဆိုင်ကယ်များဖြင့် ပြန်လာစဉ် မြင်သာစိုက်ခြံအနီး အရောက်၌ အမည်မသိ လူတစ်ဦး စိုက်ခင်းထဲ မှပြေးထွက် လာပြီး ဓားဖြင့် လှမ်းခုတ်သည့်ကို ရှောင်တိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဓားဖြင့်ခုတ်သူအား စိုက်ခြံအတွင်း၌ လိုက်လံရှာဖွကြေရာ ဓားဖြင့်ခုတ်၍ ထွက်ပြေးသူ အပါအဝင် ( ၆) ဦးက ဆိုင်ကယ်မီးများထိုး၍ အသင့်စောင့်ဆိုင်းနပြေီး လက်လုပ်ဗုံးဟု ယူဆရသည့် ဗုံးဖြင့် ပစ်ပေါက်ခဲ့၍ ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်နေရာအား နောင်ချိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခမရ(၁၁၅) မှ တပ်မတော်သားတို့က စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~