တာချီလိတ်ရှိ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းတွင် အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်း ဖွင့်လှစ်ပေးမည်
တာချီလိတ်ရှိ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းတွင် အိမ်တွင်းလက်မှုလုပ်ငန်းသင်တန်း ဖွင့်လှစ်ပေးမည်
ဒီဇငျဘာ 30, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ ရပ်ရွာအခြေပြု မိုင်းကိုးဆေးဖြတ်စခန်းတွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးအခြေခံပစ္စည်း ထုတ်လုပ်သည့် လက်မှုလုပ်ငန်း သင်တန်းပေးရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် သင်တန်းလိုအပ်ချက်ကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းအား ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးနှင့် ဆေးဖြတ်စခန်းတွင် သင်တန်းရရှိရေး ဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့က မိုင်းကိုးရွာရှိ ဆေးဖြတ်စခန်း တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းလေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းကိုးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျဟဲမှ ဖွင့်လှစ်ထားသည့် ဆေးဖြတ်စခန်းတွင် ဒေသတွင်းမှ မူးယစ်ဆေးဖြတ်လိုသူများ အနေဖြင့် သုံးလကြာ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဘတ်(၂၀၀၀)နှင့် ဆန်(၂)ပုံးကို စားစရိတ်အတွက် ပေးရပြီး စားစရိတ်ပေးရန် အခက်အခဲရှိသူများကို မဇ္ဇျိမလူမှုကူညီရေးအသင်းက ကူညီပေးနေကြောင်း သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းမှာ ရပ်ရွာအခြေပြုလုပ်ဆောင်နေခြင်းဖြစ်သော်လည်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒေသတွင်း ပြည်သူ့ဆေးရုံများမှလည်း ဆေးဖြတ်လူနာများအတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနေကြောင်း သိရသည်။
မိုင်းကိုးဆေးဖြတ်စခန်းတွင် ယာမခေါ် စိတ်ကြွရူးသွပ်ဆေးအသုံးပြုသူအများစုကို ဆေးဖြတ်ပေးနေပြီး ဘိန်းမဲနှင့် ဘိန်းဖြူစွဲသည့် လူနာများကို တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ကူညီကုသပေးလျက် ရှိကြောင်း သိရသည်။
တာချီလိတ်ရှိ အဆိုပါ ဆေးဖြတ်စခန်းတွင် မူးယစ်ဆေးဖြတ်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉ ၅၂၄၁၃၄၂၊ ၀၉ ၄၅၀၆၀၅၈၃၈ နှင့် ၀၉ ၄၂၃၅၉၅၄၇၈ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ ရပ်ရွာအခြပြေု မိုင်းကိုးဆေးဖြတ်စခန်းတွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဝါးအခြေခံပစ္စည်း ထုတ်လုပ်သည့် လက်မှုလုပ်ငန်း သင်တန်းပေးရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် သင်တန်းလိုအပ်ချက်ကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းအား ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူး ဦးသက်နို်င်ဦးနှင့် ဆေးဖြတ်စခန်းတွင် သင်တန်းရရှိရေး ဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့က မိုင်းကိုးရွာရှိ ဆေးဖြတ်စခန်း တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းလေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆေးဖြတ်စခန်းအနေအထားအရ သင်တန်းပေးသင့်ပါတယ်။ သူတို့က ဆေးစွဲထားတဲ့လူတွေဆိုပြီးတော့မှ အလုပ်အကိုင်အတော်ကို ရှားပါးသွားပြီ။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက အလုပ်မခန့်ချင်ကြတော့ဘူး။ ဒီတော့ အိမ်တွင်းမှုလုပ်ငန်း တစ်ခုခုလုပ်နိုင်ရင် သူတို့မိသားစုတွေအတွက် ဝင်ငွေရှာဖွေနိုင်မယ်။ အဲဒီက တာဝန်ခံနဲ့လည်း ညှိပြီးပြီ။ သူတို့ဆီက စာလေးတစ်စောင်နဲ့အတူ ပြည်နယ်အစိုးရဆီကို ခွင့်ပြုချက်တောင်းပြီး ဝါးလက်မှုပညာသင်တန်းပေးဖို့လုပ်ပါမယ်။ သူတို့က အဲဒီသင်တန်း လိုချင်ကြတာ။ အတတ်နိုင်ဆုံး အမြန်ဆုံးတော့ လုပ်ဆောင်ပေးသွားမှာပါ”ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နို်င်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းကိုးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျဟဲမှ ဖွင့်လှစ်ထားသည့် ဆေးဖြတ်စခန်းတွင် ဒေသတွင်းမှ မူးယစ်ဆေးဖြတ်လိုသူများ အနဖြေင့် သုံးလကြာ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဘတ်(၂၀၀၀)နှင့် ဆန်(၂)ပုံးကို စားစရိတ်အတွက် ပေးရပြီး စားစရိတ်ပေးရန် အခက်အခဲရှိသူများကို မဇ္ဇျိမလူမှုကူညီရေးအသင်းက ကူညီပေးနေကြောင်း သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းမှာ ရပ်ရွာအခြပြေုလုပ်ဆောင်နခြေင်းဖြစ်သော်လည်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒေသတွင်း ပြည်သူ့ဆေးရုံများမှလည်း ဆေးဖြတ်လူနာများအတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနေကြောင်း သိရသည်။
မိုင်းကိုးဆေးဖြတ်စခန်းတွင် ယာမခေါ် စိတ်ကြွရူးသွပ်ဆေးအသုံးပြုသူအများစုကို ဆေးဖြတ်ပေးနပြေီး ဘိန်းမဲနှင့် ဘိန်းဖြူစွဲသည့် လူနာများကို တာချီလိတ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များက ကူညီကုသပေးလျက် ရှိကြောင်း သိရသည်။
တာချီလိတ်ရှိ အဆိုပါ ဆေးဖြတ်စခန်းတွင် မူးယစ်ဆေးဖြတ်လိုသူများ အနဖြေင့် ဖုန်းနံပါတ် ဝ၉ ၅၂၄၁၃၄၂၊ ဝ၉ ၄၅၀၆၀၅၈၃၈ နှင့် ဝ၉ ၄၂၃၅၉၅၄၇၈ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~