မြန်မာ - ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ ၂၀၁၈ နှစ်သစ်ကူး ကြိုဆိုပွဲအား မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် မယ်ဆိုင်မြို့ဘက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ နှစ်နိုင်ငံပြည်သူများ သွားလာနိုင်ရန် နှစ်သစ်ကူး အစီအစဉ်အဖြစ် ချစ်ကြည်ရေးတံတားအား ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့အကူး နံနက်(၁း၃၀)နာရီ အချိန်အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးအစီအစဉ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးစဉ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လည်ပတ်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် တံတားကူး လက်မှတ်များအား ညပိုင်း တံတား ဖွင့်လှစ်ပေးထားသည့် အချိန်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးအစီအစဉ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးစဉ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လည်ပတ်မည့် မြန်မာနိုင်ငံသားများ အနဖြေင့် တံတားကူး လက်မှတ်များအား ညပိုင်း တံတား ဖွင့်လှစ်ပေးထားသည့် အချိန်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယ်ဆိုင်ဘက်တွင် ပြုလုပ်လေ့ရှိသည့် နှစ်သစ်ကူးကြိုဆိုပွဲသို့ တာချီလိတ်ဘက်မှ မြန်မာနိုင်ငံသားများမှာ နှစ်စဉ် လူဦးရေ အနည်းဆုံး (၂၀၀၀)ဝန်းကျင် သွားရောက် လည်ပတ်ဆင်နွှဲကာ မယ်ဆိုင်ဘက်တွင် ရောင်းချသည့် အသုံးအဆောင် ပစ္စည်းများ အစားအသောက်များနှင့် အဝတ်အထည်များအား ဝယ်ယူလေ့ရှိကြောင်း သိရသည်။
တာချီလိတ်တွင် ဒေသခံပြည်သူများနှင့် ဆင်နွှဲနိုင်မည့် ယင်းကဲ့သို့ နှစ်သစ်ကြိုပွဲအား ကျင်းပနိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။