ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းတွင် ဒီဇင်ဘာလ(၂၆)ရက်နေ့က ကလေးတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး ရေထဲကျသွားသည်ဟု ယူဆရသဖြင့် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က ရှာဖွေနေရာ ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ မတွေ့ရှိရသေးကြောင်း သိရသည်။
ပုံအညွှန်း - မယ်ဟုတ်ချောင်းအနေအထား နှင့် ချောင်းတစ်လျှောက် တွေ့ရှိရမှု အခြေအနေအား Drone ဖြင့် ရိုက်ကူးထားပုံ
ဓါတ်ပုံ - မြင့်သူ ( ရွှေပြည်ကျော် )
မယ်ဟုတ်ချောင်းတွင် ရေနစ်သည်ဟု ယူဆရသည့် အသက် (၉)နှစ်အရွယ် မိန်းကလေးနှင့် ရဲတပ်ကြပ် သန်းထွန်းဦးတို့အား တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် လူမှုရေးအသင်းအဖွဲ့များမှ ရှာဖွေပေးနေကြောင်း သိရသည်။
ဖြစ်စဉ်၏ (၅)ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည်ပိုင်း အချိန်အထိ တွေ့ရှိခြင်း မရှိသေးသည့်အတွက် ညနေပိုင်းတွင်လည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံအညွှန်း - မယ်ဟုတ်ချောင်းအနေအထား နှင့် ချောင်းတစ်လျှောက် တွေ့ရှိရမှု အခြေအနေအားီမသညန ဖြင့် ရိုက်ကူးထားပုံ
ဓာတ်ပုံ - မြင့်သူ ( ရွှပြေည်ကျော် )